Friday, November 16, 2012

ရိုးရာဆင်စွယ်ပန်းပုပညာရပ် မကြာသောကာလတွင် တိမ်ကောပျောက်ကွယ်နိုင်

မြန်မာ့ရိုးရာဆင်စွယ်ပန်းပုပညာရပ် သည် ဆင်စွယ်ကုန်ကြမ်းလုံးဝမရနိုင် တော့သဖြင့် နောက်မျိုးဆက်သစ်များ အား လက်ဆင့်ကမ်းသင်ကြားပြသပေး နိုင်ခြင်းမရှိသောကြောင့် မကြာသော ကာလတွင် ကွယ်ပျောက်သွားနိုင်ကြောင်း   အသက်(၇၆)နှစ်အရွယ်ရှိ ဆင်စွယ်ပန်း  ပုပညာရှင်ကြီး ဆရာကြီးဦးဝင်းမောင် က  သုံးသပ်သွားသည်။
၎င်းကပြောကြားရာတွင် ကမ္ဘာပေါ် ၌ တိရစ္ဆာန် ထိန်းသိမ်းရေးဆောင်ရွက်နေ  ကာ တရားဝင်ဆင်စွယ်ရောင်းဝယ်ခွင့် ပိတ်ပင်ထားသဖြင့် ဆင်စွယ်ကုန်ကြမ်း   တရားဝင်ရရှိနိုင်ရန် ခက်ခဲလာကြောင်း၊ မှောင်ခိုဈေးကွက်တွင် ဆင်စွယ်များ တရားမ၀င်ရောင်းဝယ်နေကြကြောင်း  ကြားသိနေရသော်လည်း မိမိအနေဖြင့် 
ဥပဒေမကင်းသည့်ရောင်းဝယ်မှုကို မပြု လုပ်နိုင်ခဲ့သည်မှာ ကြာခဲ့သလို မိမိမသေ ခင် ပညာအမွေပေးခဲ့ချင်သော်လည်း လက်ဆင့်ကမ်းမပေးနိုင်ပါကြောင်း ထို့ ကြောင့် ရိုးရာဆင်စွယ်ပန်းပုပညာရပ် တိမ်ကောပျောက်ကွယ်သွားမှာ စိုးရိမ်  မိပါကြောင်းပြောသည်။
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း   မျိုးသုဉ်းအန္တရာယ်မှ ကာကွယ်ရမည့်  တောရိုင်းတိရစ္ဆာန်စာရင်းတွင် ဆင်ကို လုံးဝကာကွယ်စောင့်ရှောက်ရမည့် တိရ  စ္ဆာန်အဖြစ် သစ်တောရေးရာဝန်ကြီးဌာန    ၏ (၂၆.၁၀.၁၉၉၄)ခုနှစ် ရက်စွဲပါ စာ အမှတ် အမိန့်ကြေညာစာ(၅၃၈/၉၄) ဖြင့် ထုတ်ပြန်ကြေညာထားပြီးဖြစ်သည်။
တစ်ဖန် ၁၉၉၇ ခုနှစ်တွင် အပြည်  ပြည်ဆိုင်ရာ မျိုးသုဉ်းပျောက်ကွယ်လုနီး ပါး အပင်နှင့်တိရစ္ဆာန်များ တရားမ၀င်  ရောင်းဝယ်ဖောက်ကားမှုတားမြစ်ရေး  စာချုပ် (CITIES) တွင် လက်မှတ်ရေးထိုး ခဲ့ပြီး ၂၀၀၅ခုနှစ်မှ စတင်၍ (ASEAN- WEN.ASEAN Wildlife Enforce ment Network) အာဆီယံဒေသတွင်း တော ရိုင်းတိရစ္ဆာန်နှင့်သဇင်ပင်ပန်းမန်များ   တရားမ၀င်ကူးသန်းရောင်းဝယ်မှုတားဆီး နှိမ်နင်းရေးကွန်ရက်အဖွဲ့တွင် အဖွဲ့ဝင်  အဖြစ် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် မြန်မာနိုင်ငံအတွင်း၌လည်း ကောင်း၊နယ်စပ်ကျော်ဖြတ်၍လည်းကောင်း၊ တောရိုင်းတိရစ္ဆာန်နှင့်သစ်ပင်ပန်းမန်များ   တရားမ၀င်ရောင်းဝယ်နေမှုများအား ဥပဒေအရထိရောက်စွာ တားဆီးအရေး ယူလုပ်ငန်းများဆောင်ရွက်ရန် ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြည်ထောင် စုအစိုးရအဖွဲ့၏ (၂၇.၅.