ဦးပဇင်းဖုန်းချသွားသည်နှင့် ကျွန်တော် ငယ်စဉ်မှစပြီးဝယ်ယူဖတ်ရှုစုဆောင်းထား သော ဘာသာရေးဆိုင်ရာစာအုပ်ပုံကို ရှင်းလင်းပါသည်။ စာအုပ်ပုံထဲတွင်
အဖုံး ပင်မရှိတော့ဘဲစုတ်ပြဲနေသော ဆရာဦးတင် ဖေရေးသားသော မြင်းခြံမြို့ကျေးဇူးရှင် စွန်းလွန်းဂူကျောင်းဆရာတော်ဘုရားကြီး ၏ ထေရုပ္ပတ်္တိစာအုပ်ကိုသတိထားမိလိုက် ပါသည်။ ၁၃၁၇ ခု တပေါင်းလ၊လွန်ခဲ့သော နှစ် (၆၀) ခန့်က ထုတ်ဝေခဲ့သော စာအုပ် ဖြစ်သော်လည်း ယနေ့ခေတ်နှင့် ဆိုင်သော အခြေအနေတစ်ခုပါရှိသည်ကို သတိရ ပြီးပြန်လည်ဖတ်ရှုကြည့်ပါသည်။
ဆရာတော်ဘုရားကြီးသည်ငယ်စဉ်ကရွာဘုန်းကြီးကျောင်းတွင် စာပေသင် ကြားခဲ့သော်လည်း ဉာဏ်ထိုင်းသဖြင့် စာကောင်းစွာမတတ်၊ ၁၅ နှစ်အရွယ်တွင် မြင်းခြံအရေးပိုင်ရုံးတွင် ရုံးအကူမင်းစေ အဖြစ်အမှုထမ်းသည်။ ဒေါ်ရွှေရီနှင့် အိမ် ထောင်ကျပြီးသားသမီးငါးဦးထွန်းကားခဲ့သည်။ အသက် ၃၀ အရွယ်တွင် မိဘလက်ငုတ်တောင်ယာလုပ်သည်။ ၁၂၈၁ ခုနှစ်တွင် တစ်ရွာတည်းနေဦးစံတင်၏ ညွန်ပြမှုဖြင့် နှာသီးဝတွင် ၀င်သက်၊ ထွက် သက်ထိသည်ကို “သိ” လိုက်ရင်းမှ ပုဂ်္ဂိုလ်ထူးဖြစ်လာသူဖြစ်သည်။
၁၂၈၂ ခုနှစ် ၀ါဆိုလပြည့်ကျော် (၁၃) ရက်နေ့တွင် ပထမအကြိမ်တရား ထူးကိုရသည်။ ၁၂၈၂ ခုနှစ် ၀ါခေါင်လ ပြည့်ကျော် ၁၃ ရက်နေ့တွင် ဒုတိယအကြိမ် တရားထူးကိုရသည်။ ၁၂၈၂ ခုနှစ် တော်သလင်းလပြည့်ကျော် ၁၃ ရက်နေ့ တွင် တတိယအကြိမ်တရားထူးကိုရသည်။
ဆရာတော်သည်စာပေကောင်းစွာမတတ် သဖြင့် တွေ့ကြုံရသမျှကို ပွင့်ပွင့်လင်းလင်း ပြောပြသည်။ ဆရာဦးတင်ဖေမှ ဆရာ တော်ပြောသမျှပြန်လည်ရေးသားခြင်းဖြစ် ပါသည်။
၁၂၈၂ ခုနှစ် သီတင်းကျွတ်လပြည့် ကျော် ၁၃ ရက် အင်္ဂါနေ့ ည ၁၀ နာရီ အချိန်ခန့်တွင် ငွေစောင်းတန်းကြီးတစ်ခု ကို မြင်လာပြီး ၀ီဝီ၊ ၀ီဝီဟုမြည်လျက်ရ ထားပျံတစ်စင်းအလွန်အရှိန်ပြင်းစွာနှင့် မိမိ ထံသို့တည့်တည့်ကြီးလာနေသည်ကိုတွေ့ သော်လည်း ဂရုမစိုက်ပဲတရားကိုသာ အားထုတ်မြဲအားထုတ်နေစဉ်၊ ခန္တာကိုယ် ကြီးသည်ပေါ့လာ၍ အထက်သို့မြောက် ပြီးလျှင် ငြိမ့်ကနဲဖြစ်၍ ရထားက မိမိ အောက်သို့ရောက်ရှိနေရာ၊ ဘေးကိုကြည့်လိုက်သောအခါ၊ ထောင့်လေးထောင့်တွင် နတ်ကြီးလေးပါးကိုလည်းကောင်း၊ လင်္ကျာဘက်တွင်သိကြားမင်းကိုလည်းကောင်း၊ မြင်ရပြန်သဖြင့်စိတ်ထဲမှာ တရားထူးရ တော့မည့်အတွက်လာရောက်စောင့်ရှောက် သည်ဟုထင်ပြီး ဣရိယာပုတ်ကိုမပြင်ဘဲ တရားအားထုတ်မြဲအားထုတ်ရာစတုတ္ထ အကြိမ်တရားထူးကိုတွေ့ရလေသည်။
ရှင်က၀ိသည်ကိစ္စပြီးသည်နှင့် သတိ ရ၍ကြည့်လိုက်သောအခါ၊ သိကြားမင်း၊ နတ်မင်းကြီးလေးပါးနှင့် တကွရထားပျံပါ ကွယ်ပျောက်သွားသည်။ စတုတ္ထမဂ်ကို ရပြီးနောက် အထက်ဘ၀ဂ်အောက်အ၀ိစိ တိုင်အောင်၊ ဟင်းလင်းဖြစ်ပြီး အကုန်မြင် ရသည်။ သိကြားမင်းနှင့် နတ်ကြီးလေးပါး နတ်ပြည်ပြန်သွားပြီး “လူပြည်မှာရဟန္တာ တစ်ပါးပေါ်ထွန်းနေပြီသွားဖူးကြ”ဟု တခဲနက်ကြွေးကြော်နေတာမြင်ရလေ သည်။
ရှင်က၀ိအားထိုအချိန်က နာမည်ကြီး ဆရာတော်ကြီးများဖြစ်သော မီတ်္ထိလာ ရေလယ်ကျောင်းဆရာတော်၊ ညောင်လွန့် ဆရာတော်၊ ဖက်ပင်အိုင်ဆရာတော်ကြီး များသာမကနိုင်ငံတော်ဝန်ကြီးချုပ်ဦးနု လည်းခေါ်ယူပင့်ဆောင်ပြီးသိလိုသည်များ ကို မေးမြန်းခဲ့ပါသည်။ ဆရာတော်ကြီး မြန်မာပြည်အနှံ့ပင့်ဖိတ်သောဒေသသို့ လှည့်လည်တရားဟောကြားပြီး ၁၃၁၄ ခု ကဆုန်လပြည့်ကျော် ၃ ရက်နေ့တွင် ပရိနိဗ္ဗာန်ပြုတော်မူလေသည်။ ရုပ်ကလာပ် သည် ယနေ့တိုင်မည်သို့မျှချို့ယွင်းခြင်းမရှိ ပကတိအတိုင်းချိုသင်းသောအနံ့တော်ဖြင့် ကြည်ညိုဖွယ်ရာဝိသေသထူးကိုဆောင် လျက်ရှိပါသည်။
ဆရာတော်ကြီး၏ ဘ၀ဖြစ်စဉ်အကျဉ်း မျှထုတ်နုတ်ရေးသားရခြင်းမှာ ပုဂ်္ဂိုလ်ခင် မှတရားမင်ပါသည်။ ဆရာတော်ဘုရား ကြီးအားကြည်ညိုသဒ္ဒါပွားနိုင်ရန်ဖြစ်ပါ သည်။
သထုံမြို့ “နေမိန္ဒရ” တောင်တွင် သိမ်သမုတ်၍သာသနာတည်ထောင်လို သော ဒကာ၊ ဒကာမ အပေါင်းတို့သည်၊ အကျင့်သိက္ခာနှင့် ပြည့်စုံသည့်ဆရာတော် ကြီးတစ်ပါးကိုပင့်ဆောင်၍ဆောင်ရွက်ကြ သည်။ သိမ်နယ်နမိတ်ကျောက်တိုင်များ နှင့် သစ်ဝါးများကို စုဆောင်း၍ တောင် အောက်မှတောင်ပေါ်သို့တင်ပို့ကြသည်။ နောင်တစ်နေ့မနက်တွင် ကျောက်တိုင် များနှင့် သစ်ဝါးများတောင်အောက်သို့ အလိုအလျှောက်ပြန်ရောက်နေသည်ကို တအံ့တသြတွေ့ကြလေသည်။ ဆရာတော် ကြီးမှ စိုးရိမ်စရာမရှိကြောင်း အားပေး စကားပြောကြားလျက်တောင်ပေါ်သို့ပြန် စေပြီး လူအချို့ကိုပါစောင့်အိပ်စေသည်။ နောက်တစ်နေ့မနက်တွင် ပစ္စည်းများနှင့် စောင့်အိပ်သူများပါယမန်နေ့ကအတိုင်း တောင်အောက်သို့ပြန်ရောက်နေသည်ကို တွေ့ရပြီး တောင်အနီးသို့ကပ်ဝံ့သူမရှိတော့ ပါ။
ဦးစီးနာယကဆရာတော်ကြီး အလျော့မပေးပဲဆက်လက်ကြိုးစားသော် လည်း တောင်အစောင့်များ၏ဖျက်ဆီး နှောက်ယှက်ချောက်လှန့်မှုတို့ကြောင့် ဆရာ တော်မူရင်းနေရပ်သို့ကမန်းကတန်းနှင့် ပြန်ကြွရာလမ်းခုလပ်၌ပင်ပျံလွန်တော်မူ သွားလေသည်။
နောက်များမကြာမီသထုံသို့ရောက် လာသောရသေ့ကြီးဦးခန်္တိအားပြောသည့် အခါညောင်လွန့်ဆရာတော်ကြီးအားသွား ရောက်လျောက်ထားပင့်ဆောင်ရန်ပြော ကြားလေသည်။
ညောင်လွန့်ဆရာတော်ကြီးအား လျောက်ထားချိန်တွင် ဆရာတော်မှ စွန်း လွန်းဆရာတော်ကြီးအား လက်ခံရမည် လားဟုမေးသည်။ စွန်းလွန်ဆရာတော်ကြီး မှ “လက်ခံတောင်မူပါ”ဟု လျောက်ထား မှ လက်ခံလိုက်ပါသည်။
၁၂၈၄ ခုနှစ်တပေါင်းလတွင် သထုံ သို့ဆရာတော် (၇) ပါး ရောက်ရောက်ရှိ ပါသည်။ ရောက်သည်ညမှာပင်စွန်းလွန်း ဆရာတော်ကြီးသည်ယူဆောင်လာသော ကြက်လျှာတိုင်များတောင်အနှံ့စိုက်ထူလိုက် သည်။ အမွှေးတိုင်ဖယောင်းတိုင်များကို တတောင်လုံးလင်းထိန်နေအောင်မီးထွန်း တော်မူ၍
“တောင်စောင့်နတ်အပေါင်းတို့၊ အသင်တို့ကိုငါကဖယောင်းတိုင်ကြက်လျှာ တိုင်များပေးတယ်၊ အသင်တို့ကြည်ညို သော ဘုရားကို ပူဇော်ကန်တော့ကြ၊ အသင်တို့အတွက်ငါကပေးတယ်”ဟုဆို လျက်၊ တနင်္ဂနွေထောင့်မှ ရပ်တော်မူပြီး ပရိကံပြုခါတရားနှလုံးဆင်ခြင်လျက်မေတ္တာ ကမ္မဋ္ဌာန်းစီးဖြန်းတော်မူလေသည်။
ဆရာတော်သည်ဆက်လက်ပြီး တရားဒေသနာများကို ဟောကြားဆုံး မတော်မူရာ၊ ပုဂ်္ဂိုလ်အမျိုးမျိုးတို့လာ ရောက်ဖူးမျှော်ကန်တော့ကြလေသည်။ နောက်ဆုံး၌ မင်းမြောက်တန်ဆာငါးပါး ကိုဆင်ယင်လျက်လာရောက်ကန်တော့ရာ၊ ဦးက၀ိဆရာတော်မှ “မနုဟာမင်း” ဟုသိ လိုက်ပြီး
