Tuesday, November 13, 2012

ဒေါ်အောင်ဆန်းစုကြည်၏ အိန္ဒိယခရီးစဉ်

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက်္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်သည် အိန်္ဒိယနိုင်ငံသို့ အိန်္ဒိယနိုင်ငံ အာဏာရပါတီ ဥက္ကဋ္ဌဖြစ်သူ ဆိုနီယာဂန်္ဒီ၏ ဖိတ် ကြားချက်ဖြင့် အလည်အပတ် သွားရောက်ရန် ၁၂-၁၁-၂၀၁၂ နေ့ ည ၇ နာရီ ၄၀ မိနစ်တွင် ရန်ကုန်မြို့တော် အပြည်ပြည်ဆိုင် ရာလေဆိပ်မှ ထိုင်းနိုင်ငံ ဘန် ကောက်မြို့သို့ စတင်ထွက်ခွာခဲ့ သည်။ ထို့နောက် ထိုင်းနိုင်ငံ ဘန် ကောက်အပြည်ပြည်ဆိုင်ရာ လေ ဆိပ်မှ ၁၃-၁၁-၂၀၁၂ နေ့ နံနက် ပိုင်းတွင် အိန်္ဒိယနိုင်ငံ နယူးဒေလီ မြို့အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ အိန်္ဒိယအဲယားလိုင်း(India Airline) ဖြင့် ထွက်ခွာခဲ့ရာ နေ့ လယ် ၁၂နာရီခန့်တွင် နယူးဒေလီ မြို့ အင်ဒီရာဂန်္ဒီ အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက် ခဲ့ပါသည်။
နယူးဒေလီအပြည်ပြည်ဆိုင် ရာ လေဆိပ်တွင် အိန်္ဒိယနိုင်ငံ ခြားရေးဌာန
  Foreign Secretary (Ram Jam Mathai) မှ စောင့် ဆိုင်းကြိုဆိုခဲ့ပါသည်။ လာရောက် ကြိုဆိုနေကြသူများတွင် အိန်္ဒိယ နိုင်ငံရောက် မြန်မာဒုက္ခသည်များ လည်း ပါဝင်ခဲ့ကြပြီး ဒေါ်အောင် ဆန်းစုကြည် ယခုသွားရောက် သော အိန်္ဒိယနိုင်ငံ ခရီးစဉ်မှာ ပြီး ခဲ့သည်လက အိန်္ဒိယနိုင်ငံ ၀န်ကြီး ချုပ် မန်မိုဟန်ဆင်း မြန်မာနိုင်ငံ သို့ အလည်အပတ်ရောက်ရှိစဉ် ကတည်းက ဖိတ်မန္တက ပြုခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်၏ အိန်္ဒိယနိုင်ငံ ခရီးစဉ် အတွင်းတွင် အိန်္ဒိယနိုင်ငံ ဒုတိယ သမ္မတ(Shri Mahammad Hamid Ansari )နှင့် ၀န်ကြီးချုပ် (Mon-mohan Singh) တို့အား တွေ့ဆုံ မည်ဟု အိန်္ဒိယနိုင်ငံခြားရေးဌာန မှ သတင်းထုတ်ပြန်ထားပါသည်။ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် အိန်္ဒိယနိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ ဆုံမည်ဖြစ်ပြီး ခရီးစဉ်၏ အဓိက ဖြစ်သောနယူးဒေလီမြို့  Plenary Hall တွင် ပြုလုပ်မည့် ဂျဝါလေဟ နေရူးအထိမ်းအမှတ် ဟောပြော ပွဲသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ဒုသမ်္မတနှင့် တွေ့ဆုံ မည်ဖြစ်ပြီး နေရူးအမှတ်တရ မိန့်ခွန်းပြောကြားမှာဖြစ်ကြောင်း သိရသည်။ ထို့နောက် ဘန်ဂါလူ ရူးသို့ သွားရောက်မည်ဖြစ်သည်။
