ထိုဆောင်းပါးများထဲမှ ဆရာကြီး လူထုဦးလှရေးသားသည့် ““မင်းတုန်းမင်း နှင့်သတင်းစာ””နှစ်ပေါင်း(၉၀)က ရရှိခဲ့ သောသတင်းစာလွတ်လပ်ခွင့်ဟူသော သတင်းစာလွတ်လပ်ခွင့်ပုံရိပ်များကို လေ့ လာတွေ့ရှိရသည်။သတင်းစာလွတ်လပ် ခွင့်နှင့်ပတ်သက်၍ အဓိကကျသော
အချက်အချို့ကိုကောက်နှုတ်တင်ပြရလျှင် ၁၈၃၇ခုနှစ်တွင် မော်လမြိုင်၌စတင်ထုတ် ဝေသော ““မော်လမြိုင်က ရော်နီကယ် သတင်းစာ””အယ်ဒီတာအား ဗြိတိသျှ အစိုးရလုပ်ကိုင်ပုံကို ဝေဖန်ရေးသည့် အတွက် မော်လမြိုင်ဗြိတိသျှအစိုးရ အာဏာပိုင်များက တစ်လနီးပါးအကျဉ်း ထောင်တွင်းထည့်ထားခြင်းမှစ၍ ဗြိတိ သျှလက်အောက်တွင်လည်း ဒီမိုကရေစီ ဆိုသည်မှာ ၎င်းတို့အကြိုက်နှင့်ကိုက် သော ဒီမိုကရေစီမျိုးသာရှိနေသည်မှာ ထင်ရှားပေသည်။ ၁၈၇၄ခုနှစ်တွင် ၁၂၃၆ခု တပေါင်းလပြည့် တနင်္ဂနွေနေ့မှ စ၍ မင်းတုန်းမင်းတရားကြီးက ရတနာ ပုံ နေပြည်တော်သတင်းစာကို ထုတ်ဝေ စေခဲ့သည်။ သတင်းစာထုတ်ဝေရန်ပြင် ဆင်နေချိန်မှာပင် အယ်ဒီတာအဖွဲ့ဝင် များအား-
““ငါမကောင်းလျှင် ငါ့ကိုရေး ငါ့မိ ဖုရားတွေမကောင်းလျှင် မိဖုရားတွေကို ရေး ငါ့သားတော်၊သမီးတော်တွေမကောင်း လျှင် သားတော်၊သမီးတော်တွေကိုရေး၊ လွှတ်တရားသူကြီးတွေမကောင်းလျှင် တရားသူကြီးတွေကိုရေး၊မြို့ဝန်တွေမ ကောင်းလျှင်မြို့ဝန်များကိုရေးမင်းတို့သ တင်းစာတွေ၌အပြစ်မရှိစေရ။နန်းတော် အတွင်းသို့ သတင်းစာတိုက်က မည်သူ မဆိုအတား အဆီးမရှိဝင်ထွက်စေ””ဟူ၍ အမိန့်တော်ပေးထားပေသည်ပဒေသရာဇ် မင်းဧကရာဇ်ပင်ဖြစ်သော်လည်းသတင်းစာ အခွင့်အရေးပေးရာ၌ကား၊အဆင့်အတန်း အလွန်မြင့်ပေသည်ဟူ၍ သတင်းစာ၊ မီဒီယာတို့၏လွတ်လပ်ခွင့်ပုံရိပ်ကို ဆရာ ကြီးလူထုဦးလှကတင်ပြထားသည်ကို တွေ့ရှိရသည်။
