အမေသည် သူ့နိုင်ငံနှင့်ပြည်ထောင် စုဘွား တိုင်းရင်းသား၊သူ့လူမျိုးကိုအလွန် ချစ်ခင်သူဖြစ်၍ သူ့နိုင်ငံ၊သူ့လူမျိုးတို့ တိုး တက်ကြီးပွားစေဖို့အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့သည်။ အသက်အရွယ်နှင့် မလိုက် ချီးကျူးအံ့သြရလောက်အောင်
အပင်ပန်းအဆင်းရဲခံပြီး သစ္စာရှိစွာစာပေ ဖြင့် သူ့ပြည်သူကို အလုပ်အကျွေးပြုခဲ့ သည်။မမေ့နိုင်ပါ။ အမေ့ကိုလွမ်းပါသည်။
အမေသည် စာရေးဆရာ၊သတင်း စာဆရာမကြီးပီသသူဖြစ်သည်။ သတင်း စာ၊ဂျာနယ်၊မဂ္ဂဇင်းတို့တွင် အမေ၏အ ရေးအသားတို့မှာ တိုင်းပြည်နှင့်လူမျိုးအ တွက် ထက်သန်သောစေတနာ၊ပြင်းပြ သော ရည်မှန်းချက်များအပြည့်အ၀ဖြင့် စေ့စေ့စပ်စပ်၊တိတိကျကျ၊ ပြတ်ပြတ်သား သား ရေးပါသည်။ထို့ကြောင့် အမေ့စာတို့သည် ဟိုတစ်ခါက တစ်ဖုံ၊ဒီတစ်ခါတစ်မျိုး၊ကပျက်ကချော်၊သိက္ခာကင်းမဲ့ သည့် ဗလောင်းဗလဲစာမျိုးကိုကို အမေ မရေးပါ။အမေသာရှိရင် မီဒီယာ၊စာနယ် ဇင်းတွေ လူများအမေ့ထံမှ အဖိုးတန် ပညာဗဟုသုတတွေများစွာရရှိကြပေ မည်။ အမေ့ကိုလွမ်းရသည့် အကြောင်း ပေါင်းကတော့ အများကြီးပါပဲ။
(၂၃.၁၀.၉၈)နေ့က ကျွန်တော် ဆီအမေရေးတဲ့စာမှာ “အမေ့မှာရေးချင် တာတွေက အများကြီး၊ပထမစိတ်ထဲရေး မလို့အောက်မေ့တာက အ၀ိုင်း Circle ကလေးပါ။ရေးချတော့ ခွင့်မပြုမှာတွေ ကြောင့် Square ဖြစ်နေတယ်။အဲဒါ အယ်ဒီတာအပ်တော့ သူ့ခမျာ အဖျက်ခံ ရ၊အဆုတ်ခံရနဲ့ Triangle ပဲကျန် တော့တယ်၊ပြီးတော့ လုံးလုံးရေးပြလို့မရ တာတွေက ဒုနဲ့ဒေး။ကဲအရှည်ကြီးမရေး တော့ပါဘူး။သားတို့ကျန်းမာချမ်းသာကြ ပါစေ”။