၂၀၁၁)ရက်စွဲ     ပါ အမိန့်ကြေညာစာ အမှတ်(၂၁/ ၂၀၁၁)ဖြင့် “နိုင်ငံအဆင့်တောရိုင်းတိရစ္ဆာန်      နှင့်သစ်ပန်ပန်းမန်များ တရားမ၀င်ရောင်း ၀ယ်မှုများအား ဥပဒေအရထိရောက်စွာ   တားဆီးအရေးယူပေးရေးလုပ်ငန်းအဖွဲ့ (Nitional Wildlife Low Enforcement Task Force) ကိုဖွဲ့စည်းခဲ့သည်ဟုသိရ သည်။ ထိုမှစ၍ ဆင်စွယ်ကို အဓိကကုန် ကြမ်းအဖြစ် ထုဆစ်ရသောရိုးရာ ဆင် စွယ်ပန်းပုလုပ်ငန်းသည်လည်း ရပ်ဆိုင်း သွားသည်ဟုသိရှိရသည်။
ဆရာကြီးဦးဝင်းမောင်၏ ပြောပြ ချက်အရ ရန်ကုန်မြို့တော်တွင် ဆင်စွယ်   ပန်းပုလုပ်ငန်းကို အင်္ဂလိပ်ခေတ်ကာလ   လမ်းမတော်ဆရာအုံမှ စတင်ခဲ့ကြောင်း၊   မိမိမှာဆရာအုံ၏ တပည့်ရင်း ဆရာဦး  ထွန်းရင်မှ လက်ဆင့်ကမ်းအမွေဆက်ခံ   ခဲ့ရသော တတိယမျိုးဆက်ဖြစ်ကြောင်း၊ ဆရာအုံတို့ခေတ်ကတည်းက ဆင်စွယ် ဖြင့်နတ်သမီး၊မင်းသမီး၊မင်းသားကရုပ် ခြင်းလုံးခတ်ဟန်ရုပ်၊သစ်ဆွဲဆင်၊တိုးဆင်၊  ဆင်တန်းရုပ်၊သံကွန်ချာရုပ်၊နွားလှည်း  ရုပ်များထုဆစ်ခဲ့ကြရကြောင်း မိမိကဲ့သို့     တတိယမျိုးဆက်ဆင်စွယ်ပန်းပုပညာရှင်   များဖြစ်သော ဆရာဌေး၊ဆရာဦးညွှန့် မောင်။ဆရာဦးစံတင်တို့သာ သက်ရှိထင် ရှားရှိနေသေးသည်ဟုသိရကြောင်း၊စတု တ္ထမျိုးဆက်နောက်ပိုင်း ဆင်စွယ်ပန်းပု  ပညာလက်ဆင့်ကမ်းနိုင်မှုမရှိတော့ကြောင်း ရှင်းပြသည်။
““မဆလ လက်ထက်မှာတုန်းက Meic ကနေ ဆင်စွယ်တွေချပေးလို့ ကျွန်တော်တို့ထုခဲ့ကြရသေးတယ်။ နောက် န၀တလက်ထက်မှာ မြန်မာ့သစ် လုပ်ငန်းကနေ မြန်မာနိုင်ငံရိုးရာပန်းပညာ ရှင်များအစည်းအရုံးကိုချပေးသေးတယ်လို့ ကြားလိုက်တယ်။ဘယ်သူရလိုက်သလဲ တော့မသိဘူး။ကျွန်တော်တို့တော့မရလိုက်  ဘူး။အခုလည်း နိုင်ငံရေးအစိုးရအနေနဲ့ သစ်တော့ဌာနက သိမ်းထားတဲ့ဆင်စွယ် တွေကို ဒီအတိုင်းထားမဲ့အစားပန်းပုထုဖို့ ချပေးရင် သိပ်ကောင်းမှာပဲ””ဟုဆိုသည်။
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင်  ဆင်မြင့်သစ်ထုပ်လုပ်နေသောတစ်ခု တည်းသော နိုင်ငံဖြစ်သည်။ထို့ပြင် ပတ် ၀န်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေး ရာဝန်ကြီးဌာနမှ ရခိုင်ပြည်နယ်၊သံတွဲမြို့ နယ်၊ဂွမြို့နယ်၊မန္တလးတိုင်းဒေသကြီး မိုးကုတ်၊သပိတ်ကျဉ်းမြို့နယ်နှင့်ရှမ်းပြည်  နယ်မြောက်ပိုင်း၊မိုးမိတ်မြို့နယ်တို့တွင် ဆင်ဘေးမဲ့တောကို တည်ထောင်ပြီး ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖေသောရီ
Hot News

No comments:

Post a Comment