မေး ။ ရွှေဘိုမှာ ဒီနေ့ (နိုဝင်ဘာ ၁၁) လှုပ်ခဲ့တဲ့ ငလျင်က စစ်ကိုင်းပြတ်ရွေ့ကြောမှာလို့ သိရပါတယ်။ စစ်ကိုင်းပြတ်ရွေ့မှာ လှုပ်ခတ်ခဲ့ပုံကို ပြောပြပေးပါ။ ဖြေ ။ ဒီနေ့လှုပ်ခဲ့တဲ့ငလျင်က စစ်ကိုင်းပြတ်ရွေ့မှာ လှုပ်ခဲ့တာပါ။ မြေအောက်အနက် ၁၀ ကီလိုမီတာ (မိုင်အားဖြင့် ခြောက်မိုင်ကျော်ကျော်) မှာ လှုပ်ခဲ့တာပါ။ စစ်ကိုင်းပြတ်ရွေ့မှာ
လှုပ်ခဲ့တဲ့ငလျင်တွေက အများအားဖြင့် မြေအောက်အနက် ၁၀ နဲ့ ၁၅ ကီလိုမီတာအကြားမှာ လှုပ်လေ့ရှိပါတယ်။
မေး ။ စစ်ကိုင်းပြတ်ရွေ့တစ်လျှောက်မှာ လှုပ်ခဲ့တဲ့ ငလျင်မှတ်တမ်းတွေအရ ဒီနေ့လှုပ်ခဲ့တဲ့ ငလျင်ရဲ့ အခြေအနေကို ပြောပြပေးပါ။
ဖြေ ။ စစ်ကိုင်းပြတ်ရွေ့မှာ လှုပ်ခဲ့တဲ့ ငလျင်တွေက အင်အား ၇ နဲ့ ၇ အထက်များတယ်။ အခုငလျင်က အင်အား ၆ ဒသမ ၈ ဆိုတော့ နည်းနည်းသက်သာတယ် ပြောရမယ်။ စောစောကပြောသလိုပဲ မြေအောက် အနက် ၁၀ နဲ့ ၁၅ ကီလိုမီတာကြားမှာ လှုပ်လေ့ရှိတဲ့အတွက် အရမ်းအန္တရာယ်များပါတယ်။ ၁၉၅၆ ခုနှစ်က စစ်ကိုင်းမှာအင်အား ၇ အဆင့်ရှိတဲ့ ငလျင်လှုပ်ခဲ့တာဆိုတော့ အခုမှ နှစ် ၆၀ ပဲရှိသေးတယ်။ ဒီလို နှစ် ၆၀ ပဲရှိသေးတဲ့အတွက် အင်အားက ၆ ဒသမ ၈ အဆင့်လှုပ်ခဲ့တာ။ ဆိုလိုတာက နှစ် ၁၀၀ လောက်မှ တစ်ကြိမ် လှုပ်တာတွေက ပိုပြီးအင်အားပြင်းတယ်။ ဒါပေမယ့် နှစ် ၆၀ အတွင်းမှာတော့ ဒီငလျင်က ပမာဏအမြင့်ဆုံးပါ။
စိုးရိမ်နေတာပဲ အန္တရာယ်ကင်းနိုင်တဲ့ အနေအထားလို့ ပြောရမှာပါ။ ကျွန်တော်ထပ်ပြောချင်တာကတော့ ငလျင်ကြီးတစ်ခုလှုပ်ပြီးရင် နောက်ဆက်တွဲငလျင်တွေက ရက်ပိုင်းအတွင်းမှာ ဆက်တိုက်ဆိုသလို လှုပ်တတ်ပါတယ် . . |
ဖြေ ။ စစ်ကိုင်းပြတ်ရွေ့မှာက ငလျင်တွေက အပိုင်းလိုက် လှုပ်တဲ့သဘောရှိတယ်။ ဒါပေမယ့် ၁၉၃၀ ခုနှစ် ၀န်းကျင်မှာတော့ တစ်နှစ်ထဲတင် အင်အားပြင်းငလျင်တွေ ဆက်တိုက်လှုပ်ခဲ့ဖူးတယ်။ တကောင်း၊ တောင်ငူ၊ ဖြူး စသဖြင့်ပေါ့။ ဒါကြောင့် အခုရွှေဘိုငလျင်က ရှေ့ပြေးငလျင်ဖြစ်နိုင်တဲ့အတွက် နောက်ဆက်တွဲအင်အားကြီး ငလျင်ကို သတိပြုသင့်ပါတယ်။