အမေ့ကို အဆက်မပြတ်သတိရနေ ပါတယ်။ အစိုးရအဖွဲ့သစ်တစ်ခုပေါ်ပေါက် လာပြီးတဲ့နောက်၊အခုဆိုရင် ပြည်တွင်း သတင်းမီဒီယာလွတ်လပ်ခွင့်များ ထိုက် သင့်သလောက် ရရှိပါပြီ မီဒီယာလွတ်လပ် ခွင့် တင်းပြည့်ကျပ်ပြည့်၊ပြည့်ချင်ပြည့်၊မ ပြည့်ချင်နေပေဦးတော့ အသက်ရှူခွင့်ရ တဲ့ အတွက်တော့ ကျေးဇူးတင်ဝမ်းမြောက် ကြရပါတယ်။ ဒီအခွင့်အရေးက အမေ မရှိတော့မှရတာလည်းတစ်ကြောင်း၊အမေ ကျွန်တော့်ဆီစာရေးတိုင်း၊အမေကျန်းမာ သော်လည်း အိုလှပြီလို့ အိုခြင်းဆင်းရဲ မှုကို ဖော်ပြလေ့ရှိတာကြောင့် အမေစာ ရေးဖို့ခက်ခဲပါလိမ့်မယ်။ဒါကြောင့် စိတ် မကောင်းဖြစ်ရတဲ့အပြင် သံဝေဂဖြစ်ရပါ တယ်။
အမေရေ ကိုယ့်လူမျိုးရဲ့အကျင့် စရိုက်အကောင်းအဆိုးကို၊အလွန်သိတတ်ကြတဲ့ ရဟန်းပုဂ်္ဂိုလ်ထဲက ဆရာတော်ကြီး အရှင်ဇနကာဘိဝံသ၊မဟာစည်ဆရာ တော်ကြီး၊မိုးကုတ်ဆရာတော်ကြီးစတဲ့ ရဟန်းပုဂ်္ဂိုလ်များလို၊လူပုဂ်္ဂိုလ်ထဲကဆိုရင် ဗိုလ်ချုပ်အောင်ဆန်းလို၊အမေလူထုဒေါ် အမာတို့လို၊စေ့စေ့စပ်စပ်နှိုက်နှိုက်ချွတ် ချွတ်၊ဆုံးမပဲ့ပြင်သွန်သင်ပေးကြတဲ့၊ပုဂ်္ဂိုလ် တွေမရှိကြတော့တဲ့အတွက်၊ရဟန်းရှင်လူ အများစု၏စာရိတ္တ၊ကိုယ်ကျင့်သီလလည်း တိုင်းပြည်မှာ ကြောက်စရာကောင်းလောက် အောင်ပျက်စီးနေပါတယ်။ မြေပေါ်မြေ အောက်စားမကုန်၊သုံးမကုန်ပေါ်ကြွယ်ဝ လှသော ရွှေ၊ငွေ၊စိန်၊ကျောက်၊ပတ္တမြား နိုင်ငံ၊ဆန်၊ဆီ၊စပါး၊သစ်ဥ၊သစ်ဖု၊ပျားရည်၊ သကြား ပေါကြွယ်များတဲ့နိုင်ငံကြီးဖြစ် ပါလျက်ပြိတ္တာဘ၀နဲ့သက်ဆိုးရှည်နေကြ ရတာ ခါးဝတ်ပုဆိုးမရှိကြတော့လို့ပါ။ ဗုဒ္ဓဘာသာဝင်ရှစ်တန်းကျောင်းသားငါး ပါးသီလမသိပါ။သင်္ကြန်နဲ့တောင်ပြုန်းပွဲ တော်တို့မှာ အောက်တန်းကျသော၊ကာ ယကံမှုတွေ၊၀စီကံမှုတွေကို အရင်ကဆို တစ်နှစ်တစ်ကြိမ်၊ကမြင်းကြောထကြပေ မယ့်၊အခုဆိုရင် ဆယ့်နှစ်ရာသီမကတော့ ဘူး။နာဂစ်တို့၊လာနီညိုတို့ပါ။ပူးပေါင်းလာ ကြတော့ ၀တ်စားဆင်ယင်မှုနဲ့ပတ်သက်ပြီးရော၊အပျော်အပါး၊အသောက်အစား လောင်းကစားမှုတွေကို အရှက်အကြောက်မရှိ ဘာမထီစိတ်ဓာတ်နဲ့လူရှေ့သူရှေ့ လူဘုံအလယ်မရှောင် ဖော်ကြပြကြ၊မူး ကြရူးကြပါတယ်အမေရေ။
