Tuesday, November 13, 2012

မှောင်ခိုကုန်သွယ်မှု ပမာဏမှာ တရားဝင်ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၁၈ ဘီလျံထက် များပြား၊ မှောင်ခိုလျော့နည်းပါက တရားဝင်ကုန်သွယ်မှု ဒေါ်လာဘီလျံ ၃၀ နီးပါးထိ မြင့်တက်နိုင်

မှောင်ခိုကုန်သွယ်မှု ပမာဏမှာ တရားဝင်ကုန်သွယ်မှု ပမာဏဖြစ်သော အမေရိကန်ဒေါ်လာ ၁၈ ဘီ လျံထက် များပြားကြောင်းနှင့် မှောင်ခိုလမ်းကြောင်းမှ ကုန်သွယ်မှုများ တရားဝင်အဖြစ် ရောက်ရှိမည်ဆိုပါက အမေရိကန်ဒေါ်လာ ဘီလျံ ၃၀ နီးပါအထိပင် ရောက်ရှိနိုင်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ ယခင်နှစ်က ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၈ ဘီလျံကျော် ရှိကြောင်း၊ မြန်မာနိုင်ငံတွင် တရားဝင်လိုင်စင် ပြုလုပ်ကုန်သွယ်မှုနှင့် တစ်ဖက်နိုင်ငံမှ တရားဝင်ကုန်သွယ်မှု ထုတ်ပြန် ချက်များနှိုင်းယှဉ်ပါက မြ၀တီနယ်စပ်ဂိတ်တစ်ခုတည်းပင် အမေရိကန်ဒေါ်လာ တစ်ဘီလျံနီးပါးအထိ တရားမ၀င်ကုန်သွယ်နေသည့် အနေအထားရှိကြောင်း သိရပါသည်။
၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ စက်တင်ဘာလအထိ ကိုးလအတွင်း ထိုင်း (မဲဆောက်အကောက်ခွန်ဌာန) နှင့် မြန်မာ (မြ၀တီကုန်သွယ်ရေးဇုန်) နှစ်ဖက်နယ်စပ် ကုန်သွယ်မှုသည် ထိုင်းနိုင်ငံဘက်မှ စာရင်းများအရ
အ မေရိကန်ဒေါ်လာ ၈၂၁ သန်းကျော် ပမာဏရှိပြီး မြန်မာဘက်မှ တရားဝင်လိုင်စင်ဖြင့် ကုန်သွယ်သည့်ပမာ ဏမှာ အမေရိကန်ဒေါ်လာ ၈၅ သန်း ကျော်သာရှိရာ အဆပေါင်းများစွာ ကွာလျက်ရှိသည်။

မှောင်ခိုတွေ တရားဝင်လမ်းကြောင်းပေါ်ကိုသာရောက်လာရင်တော့ မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုဟာ အခုပမာဏဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၁၈ ဘီလျံထက် အများကြီးပိုမှာပါ။ ကိန်းဂဏန်းအတိအကျနဲ့ ပြောဖို့ခက်သေးတဲ့အတွက် ဒီလောက်ပဲပြောပြတာပါ . . .
စားသောက်ကုန်၊ စက်သုံးဆီ၊ မော်တော်ယာဉ်များသာ ကုန်သွယ်သည့် ထိုင်းတစ်နိုင်ငံတည်းဖြင့် နယ် စပ်ကုန်သွယ်မှု၌ပင် တရားဝင်ထက် တရားမ၀င်ပမာဏက ကိုးဆကွာဟလျက် ရှိသည်၊၊ ကျောက်မျက်၊ ကျောက်စိမ်း၊ သစ်များတရားမ၀င် စီးထွက်သည့် တရုတ်နိုင်ငံဖြင့် ဆိုလျှင်လည်း ဆိုသို့ပင် အမေရိကန်ဒေါ်လာ ဘီလျံများစွာ ရှိနေမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလျံရှိသည်။ ယခုကဲ့သို့ အဆပေါင်းများစွာ ကွာဟသည့်အတိုင်း ရှိနေသည့် မှောင်ခိုကုန်သွယ်မှုများသာ တရားဝင်ကုန်သွယ်လာမည် ဆိုပါက အနည်းဆုံးနောက်ထပ် လေးဆအထိ မြင့်တက်ရုံနှင့်ပင် အမေရိကန် ဒေါ်လာ ဘီလျံများစွာတိုးလာမည်ဖြစ်ကြောင်း တွက်ချက်ထားသည်။
မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှုပမာဏ ၃ ဒသမ ၅ ဘီလျံ ကျော်ဟု ဆိုသော်လည်း တရုတ်နှင့် ထိုင်းနှစ်နိုင်ငံတည်းဖြင့်သာ အဓိကကုန်သွယ်သည့် ပမာဏဖြစ်ကြောင်း သိရသည်။
“မှောင်ခိုတွေ တရားဝင်လမ်းကြောင်းပေါ်ကိုသာ ရောက်လာရင်တော့ မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုဟာ အခုပမာဏဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၁၈ ဘီလျံထက် အများကြီးပိုမှာပါ။ ကိန်းကဏန်း အတိအကျနဲ့ပြောဖို့ ခက်သေးတဲ့အတွက် ဒီလောက်ပဲပြောပြတာပါ။ ဒါကလည်း နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ ထုတ်ပြန်တဲ့ တရားဝင်ကိန်းကဏန်းတွေပေါ်မှာ အခြေခံပြီး အများကြီးတက်လာနိုင်တယ်လို့ ပြောလို့ရတာပါ။ အဲဒါကြောင့်လည်း မှောင်ခိုကုန်သွယ်မှုတွေကို Mobile Team နဲ့လိုက်ပြီး စစ်ဆေးတယ်၊ တရားဝင်လိုင်စင်နဲ့ လုပ်လာအောင် လမ်းကြောင်းပေါ် တင်ပေးတဲ့အစီအစဉ်ကို လုပ်နေတာပါ” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
အမေရိကန်ဒေါ်လာ ဘီလျံ ၃၀ နီးပါးဟု ဆိုရာတွင် လက်ရှိမြန်မာနိုင်ငံမှ တရားမ၀င်စီးထွက်နေသည့် ကုန်စည်များ၊ မြန်မာနိုင်ငံသို့ တရားမ၀င်စီးဝင်နေသည့် ကုန်စည်များအားလုံး၏ ကုန်သွယ်မှုများ တရားဝင်ဖြစ် လာလျှင် တိုးလာမည့်ပမာဏဖြစ်သည်ဟု သိရသည်။

Eleven Media Group

No comments:

Post a Comment