မေး ။ စစ်ကိုင်းပြတ်ရွေ့အထက်ပိုင်းမှာ GPS Station တွေတပ်ထားတယ်လို့ သိရပါတယ်။ GPS တပ်ဆင်ထားမှု အခြေအနေနဲ့ အဲဒီက result က အခုလှုပ်ခဲ့တဲ့ငလျင်အပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိခဲ့လဲ သိချင်ပါတယ်ဆရာ။
ဖြေ ။ ဟုတ်ပါတယ်။ စစ်ကိုင်းပြတ်ရွေ့ရဲ့ အထက်ပိုင်းက ရွှေဘို၊ စဥ့်ကူး၊ ဟားခါးနဲ့ကနီမှာ GPS လေးလုံး တပ်ဆင်ထားပါတယ်။ GPS Station တွေက Automatic တိုင်းတဲ့စနစ်နဲ့ တိုင်းနေပါတယ်။ GPS Station က နေတိုက်ရိုက်ဖမ်းတဲ့စနစ်နဲ့ ဖမ်းယူသိရှိနိုင်ပေမယ့် လက်ရှိဆက်သွယ်ရေး မူဝါဒတွေအရ ကျွန်တော်တို့ဆီမှာ ဖမ်းတဲ့စနစ် မရှိပါဘူး။ ငလျင်ကော်မတီနဲ့ မိုး\ဇလက တာဝန်ရှိသူတွေက နှစ်လတစ်ခါတော့ GPS က data သွားကောက်ပါတယ်။ ဒါပေမယ့် အခုလှုပ်ခဲ့တဲ့ ငလျင်နဲ့ပတ်သက်ပြီးတော့ GPS က result ကို မသိရသေးပါဘူး။
မေး ။ ငလျင်ကြောင့် နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ အခြေအနေနဲ့ ငလျင်ကိုစိုးရိမ်နေကြတဲ့ ပြည်သူတွေအပေါ် ဆရာဘာများထပ်မံ ပြောကြားလိုပါသလဲ။
ဖြေ ။ ငလျင်ကြောင့် နောက်ဆက်တွဲငလျင်တွေ လှုပ်နိုင်ပါတယ်။ အခုလှုပ် ခဲ့တဲ့ငလျင်အရှိန်ကြောင့် အက်ကြောင်းဖြစ်သွားတဲ့တိုက် စတဲ့အဆောက်အအုံတွေဟာ နောက်ဆက်တွဲငလျင်ကြောင့် ပြိုကျပျက်စီးတာတွေ ဖြစ်နိုင်ပါတယ်။ ငလျင်ကြောင့် ပြည်သူတွေ စိုးရိမ်နေတဲ့အပေါ် ကျွန်တော့အနေနဲ့တော့ မနှစ်သိမ့်နိုင်ပါဘူး။ စိုးရိမ်နေတာပဲ အန္တရာယ်ကင်းနိုင်တဲ့ အနေအထားလို့ ပြောရမှာပါ။ ကျွန်တော် ထပ်ပြောချင်တာကတော့ ငလျင်ကြီးတစ်ခုလှုပ်ပြီးရင် နောက်ဆက်တွဲငလျင်တွေက ရက်ပိုင်းအတွင်းမှာ ဆက်တိုက်ဆိုသလို လှုပ်တတ်ပါတယ်။ အခုလိုနောက်ဆက်တွဲငလျင် စိုးရိမ်နေ
ရတဲ့ရက်ပိုင်းမှာ ပိုပြီးသတိရှိဖို့ လိုပါတယ်။
Eleven Media Group
No comments:
Post a Comment