နိုဝင်ဘာလ ၁၆ ရက်နေ့ တွင် ဒေါ်အောင်ဆန်းစုကြည်၏ အထောက်အပံ့ဖြင့် ဖွင့်လှစ်ထား သော Prospect Burma ကျောင်း သို့သွားရောက်လည်ပတ်ပြီးနောက် နယူးဒေလီရောက် မြန်မာဒုက္ခ သည်များကို Oxford School တွင် တွေ့ဆုံမည်ဖြစ်ပါသည်။
နိုဝင်ဘာလ ၁၇ ရက်နေ့ တွင် ကျေးလက်ဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်းများသို့ သွားရောက် ပြီးနောက် အိန်္ဒိယသိပ္ပံတက္ကသိုလ် သို့ သွားရောက်ပြီးနောက် ထိုင်း နိုင်ငံဘန်ကောက်မြို့သို့ ပြန်လည် ထွက်ခွာမည်ဟု သိရပါသည်။
နိုဝင်ဘာလ ၁၈ ရက်နေ့ တွင် ထိုင်းနိုင်ငံမှ ရန်ကုန်မြို့သို့ ထွက်ခွာမည်ဟုသိရပြီး မြန်မာ နိုင်ငံအပြည်ပြည်ဆိုင်ရာ လေဆိပ် သို့ နံနက် ၈း၅၀ နာရီတွင် ရောက် ရှိမည်ဖြစ်ကြောင်း သိရပါသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အိန်္ဒိယနိုင်ငံခရီးစဉ်ကို အိန်္ဒိယ သတင်းမီဒီယာများတွင် ကျယ် ကျယ်ပြန့်ပြန့် ရေးသားဖော်ပြမှု များရှိနေသည်ဟု အိန်္ဒိယနိုင်ငံ ရောက် မြန်မာအသိုင်းအ၀န်းမှ VOA မြန်မာပိုင်းသတင်းသို့ ပြော ကြားကြကြောင်းလည်း သိရပါ သည်။ အထူးသဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်၏ အိန်္ဒိယ နိုင်ငံသို့ အလည်အပတ်သွား ရောက်မှုကြောင့် အိန်္ဒိယ-မြန်မာ ဆက်ဆံရေး ပိုမိုကောင်းမွန်လာ နိုင်ကြောင်း အိန်္ဒိယနိုင်ငံ သတင်း မီဒီယာများ၏ ဆောင်းပါးများ တွင် ရေးသားဖော်ပြမှုများ ရှိခဲ့ သည်။ ခရီးစဉ်အတွင်းတွင် ဖိတ် ကြားထားသူ မစ္စစ်ဆိုနီယာဂန်္ဒီမှ ဒေါ်အောင်ဆန်းစုကြည်အား ဧည့်ခံကြိုဆိုဦးမည်ဖြစ်သည့်အပြင် မဟတ္တမဂန်္ဒီ၏ ဂူဗိမာန်သို့လည်း သွားရောက်ဂါရ၀ပြုမည်ဖြစ် ကြောင်းလည်း သိရပါသည်။
ခရီးစဉ်၏ထူးခြားမှုအဖြစ် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံ ရေးသိပ်္ပံဘာသာရပ်ဘွဲ့အတွက် တက်ရောက်သင်ကြားခဲ့သည်။ Lady Shri Ram Callege သို့ နိုဝင် ဘာလ ၁၆ ရက်တွင် လာရောက် မည့်အစီအစဉ်အတွက် တစ် ကျောင်းလုံးမှ ပျော်ရွှင်စွာ စောင့် ဆိုင်းနေကြကြောင်းကို Lady Shri Ram Callege rS Dr Kamika Khamdelwal မှ ပြောဆိုခဲ့ ကြောင်း သိရသည်။
အိန်္ဒိယနိုင်ငံ၏ ဆီလီကွန် ဗယ်လီဟု ကျော်ကြားသော အိန်္ဒိယအိုင်တီမြို့တော်ရှိ နည်း ပညာအမြင့်ဆုံး တက္ကသိုလ်သို့ လည်း သွားရောက်လည်ပတ်မည် ဟု သတင်းရရှိထားသည်။

ဥယျာဉ်မှူး
Hot News

No comments:

Post a Comment