ဗုဒ္ဓမြတ်စွာဘုရားက သတ္တ၀ါတွေကို အပါယ်ဘေးကလွတ်ကင်းစေလိုတဲ့အတွက် အကုသိုလ်ကင်းအောင်လို့ သူ့ကို ပူဇော်ကြရင်တောင်ဘယ်လောက်တန်ဖိုး ရှိရှိအဖိုးတန်ပါတယ်ဆိုတဲ့ ပစ္စည်း၊၀တ္ထု နဲ့အာမိသလှူဒါန်းမှုကိုမပြုကြပါနဲ့။ဗုဒ္ဓ ပူဇနိယပူဇော်ပွဲကြီးတွေနဲ့ကိလေသာ သောင်းကျန်းခွင့်ပြုသော ဘုရားပွဲတော် တွေဟာလည်းဘုရားမကြိုက်သော အပြု အမူတွေမို့ ဒီလိုနည်းနဲ့ဗုဒ္ဓကိုပူဇော်ခြင်း ဟာ ဗုဒ္ဓကိုစော်ကားရာကျပြီး လုံးဝမပူ ဇော်သင့်တာကို အပူဇော်မှားနေသော ရဟန်းရှင်လူအပေါင်း သဘောပေါက် ကြပါ။ဆင်ခြင်တော်မူကြပါ။တရားနဲ့ပူ ဇော်ကြပါ။
ထို့အတူပါပဲ အမေလူထုဒေါ်အမာက သူ့နိုင်ငံသား၊သူ့လူမျိုး၊သူ့မန္တလးကို အလွန်အမွှမ်းတင်ပါတယ်။ပြစားချင်ပါ တယ်။ ပွဲထုတ်ချင်ပါတယ်။သူ့လူထုဟာ အသိဥာဏ်အသိတရားရှိလိုက်ပါ့။နိုင်ငံ တော်ကြီးကလဲ တည်ငြိမ်အေးချမ်းစွာနဲ့ ဖွံ့ဖြိုးတိုးတက်ပါ၊ချစ်ကြခင်ကြစည်းလုံး ညီညွတ်ကြပုံက ဂုဏ်ယူရတာအံ့မခမ်း၊ အမေလူထုဒေါ်အမာ ရည်မှန်းပြီးဖြစ်စေ လိုသော သူ့နိုင်ငံနဲ့နိုင်ငံသူနိုင်ငံသားတို့ ရဲ့ ပုံရိပ်ကို အမေ့ကိုလွမ်းလွမ်းနဲ့ကျွန်တော် ရေးလို့ပြီးမှာမဟုတ်ပါဘူး။
ဒီတော့ နောင်ကို အမေ့ရဲ့မွေးနေ့ ဖြစ်စေ။အမေကွယ်လွန်သည့်နေ့ဖြစ်စေ။ အမေ့ကိုရည်စူးပြီး အမေ့အတွက် ကုသိုလ် ကောင်းမှုတွေပြုကြတာလဲပြုကြပေါ့။ဒါ ထက် အရေးတကြီးပြုသင့်၊ပြုထိုက်ဆောင် ရွက်ကြရမှာကကော၊အမေ့အတွက် အမေ့ကိုအကြောင်းပြုပြီး နေ့တိုင်း၊လတိုင်း၊နှစ်တိုင်း၊အချိန်တိုင်း၊နိုင်ငံတော်နဲ့ အမျိုးဘာသာ၊သာသနာတော်အကျိုးကို ဖွံ့ဖြိုးတိုးတက်အောင် ငါးပါးသီလစောင့် ထိန်းသောအဖွဲ့၊အရက်၊ဆေးလိပ်၊ကွမ်းကင်းစင်သောအဖွဲ့၊လောင်းကစားကင်း ရှင်းသော အဖွဲ့၊စသည်ဖြင့်ပေါ့ဗျာ။လိုက် နာထိန်းသိမ်းစေချင်လွန်းလို့ အဖွဲ့တွေများ နေပေမယ့်။တူတာတွေစုလိုက်ရင် ငါးပါး