အဆိုပါ ရန်ကုန်တက္ကသိုလ်နယ်မြေအား နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုဖြင့် ၂၀၁၂ ခုနှစ် ဇွန်လ၀န်းကျင်မှစ၍ ရန်ကုန်တက္ကသိုလ်မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ကုမ္ပဏီများပူးပေါင်း၍ ပြင်ဆင်မှုများ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် သမိုင်းဌာနမှ ပါမောက္ခဒေါက်တာ ခင်စောနွယ်က ပြောကြားခဲ့သည်။
''အစကတည်းက ရန်ကုန်တက္ကသိုလ်ကို အကြီးစားပြင်ဆင်မှုတွေ လုပ်နေတာပါ။ အခုလို အခြေအနေတွေကြောင့်
လူတွေက ပိုမိုပြင်ဆင်တယ်လို့ လူတွေက ထင်ကြတယ်။ ဒီကို လာမယ်ဆိုတာ သေချာလား မသေချာလားဆိုတာ အခုအချိန်ထိ မသေချာသေးဘူး။ ပြီးခဲ့တဲ့ တစ်ပတ်လောက်ကတည်းက ဒီကိုလာကြည့်ကြတယ်။ အခုနောက်ပိုင်းကျတော့ အခြားတာဝန်ရှိသူတွေ လာပြီး အရှိန်တိုးမြှင့် လုပ်တာတွေတော့ ရှိပါတယ်။ ပထမကတော့ ဆေးသုတ်တာတွေကအစ စည်ပင်ကလုပ်တာပါ။ တကယ်လို့ ဧည့်သည်လာမယ်ဆိုရင် အိမ်ရှင်အနေနဲ့ သူအပေါ်မှာ တန်ဖိုးထားတဲ့အနေနဲ့ ၀ိုင်းလုပ်တာ။ ဒီမှာရှိတဲ့သူတွေကတော့ လာမယ်သေချာတယ်။ ဒီနေရာလေးကတော့ ကောင်းတယ်ဆိုပြီး ၀ိုင်းပြီးပြုပြင်ကြတာပါ။ ကျွန်မတို့ပြီးခဲ့တဲဇွန်၊ ဇူလိုင်လကတည်းက အစည်းအဝေးတွေ ခေါ်ယူပြီး ပြင်ဆင်မှုတွေလုပ်တယ်။ အခု ဒီနေရာလေးကို ရွေးလိုက်တယ်။ ဖြစ်သလို ဧည့်မခံဘူးဆိုတဲ့ သဘောနဲ့ ၀ိုင်းလုပ်ကြတာပါ'' ဟု ပါမောက္ခဒေါက်တာ ခင်စောနွယ်က ပြောပြခဲ့ပါသည်။

ဘွဲ့နှင်းသဘင်ခန်းမအတွင်း
ပြင်ဆင်မှုများ ပြုလုပ်နေသည်ကို နိုဝင်ဘာလ ၁၆ရက်နေ့ ညနေပိုင်းကတွေ့ရစဉ်
အဆိုပါ ဘွဲနှင်းသဘင် အဆောက်အဦအား ပြင်ဆင်နေမှုနှင့် ပတ်သက်၍ အမေရိကန်သံရုံးမှ တာဝန်ရှိသူနှင့် အလုပ်သမားများအား မေးမြန်းမှုများ ပြုလုပ်ခဲ့ရာ သတင်းမေးမြန်းမှုများအား ဖြေဆိုခွင့် တရားဝင် တားမြစ်ထားကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
ထို့ပြင် ရန်ကုန်တက္ကသိုလ်အတွင်းရှိ စာကြည့်တိုက်အပါအ၀င် အဆောက်အဦးများနှင့် ခြံစည်းရိုးများ၊ ပလက်ဖောင်းများအား ဆေးသုတ်လုပ်ငန်းများ လုပ်ဆောင်ခြင်းနှင့် အဓိပတိလမ်းမကြီးအား နိုင်လွန် ကတ္တရာခင်းခြင်းအား ယခုရက်ပိုင်းအတွင်းက အရှိန်အဟုန်ဖြင့် ပြုလုပ်ခဲ့ပြီးဖြစ်သည်ကို တွေ့ရသည်။
ထို့ပြင် ရန်ကုန်တက္ကသိုလ်တွင် နိုဝင်ဘာလ ၁၇ ရက်နေ့နှင့် ၁၉ ရက်နေ့တို့တွင်ကျင်းပရန် စီစဉ်ထားသော (၁၂၁) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားအား ရက်ရွေ့ဆိုင်းထားကြောင်းလည်း သိရသည်။
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ အမေရိကန်ပြည်ထောင်စုသမ္မတ မစ္စတာ ဘာရက်အိုဘားမားသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံသို့ မကြာမီကာလအတွင်း အလုပ်သဘောခရီး လာရောက်လည်ပတ်မည်ဖြစ်ကြောင်း နိုဝင်ဘာလ ၁၆ ရက်နေ့က နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်မှ ဖော်ပြသတင်းထုတ်ပြန်ခဲ့သည်။
Eleven Media Group
No comments:
Post a Comment