ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံနှင့်
သစ်အချောထည်စက်ရုံတို့တွင် ဆန္ဒပြမှုများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။
နိုဝင်ဘာလ ၅ ရက် နေ့မှစ၍ ဒဂုံဆိပ်ကမ်း စက်မှုဇုန် ၁ ရှိ Golden Day
အထည်ချုပ်စက်ရုံမှာ ၁၀ လပိုင်း လုပ်ခလစာမရရှိမှုနှင့် စက်ရုံပိတ်သိမ်းမည်
ဆိုသောကြောင့် လက်ရှိအချိန်ထိ ညှိနှိုင်းမှု ပြေလည်မရရှိသည့်အတွက် အလုပ်သမား ၁၀၀
ခန့်မှ ဆန္ဒထုတ်ဖော်လျှက်ရှိကြောင်း၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင်
“လှပသော”သစ်အချောထည်စက်ရုံမှ အလုပ်သမား ၃၄ ဦးခန့်မှ စက်ရုံအတွင်း ဖွဲ့စည်းထားသော
အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်များအား အခွင့်အရေးများ ပိတ်ပင်ခြင်း၊ လုပ်ခလစာ အပြည့်အဝ
မပေးခြင်းတို့ကြောင့် အဓိက ဆန္ဒထုတ်ဖော်နေကြောင်း သိရသည်။
“လှပသော”သစ်အချောထည်စက်ရုံမှာ အောက်တိုဘာလ အတွင်းက လုပ်ခလစာနှင့် ပတ်သတ်၍လည်း
ဒဂုံဆိပ်ကမ်းတွင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
စက်ရုံအလုပ်သမားအရေး ဆောင်ရွက်ပေးလျှက်ရှိသော ကို နေလင်းမှ “ ‘လှပသော’
သစ်အချောထည် စက်ရုံမှာ အဓိကဖြစ်နေတာ အလုပ်ဆိုဒ်တွေထဲကို စက်ရုံပိုင်ရှင်ဘက်က
ပိုင်ရှင်မိသားစုတွေက ၀င်စွက်ဖက်တယ်။ နောက်ပြီး လုပ်ခလစာနဲ့ ပတ်သတ်လို့လည်း စက်ရုံက
အပြည့် အ၀မပေးနိုင်လို့ ဆန္ဒပြကြတာပါ” ဟု ပြောခဲ့သည်။
“ကျွန်မတို့က ၁၀ လပိုင်း လုပ်ခလစာမရလို့ တောင်းဆိုတယ်။ စက်ရုံသူဌေးက
စက်ရုံပိတ်တော့မယ် နစ်နာကြေးအနေနဲ့ တစ်လစာ လစာသာပေးမယ်လို့ ပြောတယ်။ ဒါဟာ ဘယ်လိုမှ
မဖြစ်သင့်ဘူး။ အလုပ်သမားဝန်ကြီးဌာနက လာရောက်ဖြေရှင်းပေးတယ်။ ဒါပေမယ့်
လက်ရှိအချိန်ထိ စက်ရုံဘက်က လိုက်လျောမှု မရှိသေးပါဘူး” ဟု ပြောကြားခဲ့သည်။
ယင်းဖြစ်စဉ်များနှင့် ပတ်သတ်၍ စက်ရုံများအား ဆက်သွယ်မေးမြန်းခဲ့သော်လည်း
တာဝန်ရှိသူုမရှိသဖြင့် ပြန်လည်ဖြေကြားနိုင်ခြင်း မရှိကြောင်း သိရသည်။
အလုပ်သမား အခွင့်အရေးများနှင့် ပတ်သတ်၍ အောက်တိုဘာလ ၂၂ နေ့မှစ၍
ဆန္ဒထုတ်ဖော်ခဲ့သော် တော်ဝင်မြန်မာ သစ်အချောထည်စက်ရုံမှာ နိုဝင်ဘာလ ၁၀ ရက်နေ့တွင်
၎င်းတို့ အဓိကတောင်ဆိုထားသော အချက်များ ရရှိသောကြောင့်
ပြေလည်မှုရရှိသွားပြီဖြစ်ကြောင်း သိရသည်။
Eleven Media Group


No comments:
Post a Comment