Wednesday, November 14, 2012

အချိန်အခါမဟုတ် မိုးထစ်ချုန်း ရွာသွန်းမှုများ ဖြစ်ပေါ်နိုင်ကြောင်း ထုတ်ပြန်

အချိန်အခါမဟုတ် မိုးထစ်ချုန်း ရွာသွန်းမှုများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန် ထားပါသည်။ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ မွန်းတည့်မှ နောက် ၇၂ နာရီ (နိုဝင်ဘာလ ၁၆ ရက်နေ့ဝန်းကျင်) အတွင်း မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်း၊ ရခိုင်၊ ကယားနှင့် ကရင်ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်း ရွာသွန်းနိုင်ကြောင်း၊ မြန်မာကမ်းရိုးတန်း ဒေသနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်
တစ်ခါတစ်ရံ မိုးသက်လေပြင်းများ တိုက်ခတ်ကာ ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။
“အရှေ့ဘက်က ရွေ့လျားလာတဲ့ လေပွေလှိုင်းတွေရဲ့ အရှိန်ကြောင့် ဒီလိုထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ စပါးရိတ်သိမ်းချိန်လည်း ဖြစ်တာကြောင့် တောင်သူတွေအနေနဲ့လည်း သတိပြုစေချင်ပါတယ်” ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment