Monday, November 12, 2012

၂၀၁၃ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံးယာဉ်အစီးရေ(၂၀၀)မှ (၄၀၀)ခန့်အထိ တိုးချဲ့ပြေးဆွဲမည်ဟုဆို

ဘက်စုံမြင်ကွင်းကုမ္ပဏီလီမီ တက်၏စီစဉ်မှုဖြင့် မေတ္တာရေလှိုင်း  မော်တော်ယာဉ်အသင်းဖွင့်ပွဲအခမ်း အနားကို ယနေ့ နံနက် ၈း၀၀ တွင်  ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ မြရိပ်ညိုဟိုတယ်ရှေ့၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးလမ်းပန်း ဆက်သွယ်ရေးဝန်ကြီးဦးအောင်ခင်၊  ကုမ္ပဏီလီမိတက်ဒါရိုက်တာဦးကျော် မြင့်၊ တိုင်းဒေသကြီးစီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဦးသန်းမြင့်တို့က  မော်တော်ယာဉ်အသင်းအား
ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ၎င်း နောက်တိုင်းဒေသကြီးဝန်ကြီးများ နှင့် မော်တော်ယာဉ်လုပ်ငန်းပေါင်း  စုံထိန်းသိမ်းရေးဗဟိုကော်မတီ ဥက္ကဋ္ဌဦးလှအောင်၊ မော်တော် ယာဉ်အသင်းဥက္ကဋ္ဌ ဦးထွန်းတောက် ၀င်းတို့က မော်တော်ယာဉ်များ အား အောင်သပြေပန်းများဖြင့် ပက်ဖြန်းပေးသည်။
ထို့နောက် ဖွင့်ပွဲအခမ်းအနား  ဒုတိယပိုင်းကို ဟိုတယ်ဧည့်ခန်းမ ဆောင်၌ ဆက်လက်ကျင်းပရာ ကုမ္ပဏီမန်နေးဂျင်းဒါရိုက်တာ ဦးကျော်သီဟကမေတ္တာလှိုင်းမော် တော်ယာဉ်အသင်းဖွဲ့စည်းတည် ထောင်ရခြင်း ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များအားလည်းကောင်း၊  ဒါရိုက်တာဦးသောင်းမြင့်က ကမ္ဘောဇဘဏ်နှင့် ချိတ်ဆက်၍ (Hire Purchase) အရစ်ကျရောင်း ချမှုပုံစံအားလည်းကောင်း၊ တိုင်း ဒေသကြီးလမ်းပန်းဆက်သွယ်ရေး   ၀န်ကြီးဦးအောင်ခင်ကလည်းကောင်း  အသီးသီရှင်းလင်းအမှာစကား ပြောကြားသည်။
အဆိုပါ မော်တော်ယာဉ် လိုင်းပြေးဆွဲမည့်မော်တော်ယာဉ် များအား ဘက်စုံမြင်ကွင်းကုမ္ပဏီ  အနေဖြင့် ကမ္ဘောဇဘဏ်နှင့် ချိတ်ဆက်ကာ Korea နိုင်ငံထုတ်  Hyundi Aero City မော်တော် ယာဉ်များကို မူလယာဉ်အို၊ ယာဉ်ဟောင်းပိုင်ရှင်များ လက်ဝယ် ပိုင်ဆိုင်မှုရရှိအောင် ဆောင်ရွက် ပေးခဲ့သည်။ မေတ္တာလှိုင်း (၁) လိုင်းအား စိတ်ကျန်းမာရေးဆေး ရုံမှ ယုဇနပလာဇာအနီးတော်ဝင်  ပလာဇာအထိလည်းကောင်း၊ မေတ္တာလှိုင်း (၂) ကို အရှေ့ဒဂုံ မြို့နယ် ကျောက်လမ်းဆုံမှကျုံးကြီး  အထိလည်းကောင်းမေတ္တာလှိုင်း (၃)ကိုတောင်ဒဂုံမြို့နယ်ကျောက် လမ်းဆုံမှကျုံးကြီးအထိလည်းကောင်း၊ မေတ္တာလှိုင် (၄) ကို လှိုင်သာယာ မြို့နယ် (တူးချောင်း)မှ သာကေတ  မြို့နယ် သာကေတအ၀ိုင်းအထိ လည်းကောင်း၊ မေတ္တာလှိုင်း (၅) ကို တောင်ဒဂုံမြို့နယ်ကျောက် လမ်းဆုံမှာ ဒဂုံဧရာအဝေးပြေး အထိလည်းကောင်းပြေးဆွဲပေးသွား ရန်စီစဉ်ထားရှိကြောင်း။ ၂၀၁၃ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး တစ်ခုလုံးအတွင်း ယာဉ်အစီးအရေ  (၂၀၀) မှ (၄၀၀)ခန့်အထိ တိုးချဲ့  ပြေးဆွဲသွားရန်နှင့် ခရီးသွားပြည် သူများ၏ စိတ်ချမ်းသာမှု၊ လုံခြုံ စိတ်ချရမှု၊ အဆင်ပြေချောမွေ့မှု ကို အများဆုံးဖြည့်ဆည်းပေးနိုင် အောင်စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ မန်နေဂျင်းဒါရိုက်တာ  ဦးကျော်သီဟက ရှင်းလင်းပြော ကြားခဲ့ကြောင်း သတင်းရရှိသည်။

ရွှေထူး
Hot News

No comments:

Post a Comment