တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ရမှတ်ကောင်းကောင်းရရှိပြီး နာမည်ကြီးတက္ကသိုလ်သို့
မရရှိသူများ ပြည်ပတက္ကသိုလ်များတွင် သွားရောက်သင်ယူရန် စိတ်ဝင်စားမှုများလျက်ရှိသည်ဟု
ပြည်ပ ပညာရေးနှင့် ပတ်သက်သည့် လုပ်ငန်းများ လုပ်ကိုင်နေသူများက ပြောကြားသည်။
ပြည်တွင်းတက္ကသိုလ်များတွင် ကျောင်းသားများ အရည်အသွေး မြင့်မားစေရန်အတွက်
ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လျက် ရှိသည့်အတွက် ယခုနှစ်တက္ကသိုလ်ဝင်
စာမေးပွဲအောင်မြင်သူများ ပြည်တွင်းတက္ကသိုလ်များကို စိတ်ဝင်စားမှု
များပြားလျက်ရှိသည်။ “ပြည်တွင်းမှာရှိတဲ့ တက္ကသိုလ်တွေမှာ ပြောင်းလဲမှုတွေ
ပြုလုပ်လိုက်တော့
ပြည်တွင်းနာမည်ကြီး တက္ကသိုလ်တွေကို စိတ်ဝင်စားတဲ့သူတွေ များလာတယ်။
ပြည်ပပညာရေးကို စိတ်ဝင်စားတဲ့သူတွေလည်း ရှိနေတုန်းပါပဲ။ သူ့လမ်းကြောင်းနဲ့ သူပါ။
အမှတ်မြင့်ပြီး နာမည်ကြီးတက္ကသိုလ်တွေမှာ ၀င်ခွင့်မရတဲ့သူတွေက အခုနောက်ပိုင်း
ပြည်ပတက္ကသိုလ်တွေမှာ သွားတက်ဖို့ မေးလာတာတွေရှိပါတယ်။ အင်ဂျင်နီယာ ဘာသာရပ်တွေကို
တက်ဖို့ပိုပြီးတော့ စိတ်ဝင် စားကြပါတယ်” ဟု CROWN Education
မှကိုအောင်ကျော်ဆန်းကပြောသည်။ ပြည်ပသို့ သွားရောက်ပညာသင်ကြားလိုသူများသည်
ယခုနောက်ပိုင်း အမေရိကန်၊ အင်္ဂလန် အစရှိသည့် အနောက်နိုင်ငံများတွင်
သွားရောက်သင်ကြားရန် စိတ်ဝင်စားလာကြသော်လည်း အမေးအများဆုံးမှာ
စင်ကာပူနိုင်ငံသာဖြစ်သည်ဟု သိရသည်။ “အချို့ကျတော့ အများကြီး မျှော်လင့်ထားကြတယ်။
ရမှတ်တွေလည်း ကောင်းတယ်။ ဒါပေမဲ့ မမျှော်လင့်ဘဲ ပြုတ်ကျသွားတော့ ပြည်ပ
ပညာရေးအတိုင်ပင်ခံတွေဆီကို မေးတာများလာတယ်။ ကိုယ်က အင်ဂျင်နီယာဖြစ်ချင်ပြီး
မှန်းထားသလို ဖြစ်မလာတော့ ပြည်ပတက္ကသိုလ်တွေမှာ ကိုယ်တက်ချင်တဲ့ဘာသာရပ်ကို
သွားတက်လို့ရအောင် မေးလာတာတွေ များလာတယ်။ များသောအားဖြင့် စင်ကာပူမှာသွားတက်ဖို့
ပိုပြီးအမေးများတယ်” ဟု Smart Resources Worldwide Education မှ
မဝေမွန်လေးမြင့်ကပြောသည်။ ယခုနှစ်တွင် ပြည်တွင်းပညာရေးစနစ်များ
ပြုပြင်ပြောင်းလဲမှုများစွာ ပြုလုပ်လာသဖြင့် ပြည်တွင်းတွင်သာ ပညာသင်ကြားရန်
စိတ်ဝင်စားသူ များလာသော်လည်း နာမည်ကြီးတက္ကသိုလ်များ၏ ၀င်ခွင့်အမှတ်မြင့်မားခြင်း၊
သင်တန်းသားခေါ်ယူမှု အရေအတွက် နည်းပါးခြင်းနှင့် ပြည်ပတွင်သာ ပညာသင်ကြားရန်
ရည်ရွယ်ထားသူများ ရှိခြင်းတို့ကြောင့် ပြည်ပသို့ သွားရောက်သင်ကြားလိုသည့်
ကျောင်းသားအရေအတွက် ယခုနှစ်တွင် ကျဆင်းခြင်းမရှိဟု သိရသည်။
ရေးသားသူ
-ကိုဟိန်း
Internet Journal
No comments:
Post a Comment