ထို့အတူ မင်းတုန်းမင်းတရားကြီး လက်ထက် မြန်မာပညာရှိပခန်းဝန်ကြီး ဦးရန်ဝေ၏မှတ်သားဖွယ်ထိရောက်သော စကားများဟူ၍ ကောက်နုတ်တင်ပြထား သော ၁၉၄၉ခုနှစ် ဖော်ဖော်ဝါရီလ အတွဲ (၂) အမှတ်(၁) ““စစ်နှလုံး””နှစ်ပတ်လည် အထူးရုပ်စုံစာစောင်တွင် ဖော်ပြထား သည့် (၁)၊ ရှင်ဘုရင်ပီပီလုပ်၍နေသည် အကောင်းသားနှင့်တောင်ကပြောယုံ မြောက်ကပြောယုံနှင့်ကောင်းနိုင်မည်မဟုတ် ဘူး။နိုင်ငံကို အရေးလွှဲအပ်သော လွှတ် တော်ဝန်ကြီးများထားသည့်အတွက် ဘာ အကျိုးရှိဦးမှာလဲ။
(၂)၊ ရှင်ဘုရင်ဖြစ်ပြီး ပြည်သူဆင်း ရဲသားတို့အပေါ်၌ အမြတ်လိုချင်လျှင် ကုန်သည်ထွက်လုပ်ပေတော့။
(၃)၊ မိမိတပ်သားများကိုလည်း လေ့ ကျင့်စေရမည်။လက်နက်ကိရိယာများကို လုပ်ကိုင်ရန် ရွှေတိုက်တော်မှ ထုတ်ယူ ကြရမည်။လက်နက်ကိုင်များကိုလည်း မ ညှိုးမနွမ်းအားတက်အောင်ချီးမြောက်ကြ ရမည်ဟူသော ပြောဆိုတင်ပြချက်တို့မှာ လည်း လွတ်လပ်ခွင့်နှင့်ဒီမိုကရေစီပုံရိပ် များခွင့်ပြုဆောင်ရွက်ချက်များဟု ယူဆ နိုင်မည်ဖြစ်ပါသည်။
မြန်မာတို့၏ဘုရင် မင်းတုန်းမင်း တရားကြီးခေတ်ကာလမှရရှိခဲ့သော သတင်းလွတ်လပ်ခွင့်များနှင့်ဒီမိုကရေစီ ပုံ ရိပ်တို့မှာ ဗြိတိသျှနယ်ချဲ့တို့ မြန်မာနိုင်ငံ သားကျူးကျော်သိမ်းပိုက်လျက်နှစ်ပေါင်း (၁၀၀)ကျော် ကျွန်ဘ၀တွင် ထိုအခွင့်အ ရေးများသည် ဆုံးရှုံးကွယ်ပျောက်ခဲ့ရသည် မှာ မြန်မာပြည်သူအပေါင်းသိရှိခံစားခဲ့ ကြရပြီး ဖြစ်ပါသည်။သို့သော မြန်မာ ပြည်သူတို့သည် ဖက်ဆစ်နှင့်နယ်ချဲ့စနစ် များအား တိုင်းရင်းသားသွေးစည်းညွတ်မှု အင်အားဖြင့် ခုခံတိုက်ခိုက်တော်လှန်ခဲ့ ကြရာ ၁၉၄၈ခုနှစ်တွင် လွတ်လပ်သော မြန်မာနိုင်ငံတော်ကြီးအဖြစ် ပြန်လည်ရရှိ ခဲ့လေသည်။
ထိုလွတ်လပ်ရေးနှင့်အထူးဆုံးရှုံးခဲ့ သော သတင်းမီဒီယာလုပ်ငန်းများကို ခေတ်၏ အခြေအနေအချိန်အခါနှင့်အထူး အစဉ်သဖြင့် တောင်းဆိုတိုက်ပွဲဝင်မှုများ ကြောင့် လွတ်လပ်ရေးရရှိပြီး (၄)နှစ်မျှ အကြာ ၁၉၅၂ခုနှစ်တွင် ပူးတွဲပါ သတင်း ဖော်ပြချက်မှာ သတင်းစာလွတ်လပ်ခွင့် ၏ပုံရိပ်သဖွယ်ဖြစ်သည်ဟုဆိုရမည်ဖြစ် ပေသည်။ထိုသတင်းဖော်ပြချက်မှာ (၁၄.၃.၁၉၅၂)ခုနှစ် ရန်ကုန်သတင်းစာ စာမျက်နှာ(၁၆)တွင်-