သီလပေါ့ဗျာ။ နောက်တစ်ဖွဲ့ထည့်ပါရစေဦးဗျာ။ဘုရား၊တရား၊သံဃာ၊မိဘ၊ဆရာ သမားတို့ကို ရည်မှန်းပြီး (ရည်မှန်းပြီးကန် တော့ပါနော်၊အဖေ့ကိုယ်တိုင်ရှေ့၊အမေ့ ကိုယ်တိုင်ရှေ့ကိုသွားပြီးမကန်တော့စေပါ ဘူး)ဒီနည်းက စိတ်ကောင်းစိတ်မှန် စိတ် အဆင့်အတန်းမုချတိုးတက်စေတဲ့နည်း ကောင်းဖြစ်ပါတယ်။ စိတ်ထားတွေမြင့် မြတ်လာမှ နိုင်ငံကြီးနဲ့အမျိုးဘာသာ၊သာ သနာတော်ကြီးကျက်သရေမင်္ဂလာနဲ့ပြည့် စုံပြီး တိုးတက်ဖွံ့ဖြိုးမှာဧကန်ပေါ့။
အမေလူထုဒေါ်အမာနှင့်တကွ မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီး၊ဗိုလ်ချုပ်အောင်ဆန်းတို့ကို ချစ်ခင်လေးစား၊ မမေ့နိုင်ကြသူတိုင်း ကျွန်တော်တင်ပြ သောတိုင်းပြည်နှင့်လူမျိုးတကယ်အားကိုး ရမည့် ကိုယ်ကျင့်သိက္ခာ၊အကျင့်စာရိတ္တ ခိုင်မာစေဖို့၊၀ိုင်းဝန်းဆောင်ရွက်ဖွဲ့စည်း ကြရအောင်၊စွမ်းဆောင်နိုင်ကြသော အရည်အချင်းပြည့်ဝကြသူ၊ဆရာတော် သံဃာတော်များ၊လူပုဂ်္ဂိုလ်များကို ရိုသေ စွာမေတ္တာရပ်ခံလိုက်ပါတယ်။ဦးဆောင် တော်မူကြပါ။
ကျွန်တော်တင်ပြသော အဖွဲ့များ၊ အမြန်ဖွဲ့စည်းဆောင်ရွက်ကြဖို့၊မည်မျှ အရေးကြီးကြောင်းကို အမေလူထုဒေါ် အမာ(၂၃.၁၀.၉၈)က ကျွန်တော့်ဆီ အမေရေးသော စာကို ဝေဖန်သုံးသပ်ကြ ဆင်ခြင်းတွက်ဆကြပြီး ကျွန်တော်တင် ပြသော အကျင့်စာရိတ္တဆိုင်ရာ အဖွဲ့လေး များကို နိုင်ငံလူဦးရေသန်း(၆၀)တွင် သန်း (၄၀)အင်အားဖြင့် ရည်မှန်းဖွဲ့စည်းပေး တော်မူကြပါ။ဖွဲ့စည်းဖြစ်ပါစေ။ ဖွဲ့စည်း ဖြစ်ခဲ့သော် ယခုကျွန်တော်အသက်(၈၀) ဖြစ်၍ ၎င်းအဖွဲ့တွင် သစ္စာရှိသော နောက် လိုက်ကောင်းတစ်ဦးအဖြစ် မသေခင် အတွင်းဆောင်ရွက်ပါမည်။
အမေလူထုဒေါ်အမာ ကျွန်တော့် ဆီ(၂၃.၁၀.၉၈)နေ့က ရေးသားပေးပို့ သော စာကို သိရှိသဘောပေါက်ကြပြီး ကျွန်တော်တင်ပြသော ကိုယ်ကျင့်သိက္ခာ အကျင့်သီလထိန်းသိမ်းပျိုးထောင်ပေးကြ ပါရန် တောင်းပန်ပါသည်။
