ထွန်းအိန္ဒြာဗို၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို နိုဝင်ဘာလ ၂၈ ရက်နေ့
(တန်ဆောင်မုန်းလပြည့်နေ့) တွင် ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံ၌ ပြုလုပ်မည်ဖြစ်ပြီး
ဖျော်ဖြေပွဲမှရရှိသော အကျိုးအမြတ်အားလုံးကို လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။
“မခိုင်ရဲ့ဒီဖျော်ဖြေပွဲကို လှူဒါန်းချင်တဲ့ စိတ်တစ်ခုတည်းနဲ့ စီစဉ်ဖြစ်တာပါ။
ရလာတဲ့အကျိုးအမြတ် အားလုံးကိုလည်း လှူဒါန်းသွားဖို့ စိတ်ကူးထားပါတယ်။ မခိုင်ရဲ့
တစ်ကိုယ်တော်ဖျော်ဖြေပွဲမှာ ပါဝင်ကူညီကြ မယ့် အနုပညာရှင်တွေထဲမှာ အနုပညာကြေးကို
လျှော့ယူလှူဒါန်းမယ့်သူတွေ၊ လုံးဝမယူဘဲ လှူဒါန်းမယ့်သူတွေလည်း အများကြီး ပါပါတယ်။
သူတို့အဲဒီလို
လျှော့ယူတာပဲဖြစ်ဖြစ်၊ လုံးဝမယူတာ ပဲဖြစ်ဖြစ် လျှော့ယူလှူဒါန်းတဲ့
ပမာဏတွေကိုလည်း တရားဝင်ကြေညာပေးသွားမှာပါ” ဟု ဖျော်ဖြေပွဲနှင့်ပတ်သက်၍
သရုပ်ဆောင်အကယ်ဒမီ ထွန်းအိန္ဒြာဗိုက ရှင်းပြခဲ့သည်။
ထွန်းအိန္ဒြာဗို၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲတွင် တေးသီချင်းအပုဒ် ၄၀ ခန့်အား
သီဆိုဖျော်ဖြေသွားမည်ဖြစ်ပြီး တစ်ဦးချင်း သီဆိုဖျော်ဖြေမှုသာမက နှစ်ယောက်တွဲ
သီဆိုဖျော်ဖြေမှုများ၊ အုပ်စုလိုက် သီဆိုဖျော်ဖြေမှုများကို ပြုလုပ်ရန် စီစဉ်ထားသည်ဟု
သိရှိရသည်။ ဖျော်ဖြေပွဲကို Alpine မှကူ ညီပံ့ပိုးပေးမည်ဖြစ်ပြီး Iron Cross Music
Entertainment မှ စီစဉ်တင်ဆက်ခြင်းဖြစ်သည်ဟု သိရှိရသည်။
Eleven Media Group
No comments:
Post a Comment