Tuesday, November 13, 2012

ဒုက္ခသည်စခန်းသို့ ထောက်ပံ့ရေးပစ္စည်းများ လှူဒါန်း

မြောက်ဦးမြို့အလိုတော်ပြည့်ကျောင်းတိုက်အတွင်းရှိ ဒုက္ခသည်စခန်းသို့ မန္တလေး မြို့မစိုးရိမ်တိုက်သစ် ဓမ္မသဟာရကျောင်း ဆရာတော် ဦးဝီရသူ မှ ပဲ ၂၄၀ ပိသာ၊ငါးခြောက် ၈၃ ပိသာ၊ အာလူး ၁၂၀ ပိသာ၊ ကြက်သွန်နီ ၅၀ ပိသာ၊ ကြက်သွန်ဖြူ ၂၅ပိသာ၊ ကြာဇံ ၅၀ ပိသာ၊ ခေါက်ဆွဲ ၁၃၂ ပါကင်၊ ဘေထုပ်အကြီး ၂၀ ထုပ်၊ဘေထုပ်အသေး ၆၁ထုပ်၊စက္ကူဖြင့်ထုပ်ထားသော အ၀တ်အထည်ပုံး ၅ ပုံး၊ဆေးဝါးပစ္စည်း ၂ ပုံး ၊ အိုးခွက်ပန်းကန်  ၃၁စုံ၊ တို့အား လှူဒါန်းခဲ့ရာမြောက်ဦးမြို့ အလိုတော်ပြည့်ဆရာတော် ဦးတေဇသာရမှ လက်ခံရယူပြီး ၊မြောက်ဦးမြို့ ဦးခေါင်းဆရာတော် ဦးဝဏသာရမှ သြ၀ါဒစကားချီးမြှင့်ကာလှူဒါန်းသော ပစ္စည်းများကိုလက်ခံရယူ
သာဓုအနုမောဒနာခေါ်ဆိုခဲ့ကြကြောင်းသတင်းရရှိသည်။
ယခုအခါ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများချုပ်ငြိမ်းကာ တည်ငြိမ်အေးချမ်းမှု ရှိ နေပြီဟု ဆိုနိုင်သော်လည်း ဒုက္ခသည်စခန်းများ အတွက်မှူ သောက်သုံးရေ အ၀တ်အထည် ပစ္စည်းအစားအသောက် ရိက္ခာများ အလွန်လိုအပ်လျှက်ရှိနေကြောင်း တွေ့ရှိရသည်။

S+W+L
Hot News

No comments:

Post a Comment