အမေ့စာ- ““သားရေ။အရက်သေစာက အမေတို့လူမျိုးကို အကြီးအကျယ် ဖျက် ဆီးနေတာပါ။ရေးမဖြစ်လို့၊မရေးရဲလို့နေရတာပါ။အမေတို့မန္တလေးမှာ အရက်ဖို ကြီးတွေ နည်းတာမဟုတ်ဘူး။ဘယ်ခေတ် တုန်းကမှ ဒီလိုမရှိခဲ့ဖူးဘူး။အရင်က ဗျစ် စက်ရုံဆိုပြီး မန္တလေးမှာ ဘီယာချက်စက် ရုံတစ်ရုံပဲ ရှိခဲ့တယ်။ခုတော့ ဘွိုင်လာ(၈) လုံးရှိတဲ့ အရက်ဖိုကြီးတွေ အများကြီး လေ။””
အမေ့စာ- ““သောက်လိုက်ကြတာဆိုတာ ကလည်းမိန်းမတွေတောင်သောက်နေကြ တယ်။ဘယ်တုန်းကမှ မိန်မအရက်မ သောက်ခဲ့တာကို စာရေးဆရာမဆိုသူ များအပါအ၀င်တဲ့။ဒီလူမျိုးမှ ခွေးမဖြစ်၊ ဘယ်သူဖြစ်ရဦးမှာလဲလို့သာ မေးစရာ ကောင်းတော့တယ်။သားလာရင်၊အရက် ဖိုကြီးတွေကို အမေလိုက်ပြချင်လှတယ်။””
အရက်ကိုရှောင်ကြဖို့၊အရက်ဟာ နိုင်ငံနှင့်လူမျိုးဘာသာ၊သာသနာကိုဖျက် ဆီးနေသောကြောင့် ၀ိုင်းဝန်းတားဆီး ပေးကြဖို့ အမေရေးခဲ့သော သတင်းစာ၊ ဂျာနယ်၊မဂ္ဂဇင်းများတွင် လေ့လာဖတ်ရှု ကြပြီး ဒီနိုင်ငံနဲ့ဒီလူမျိုးအရက်ကြောင့် နစ်မွမ်းနေတာကို ကယ်တင်စောင့်ရှောက် ပေးကြဖို့ အမေ့ကိုရည်မှန်းပြီးဝိုင်းဝန်း ကြိုးစားဆောင်ရွက်ကြပါစို့လားဗျာ။
အခု ရပ်ကွက်ထဲမှာ အသက်(၂၅) နှစ်မှ (၃၅)နှစ် လူငယ်တွေအသေများ ကြတယ်။ကိုယ်တစ်ပိုင်းသေကြတယ်။ အဲသလိုသေကြနာကြရတာ၊မအိုဆေး (မအိုဆေး)သောက်ကြလို့ဆိုပြီး အရက် ကို မအိုဆေးလို့ ဂုဏ်ပြုခေါ်ဝေါ်ကြ တယ်။ကျန်ရစ်သူသားသမီးများကို မိဘ၊ ယောက္ခမ လူအိုကြီးတွေက၊တာဝန်ယူ စောင့်ရှောက်ကြရတယ်။အသက်ငယ် ငယ်ရွယ်ရွယ်မုဆိုးမလေးတွေကတော့ အများအားဖြင့် နိုင်ငံရပ်ခြားမှာငွေသွား ရှာကြတယ်လို့ သိရပါတယ်။
ကဲ အမေလူထုဒေါ်အမာလို ပညာ ရှိ ခေတ်ပညာတတ်နိုင်ငံ့ဂုဏ်ဆောင်၊ အမျိုးသမီးကြီး၏ အရက်အန္တရာယ် ရင်ဖွင့်သတိပေးချက်ကိုသိကြရပါပြီ။ အခု ဆက်လက်ပြီး လမ်းကြား၊လမ်းပေါ်ဈေး တန်းမှာ ဟင်းသီးဟင်းရွက်ဈေးသည်ကြီး အမေနုရဲ့သူ့လိုဘ၀တူဈေးသည် သစ် လေးများအတွက်ပြောကြားသော ကရုဏာ စကားလေးကို နိဂုံးချုပ်အားဖြင့် ဖော်ပြ ခွင့်ပြုပါ။
