Wednesday, November 14, 2012

အမေရိကန်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်တွင်အသုံးပြုမည့် ပစ္စည်းများကြိုတင်ပေးပို့ရန် အမေရိကန်လေတပ်မှ စစ်လေယာဉ်များ မြန်မာနိုင်ငံသို့ရောက်ရှိ

အမေရိကန်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်အတွက် ကြိုတင်ညှိနှိုင်းမှုများပြုလုပ်ရန် နိုဝင်ဘာလ ၈ရက်နေ့တွင် အမေရိကန်နိုင်ငံမှ တာဝန်ရှိသူများလိုက်ပါလာသည့် ခရီးသည်တင်လေယာဉ်တစ်စီး၊ နိုဝင်ဘာလ ၁၁ရက်နေ့တွင် တာဝန်ရှိသူ ၉ဦးနှင့် စက်ပစ္စည်းများ၊ နိုဝင်ဘာလ ၁၂ရက်နေ့တွင် အမေရိကန်လေ တပ်မှ C 17 လေယာဉ် ၂စီးနှင့် နိုဝင်ဘာလ၁၃ရက်နေ့တွင် C17 လေယာဉ် ၃စီးတို့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ ကြောင်း သိရသည်။
''ခုရောက်လာတဲ့ အမေရိကန်လေတပ်က
စစ်လေယာဉ်တွေမှာ သမ္မတအိုဘားမား မြန်မာနိုင်ငံခရီးစဉ်မှာ အသုံးပြုမယ့် ရဟတ်ယာဉ်တို့ မော်တော်ယာဉ်တို့ စတဲ့ အသုံးဆောင်ပစ္စည်းတွေ၊ နောက်လုံခြုံရေး နဲ့သက်ဆိုင်တဲ့ ပစ္စည်းတွေပါလာတာဖြစ်ပါတယ်'' ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

thn-14-11-12-101
အမေရိကန်လေတပ်မှ C 17 လေယာဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရပ်နားထားစဉ်

ထပ်မံ၍ နိုဝင်ဘာလ ၁၅ရက်နေ့နှင့် ၁၇ရက်နေ့များတွင်လည်း  အမေရိကန်လေတပ်မှ စစ်လေယာဉ် များသည် မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထပ်မံရောက်ရှိမည်ဟုလည်း သတင်းရရှိပါသည်။
အမေရိကန်သမ္မတအဖြစ် သက်တမ်းနှစ်ကြိမ်ဆက် ရွေးချယ်ခံခဲ့ရသော ဘာရက်အိုဘားမားသည် မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၁၉ရက် နေ့တွင် လာရောက်ပြီး သမ္မတဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံ မည်ဖြစ်ကြောင်း သိရသည်။


Eleven Media Group

No comments:

Post a Comment