ဗိုလ်နေ၀င်းဇနီးအကြီးဖြစ်သူ ဒေါ် တင်တင်၊သားမောင်ငွေစိုးနှင့်မောင်အောင် တို့လာတိုင်ခြင်း
နိုင်ငံတော်သမ္မကြီးအမှူးပြု၍ နိုင်ငံ တော်ဝန်ကြီးချုပ်သခင်နုနှင့်အစိုးရအဖွဲ့ ၀န်ကြီးများ နိုင်ငံရေးခေါင်းဆောင်ကြီး များ၊ဗမာ့တပ်မတော်ရဲဘော်များ၊ရဲဘော် ဟောင်းများနှင့်တကွ တိုင်းသူပြည်သား၊ မြို့မိမြို့ဖအပေါင်းတို့အား စစ်သေနာပတိ ချုပ် သတိုးသီရိသုဓမ်္မ ဗိုလ်ချုပ်ကြီးနေ၀င်း ၏ဇနီးဖြစ်သူ ကျွန်မဒေါ်တင်တင်နှင့်သား ကိုငွေစိုး၊ကိုအေးအောင်တို့က ရိုသေစွာ လေးမြတ်စွာ မေတ္တာရပ်တိုင်ကြားအစီရင် ခံပါသည်။
ကျွန်မ၏ခင်ပွန်းဖြစ်သူ ဗိုလ်ချုပ်နေ ၀င်းသည် တပေါင်းလပြည့်နေ့က ရန်ကုန် မြို့ဆေးရုံကြီးဝင်းအတွင်းရှိ ဆေးကျောင်း အုပ်ကြီး ဒေါက်တာဘသန်း၊ ဇနီး ဒေါ် ခင်ကြည်တို့၏သမီးကစ်တီဘသန်းနှင့် လက်ထပ်ပါသည်။ကျွန်မနှင့်ဗိုလ်ချုပ်နေ ၀င်းတို့မှာ လွန်ခဲ့သော (၁၄)နှစ်ခန့်က ၁၂၉၉ခု ဒုတိယ၀ါဆိုလ္ဆန်း(၁၁)ရက် တနင်္ဂနွေနေ့တွင် မောင်ဂိုမာရီလမ်း အိမ် နံပါတ်(၁၀၆)၌ ဗိုလ်ချုပ်၏ဖခင်ဦးဘိုးခ ကိုယ်တိုင် နှစ်ဦးနှစ်ဖက်မိဘများရှေ့၌ အတိအလင်းလူသိရှင်ကြားထိမ်းမြား မင်္ဂလာလက်ထပ်ပေးခဲ့ပါသည်။ ကျွန်မ သည် ကျွန်မ၏ခင်ပွန်းကို ဤကဲ့သို့ဗိုလ် ချုပ်ကြီးဖြစ်လာလိမ့်မည်ဟုလည်း မမျှော် မှန်းမထင်မြင်မိခဲ့ပါ။အင်္ဂလိပ်ကို ခုခံတိုက် ခိုက်သော မျိုးချစ်နိုင်ငံရေးခေါင်းဆောင် တစ်ဦးအဖြစ်ဖြင့် ကြည်ညိုလေးစားပြီး လျှင် ဆင်းရဲဒုက်္ခအမျိုးမျိုးကိုပျော်ရွှင်စွာ ငုံ့ခံခဲ့ပါသည်။ထိုခံခဲ့ရသော ဒုက်္ခများကို ကျွန်မ မပြောလိုတော့ပါ။ အင်္ဂလိပ်လက် ထက်နိုင်ငံရေးသမားများ၏ဇနီးတိုင်း ကောင်းစွာ ခံစားခဲ့ဖူးကြပါသည်။
