ယင်းဆုံးဖြတ်ချက်မှာ
ဦးဥာဏောဘာသသည် ဘိုးဘိုးအောင်ဓမ္မရိပ်သာ ဓမ္မာရုံမှ အပြီးသတ်ဖယ်ရှား နှင်ထုတ်ရန် ဖယ်ရှားမှု မပြုပါက သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်းများဖြင့် အရေးယူဆောင်ရွက်သွားရန် ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ အထက်အပိုဒ်(၁)ပါ ဆုံးဖြတ်ချက်အရ ဦးဉဏောဘာသအနေဖြင့် (၁၀.၁၁.၂၀၁၂)ရက်နေ့မှ (၁၆.၁၁.၂၀၁၂)ရက်နေ့အတွင်း ဘိုးဘိုးအောင်ဓမ္မရိပ်သာ ဓမ္မာရုံမှ မိမိပိုင် ပစ္စည်းများကို ယူဆောင်၍ အပြီးအပိုင်ထွက်ခွာသွားရန် ထွက်ခွါသွားခြင်းမပြုပါက သံဃာ့အဖွဲ့အစည်း ဆိုင်ရာ လုပ်ထုံးလုပ်နည်းဥပဒေအမှတ် (၂၀/၉၀) ဖြင့် အာဏာပိုင်အဖွဲ့က အာဏာစက်ဖြင့် ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် မြို့နယ် သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ကိုယ်စား အတွင်းရေးမှူး ဘဒ္ဒန္တ ဓမ္မေသက မှ စာအမှတ် ၀၄/မနသဃ/တတက/၂၀၁၂(သာထွေ) ၂၀၁၂ခုနှစ်၊ နိုဝင်ဘာ (၁၀)ရက်နေ့တွင် ဦးဉာဏောဘာသ အား အကြောင်းကြားစာ ပေးပို့ပြီး သက်ဆိုင်ရာ ဥက္ကဋ္ဌဆရာတော် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ကမ္ဘာအေးကုန်းမြေ၊ ရန်ကုန်မြို့သို့၎င်း၊ ဥက္ကဋ္ဌဆရာတော်၊ တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့သို့၎င်း၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ သာသနာရေးဦးစီးဌာန၊ နေပြည်တော်သို့၎င်း၊ တိုင်းဒေသကြီး သာသနာရေးမှူး၊ မကွေးတိုင်းဒေသကြီးသာသနာရေးမှူးရုံး၊ မကွေးမြို့သို့၎င်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တောင်တွင်းကြီးမြို့ သို့၎င်း၊ မြို့နယ်သာသနာရေးမှူး၊ မြို့နယ်သာသနာရေးမှူးရုံး၊ တောင်တွင်းကြီးမြို့သို့ ၄င်း၊ စခန်းမှူး၊ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့၊ တောင်တွင်းကြီးမြို့သို့၎င်း၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ လက်ပံရှည်ကျေးရွာအုပ်စု၊ တောင်တွင်းကြီးမြို့နယ်သို့၎င်း၊ ကျေးရွာသံဃာ့နာယကအဖွဲ့ (ဥက္ကဋ္ဌ)သို့ ၄င်း၊ ရုံးလက်ခံအဖြစ်၎င်း သိရှိနိုင်ရန် မိတ္တူများပေးပို့ထားကြောင်း သတင်းရရှိသည်။
ဟင်္သာ(တောင်တွင်းကြီး)
Hot News
No comments:
Post a Comment