““ဒီ ပန်းသီးဂိမ်း၊ Money Game တွေကပေါ်လိုက်၊ပျောက် လိုက်နဲ့ အခုနေ့စဉ်တွေ့မြင်နေရ တာ (၆)လလောက်ရှိပြီး ရပ်ကွက် တော်တော်များများရဲ့လူစည်ကား တဲ့နေရာတွေမှာ ရဲရဲတင်းတင်းဖွင့် လာကြတာကို တွေ့ရတယ်။ Game ဆိုင်တွေကလည်း ၀န်ဆောင် မှုပိုပေးလာတော့
နိုင်နိုးနိုး၊ရနိုးနိုး နဲ့ပါလာတဲ့ ငွေတွေကုန်ပြီး စီးလာ တဲ့ ဆိုင်ကယ်ပါ ပေါင်တဲ့အဆင့် ထိဖြစ်လာတယ်။ တစ်ချို့လူငယ် တွေဆိုရင် ဂိမ်းရှုံးလို့မိဘတွေဆီ က ပိုက်ဆံခိုးဝှက်တဲ့ အဆင့်ထိ စာရိတ္တပျက်စီးလာတယ်။ အတွဲ (၈)၊အမှတ်(၄၃)၊နိုဝင်ဘာ(၁၄.၈. ၂၀၁၂)ထုတ် ရန်ကုန်တိုင်းမ်ဂျာနယ် ရဲ့ စာမျက်နှာ ၃၉မှာ ““ဂိမ်းကစား ခြင်းအား ဆူပူကြိမ်းမောင်းသည့် မိခင်ကို သားဖြစ်သူက ဓားဖြင့် ထိုး””သည့် ဖြစ်ရပ်တစ်ခု ဖတ်ခဲ့ရ သေးတယ်။ဂိမ်းဟာ မိဘနဲ့သား သမီးကိုတောင် ရန်သူဖြစ်စေတတ် တယ်။လူငယ်တွေရော၊လူကြီးတွေ ပါ စာရိတ္တပျက်စီးလာကြတာတွေ့ ရတယ်။လူစည်ကားတဲ့နေရာတွေ မှာ ဖွင့်ထားတဲ့ဂိမ်းရုံတွေကိုပျက် စီးစေမယ့် ဂိမ်းရုံတွေကို ဥပဒေနဲ့ အညီ အမြန်ဆုံးအရေးယူဆောင် ရွက်သင့်တယ်။””ဟု ကျောင်းသား မိဘကိုးဦးမှ Hot News Journal သို့ပြောသည်။
မော်လမြိုင်တွင် ချဲထီလောင်း ကစားခြင်းများ၊ဘောလုံးပွဲလောင်း ကစားခြင်းများ မပပျောက်သေး သည့် ကြားမှ Money Game ပန်း သီးဂိမ်းများထပ်မံပေါ်ထွက်လာ သည်အပေါ် ဒေသခံများက ဒု စရိုက်မှုခင်းများပြားလာမည်ကို စိုးရိမ်လျက်ရှိကြောင်းသိရသည်။
ဘုန်းလျံ
Hot News
No comments:
Post a Comment