ဟင်းသီးဟင်းရွက်ဈေးသည်ကြီး အမေနုက ဟေ့ကောင်မတွေ၊နေပူမိုးရွာ မရှောင် ငါတို့နင်တို့ မိုးလင်းကမိုးချုပ် ငုတ်တုတ်ထိုင်ပြီး ပိုက်ဆံရှာကြရတယ်။ နောင်ငွေအရင်းလေးမပြုတ်အောင်၊မ နည်းရုန်းကန်နေရတာကို အိမ်ကဦးမင်းကျော်ကမသိဘူး။သူသိတာက ရေရော အရက်လား၊စံချိန်မီအရက်လားလို့၊ကွဲကွဲ ပြားပြားသိတယ်။ရေမရောတဲ့အရက်အ စစ်ကို ဆက်သပါလျက်နဲ့တောင် အပြစ် ရှာပြီးဆဲတာ၊ပါးနားရိုက်တာကိုခံကြရသေး တယ်။ငါတို့ကတော့ ငါတို့အကြောင်း ငါတို့ဘ၀ကရှိပါစေတော့။““ညည်းတို့ကို ငါသတိပေးချင်တာက အခုနေရာတိုင်း မှာ ဦးမင်းကျော်မယားပါသား ဦးမင်းကျော်ကိုယ်ပွားတွေကပြေးလို့ ရှောင်လို့ မလွတ်ဘူး။အဲဒါကြောင့် ငါသတိပေးလိုက် မယ်။ညဉ်းတို့သမီးကို လင်ပေးစားရင်၊ ဗမာနဲ့မပေးစားကြနဲ့ မူးကြောင်ရူးကြောင် တွေများတယ်။ညဉ်းတို့သမီးတွေ၊၀မ်းဝ မှာမဟုတ်ဘူး။ခါးလှမှာမဟုတ်ဘူး။ဒီကြား ထဲ မူးရူးပြီး နားအုံ၊နားရင်း၊အရိုက်ခံကြရ ဦးမှာ””တဲ့။
အမေလူထုဒေါ်အမာက အရက် ကြောင့် ဒီနိုင်ငံဒီလူမျိုး၊ခွေးဖြစ်ကိန်းကြုံ လိမ့်မယ်လို့ သတိပေးတယ်။ အမေနုက တော့ သူ့အသိရှိသလောက်လေးမှာ သူ့ ကိုယ်တွေ့ခံစားချက်နဲ့ပြောလိုက်ရှာတာ ဘဲ၊ဒီအရက်ကြောင့် လူမြိုသဖြင့် လူမျိုး ပျောက်မယ့်ကိန်းဆိုက်နိုင်ပါတယ်။
ဒါကြောင့်၊စဉ်းစားကြပါ။ငါသည် အရက်နဲ့ဘယ်နည်းဘယ်ပုံပတ်သက်နေ ပါသလဲ။ပတ်သက်ခဲ့သော် ရေပွက်ပမာ တစ်ခဏတာ ဒီဘ၀နဲ့သေပြီးမပြီးဆုံးနိုင် သော နောင်သံသရာခရီးအတွက် ငါလုပ် သင့်တာတွေကို လုပ်ဖို့ဆုံးဖြတ်ကြဖို မေတ္တာဖင့် တိုက်တွန်းပါသည်။
ဗိုလ်မှူးလှမြိုင်(မောင်တက္ကသိုလ်)
Hot News
No comments:
Post a Comment