ရထားလမ်းချော် တိမ်းမှောက်မှုကြောင့် ဓာတ်ဆီ(gasoline)တွဲသုံးတွဲ တိမ်းမှောက်ခဲ့ကာ ယိုဖိတ်ကျသော ဓာတ်ဆီများအား ချပ်ကြီးရွာအနီး တစ်ဝိုက်ရှိ ဒေသခံဦးရေတစ်ရာကျော် ခန့်မှ ခပ်ယူခဲ့ပြီး တစ်နာရီကျော်ခန့် အကြာ၌
မီးလောင်ပေါက်ကွဲမှု ပြင်းထန်စွာဖြစ်ပွားခဲ့ရာမှ အမျိုးသား၁၆ ဦး၊ အမျိုးသမီးခုနစ်ဦးနှင့် ခွဲခြားမရတော့ သူနှစ်ဦးခန့်လောင်ကျွမ်း သေဆုံးခဲ့ကာ လူဦးရေ ၈၅ ဦးခန့်ဒဏ် ရာရခဲ့ကြောင်း မီးရထားဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်၊၊
မိုင်တိုင်အမှတ်(၅၁၁၊၈-၁၃)၌ တွဲ(၁၃)တွဲပါသော အထူးဆီရထားတွင် ပါဝင်သော ဆီတွဲ(၁၀)တွဲအနက်တစ် တွဲလျှင် ဆီဂါလန်၆၈၀၀ခန့်ပါသော ဆီသုံးတွဲမှာ လမ်းချော်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရကာ နံနက်၁၀ နာရီခန့်တွင် မီးလောင်ပေါက်ကွဲမှုဖြစ် ခဲ့ပြီး ရွှေဘို၊ ကန့်ဘလူ၊ ကောလင်း၊ ကျွန်းလှ၊ ချပ်သင်းမြို့နယ်များမှ မီး သတ်ကားခုနစ်စီး လာရောက်ငြှိမ်းသတ်ပြီးနောက် မွန်းလွဲ၂နာရီကျော်ခန့် တွင် မီးငြိမ်းခဲ့ကြောင်းလည်း သိရသည်၊၊
၉ နာရီဝန်းကျင်လောက်မှာ လမ်းချော်ပြီး ရထားတိမ်းမှောက်တယ်၊ အဲဒီမှာ ဒေသခံတွေလာပြီး လယ်ကွင်းတွေထဲမှာ ယိုကျလာတဲ့ ဓာတ်ဆီကို သံပုံးတွေ၊ ပလတ်စတစ်ပုံးတွေနဲ့လာပြီး ခပ်ယူကြတယ်၊ နောက်တစ်နာရီလောက် အကြာမှာ ပေါက်ကွဲမှုဖြစ်တယ်၊ မီးတောက်က ထန်းပင်အမြင့် လောက်ရှိမယ်၊ မီးလောင်လို့ ဆုံးတဲ့သူက နေရာမှာတင် ၂၅ ယောက်ရှိတယ် . . . |
မီးလောင်ပေါက်ကွဲမှုဖြစ်ပွားပြီး နောက် သက်ဆိုင်ရာဌာန အသီးသီးမှတာဝန်ရှိသူများ လာရောက်ခဲ့ကြပြီး ဇလီဖာတုံး ၁၅၀ ခန့်အား စစ်ဆေးလျက်ရှိကြောင်း သိရသည်။ ကန့်ဘလူဆေးရုံ တွင်ဒဏ်ရာရရှိသူ အများစုတက်ရောက် ကုသမှုခံယူလျက်ရှိကာ မန္တလေး၊ ရွှေ ဘို၊ မုံရွာနှင့် စစ်ကိုင်းနယ်များမှ ဆရာဝန်များလာရောက် ကူညီကုသပေးလျက် ရှိကြောင်း သိရသည်။ လူနာများပြား မှုကြောင့် ဆေးပြတ်လပ်မှု ဖြစ်ပွားနိုင်သဖြင့် ရွှေဘိုမှ ဆေးကျပ်၁၀သိန်းဖိုး ခန့်၊ ရွှေဘိုခရိုင် အုပ်ချုပ်ရေးမှူးမှ ကျပ်ငွေ တစ်သိန်းခန့်၊ ခင်ဦးမှ ကျပ် ငွေသုံးသိန်းခန့်၊ တန့်ဆည်မှ၁၀သိန်း ခန့်ကူညီထောက်ပံ့ခဲ့ပြီး ဆေးဝါးနှင့် ငွေကြေး အထောက်အပံ့များ ကူညီစောင့်ရှောက်ရန် လိုအပ်မှုရှိကြောင်းလည်း သိရသည်။
ရထားတိမ်းမှောက်မှုကြောင့် မီးရထားလမ်းအား ယာယီပိတ်ဆို့ခဲ့ရပြီး ကောလင်းမြို့မှ ကရိန်းဖြင့်အမှတ်(၁) လမ်းတွင် ခံ၍ အမှတ်(၂)လမ်းဖြင့် တွဲများ ရှင်းလင်းခဲ့ကာ ညပိုင်း(၁၀း၅၀)နာ ရီအချိန်၌ ရထားလမ်း ပြန်လည်ဖွင့်နိုင်ခဲ့ကြောင်း သိရသည်၊၊ ဖြစ်စဉ်အား သက်ဆိုင်ရာဌာနမှ မီးရထားနည်းဥပဒေများ အရဆက်လက်အရေးယူသွားရန် စုံစမ်းစစ်ဆေးဆဲ ဖြစ်ကြောင်း သတင်းရရှိသည်၊၊
Eleven Media Group
No comments:
Post a Comment