“အသင်နတ်မင်း ဤတောင်တွင်ထူပါ ရုံစေတီတော်ရှိတယ်၊ ဓာတ်တော်များလည်း ထိန်းဝပ်တော်မူတယ်၊ လူအများဖြတ်သန်း သွားလာခြင်းအားဖြင့် အပြစ်အန္တရာယ် ရှိကြတယ်၊ ဒါကြောင့် ဒီတောင်မှာ ငါတို့ သာသနာပြုမယ်၊ သင်တို့ခေတ္တခဏဖယ် ပေးပါ၊ ငါတို့သိမ်သမုတ်ပြီးတဲ့အခါသင် တို့ပဲ ပြန်စောင့်ရှောက်ကြပါ၊ အသင်အလို ရှိသောနေရာကိုပြပါ၊ အသင့်အိမ်တော် လည်း မဖျက်ဆီးပါဘူး။ အသင့်အတွက် အိမ်တော် (နတ်ကွန်း) ဆောက်လုပ်ပေး ဦးမယ်”ဟု ပြောဆိုလိုက်ပြီး တနင်္ဂနွေ ထောင်ရှိသစ်ပင်ကြီးအောက်၌ နတ်ကွန်း ဆောက်ပေးပါသည်။
စွန်းလွန်းဆရာတော်ကြီးဆောင်ရွက် မှုများကို အချို့သံဃာများက ဦးက၀ိသည် လောဂီအလုပ်တွေလုပ်နေသည်ဟုကဲ့ရဲ့ ကြသည်။ ညောင်လွန့်ဆရာတော်ကြီးအား လျှောက်ကြသည်။ ဦးက၀ိဆရာတော်မှ ညောင်လွန့်ဆရာတော်ကြီးအားပြန်လည် လျောက်ထားသည်မှာ-
“ဥပမာဆရာတော်ဘုရားကျောင်း ပရ၀ုဏ်ကိုအစိုးရကအာဏာနှင့် အတင်း သိမ်းပြီးလာနှင်လျှင်အားမတန်လို့မာန်ကို လျော့ရပေမယ့်ဆရာတော်ကျေနပ်ပါ့မလား ဘုရား”ဟု မေးမြန်းရာ၊ ဆရာတော်မှ “ဘယ်ကျေနပ်နိုင်မတုန်းဦးက၀ိရဲ့” “ကဲ အရှင်ဘုရားတို့ ဒီနေရာကတခြားနေရာ ကို ခဏကြွနေပါဦးဘုရား၊ တပည့်တော် တို့ဒီနေရာမှာ အရေးကြီးတဲ့ အကြောင်း တစ်ခုရှိလို့ဆောင်ရွက်ပါရစေ၊ ကိစ္စပြီးတော့ အရှင်ဘုရားတို့နေရာအရှင်ဘုရားတို့ပဲ သီတင်းသုံးတာပေါ့လို့လျောက်လျင် ကော ကျေနပ်မည်မဟုတ်ပါလားဘုရား” ဟု လျှောက်ထားရာ၊ ညောင်လွန့်ဆရာတော် ကြီးမှ “ဒီလိုဆိုရင်တော့ကျေနပ်တာပေါ့” ဟု အမိန့်ရှိပါသည်။
ယခင်က အကြီးအကျယ်နှောက်ယှက် ဖျက်ဆီးခဲ့ဖူး၍ မြို့သူမြို့သားများ စိုးရိမ် စွာဖြင့် စောင့်ကြည့်နေကြသည်။ ဆရာ တော်ကြီးများအောင်မြင်စွာဆောင်ရွက် နိုင်ခဲ့ကြပါသည်။
စာအုပ်စာပေလူ့မိတ်ဆွေ၊ အလိမ္မာ စာမှာရှိဆိုသည်မှာ စာဖတ်သူပေါ်တွင် လည်း မူတည်ပါသည်။ မိမိဖတ်သည် စာအုပ်ထဲမှ ပယ်သင့်သည်များပယ်ရ ပါမည်၊ မှတ်သားသင့်သည်များ မှတ်သား ရန်လိုပါသည်။ ရှေးလူကြီးသူမများဆောင် ရွက်ခဲ့သည်များကို နမူနာယူပြီးလိုက်နာ သင့်ပါသည်။
အိမ်ထောင်ဦးစီးမိဘက အိမ်ကိုပိုင် သည်။ မိဘလုပ်သူက သားသမီးကိုအိမ် ပေါ်မှ နှင်ချလိုက်လျှင်အခြေမဲ့၊ အနေမဲ့ ဘ၀ဖြင့် ဆင်းသွားရမည်ဖြစ်ပါသည်။ အိုး သစ်အိမ်သစ်၊ အလုပ်အကိုင်စီစဉ်ပေးပြီး မှ ဆင်းခိုင်းလျှင်သားသမီးလည်းအခြေ အနေမပျက်၊ မိဘလည်းစိတ်ချမ်းသာရပါ မည်။
နိုင်ငံတော်သည် နိုင်ငံအတွင်းမှ မြေကိုလည်းပိုင်သည်၊ ရေပိုင်နက် လေပိုင် နက်မှလေ၊ ရေကိုလည်းပိုင်ပါသည်။ ရေ မြေတောတောင်များ၊ ရွှေတောင်၊ ငွေ တောင်၊ ကြေးစင်တောင်၊ ပတ္တမြားတောင်၊ ကျောက်စိမ်းတောင်များကိုလည်းပိုင်ဆိုင် ပါသည်။ အဆိုပါဒေသတစ်စိုက်နေထိုင် လုပ်ကိုင်စားသောက်နေသူများသည် နိုင်ငံ တော်အကျိုးအတွက်ဆောင်ရွက်မည့်ကိစ္စ များကို လက်မခံနိုင်စရာအကြောင်းမရှိပါ၊ မိဘဖြစ်သူမှ သားသမီးများအတွက်ပြန် ကြည့်ဖို့တော့လိုပါသည်။
ပြည်သူများထဲတွင် မနုဟာမင်းကဲ့သို့ တန်ခိုးကြီးသောနတ်ဘီလူးကြီးများမရှိသော် လည်း အတို့အထောင်များရှိတတ်ပါသည်။ ပြည်သူများမှာ ထားရာနေ စေရာသွားရ သူများဖြစ်ပါသည်။ မြင်းခြံစွန်းလွန့်ဂူကျောင်း ဆရာတော်ကြီးဦးက၀ိဆောင်ရွက်သည်ကို နမူနာယူသင့်ပါသည်။
မြန်မာနိုင်ငံသို့လာရောက်ရင်းနှီးမြှုပ် နှံကြသူများသည်နိုင်ငံကြီးသားများဖြစ်ပါ သည်။ သူတို့နိုင်ငံတွင် နယ်မြေလူထု ကျန်းမာရေးထိခိုက်စေမည့်အနံ့အသက် ဆိုးများ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်စေ မည့်လုပ်ရပ်များလုပ်ကိုင်ခွင့်မရှိပါ။ ကျွန်တော်တို့နိုင်ငံတွင် လာရောက်လုပ် ကိုင်နေခြင်းမှာ ဖြည်သူကိုသာမက၊ နိုင်ငံ တော်ကိုပါ စော်ကားခြင်းဖြစ်ပါသည်။
တာဝန်ရှိသူများစာအုပ်စာပေမဖတ် ၍ မသိလျှင်လည်း၊ အသက်အရွယ်အရ အကောင်းအဆိုးခွဲခြားနိုင်သူများဖြစ်၍ ပြည်သူတို့မှ တာဝန်ပေးအပ်ထားသူများ ဖြစ်ပါသည်။ စားပွဲအောက်ကိုသာ ကြည့်ပြီးမဆောင်ရွက်ပဲ၊ နိုင်ငံတော်အတွက်၊ ပြည်သူအတွက်ပါကြည့်ဖို့လိုအပ်ပါသည်။ မိဘဖြစ်သော အစိုးရမင်းများမှလည်း သားသမီးနှင့် တူသောပြည်သူများအရေး ကို လျစ်လျူရှုထားမည်မဟုတ်ပါကြောင်း ရေးသားလိုက်ရပါသည်။
အောင်မြင်သူ
Hot News
No comments:
Post a Comment