ဗိုလ်ချုပ်နေ၀င်း ဂျပန်သွားစဉ်အခါ က ကျွန်မ၏သားအကြီး ကိုငွေစိုးမှာ(၂) နှစ်သားမျှသာရှိသေးသည်။ထို(၂)နှစ် သား ကိုငွေစိုးနှင့်ကျွန်မမှာ ဆင်းရဲဒုက်္ခ အမျိုးမျိုးခံခဲ့ရပါသည်။ဗိုလ်ချုပ်ဂျပန်က ပြန်လာပြီးနောက် တာဝါလိန်းအိမ်တွင် ကျွန်မတို့မိသားစု ပျော်ရွှင်စွာအတူနေ ထိုင်ကြပါသည်။ ဂျပန်တော်လှန်ရေးတွင် ကျွန်မနှင့်သားကိုငွေစိုးတို့မှာ ဂျပန်ဘေး ရန်မှ ရတနာသုံးပါးဂုဏ်ကျေးဇူးကြောင့် လက်မတင်လေးလွတ်မြောက်ခဲ့ကြရပါ သည်။
မြန်မာပြည်ကြီး လွတ်လပ်ရေးရပြီး နောက် ကျွန်မ၏ခင်ပွန်းသည် ဗိုလ်ချုပ် ကြီးဖြစ်လာပါသည်။ကျွန်မတို့မိသားစု ၀င်ဒါမီယာ အိမ်နံပါတ်(၂၁)တွင် အတူ တကွပျော်ရွှင်စွာနေထိုင်ကြပါသည်။ထို အိမ်တွင်ပင် ၁၃၁၁ခုနှစ် ၀ါဆိုလ်္ဆုတ်(၈) ရက်တွင် ဒုတိယမြောက်သားငယ် ကိုအေးအောင်ကိုမွေးဖွားခဲ့ပါသည်။ ယခု ကျွန်မယောက်ျားသည် တပေါင်းလပြည့် နေ့က ဒေါက်တာဘသန်း၏သမီး ကစ်တီ ဘသန်းနှင့်လက်ထပ်ပါသည်။ကျွန်မ ဒေါ်တင်တင်သာလျှင် မယားကြီးဖြစ် ကြောင်းကို နိုင်ငံတော်သမ္မတကြီးနှင့်တကွ နိုင်ငံတော်ဝန်ကြီးချုပ်သခင်နု အစိုးရအဖွဲ့ ၀င်ဝန်ကြီးများ၊နိုင်ငံရေးခေါင်းဆောင်ကြီး များတပ်မတော်ရဲဘော်ကြီးများနှင့်ရဲဘော် ဟောင်းများနှင့်တကွ၊မြို့မိမြို့ဖ တိုင်းသူ ပြည်သားတို့အား ကျွန်မဒေါ်တင်တင်နှင့် တကွ သားကြီးကိုငွေစိုး၊သားငယ်ကိုအေး အောင်တို့က ရိုသေလေးမြတ်စွာမေတ္တာ ရပ်တိုင်ကြားအပ်ပါသည်။
မြို့မိမြို့ဖများ၏ မေတ်္တာရိပ်ကိုခိုလုံ လျက်ရှိသော- ဒေါ်တင်တင်၊ ကိုငွေစိုး (သားကြီး)၊ ကိုအေးအောင်(သားငယ်)
ဤသည်တို့မှာ တစ်ချိန်သော ကာ လက သတင်းမီဒီယာတို့၏ လွတ်လပ်ခွင့် ပုံရိပ်များနှင့်အဆင့်အတန်းမရွေး၊အထူး ကြီးငယ်မရွေး မည်သူပင်ဖြစ်စေ၊ဖြစ်ရပ် မှန်များကို သတင်းစာလွတ်လပ်ခွင့်များ အရ ရေးသားတင်ပြဖော်ပြပေးနိုင်ခဲ့သော သတင်းမီဒီယာလွတ်လပ်ခွင့်လေ့လာတွေ့ ရှိချက်များပင်ဖြစ်ကြောင်း ထင်မြင်ယူဆ ယုံကြည်နေမိပါတော့သည်။
စောကျော်အေး
Hot News
No comments:
Post a Comment