Tuesday, November 13, 2012

ဤသို့ယူသော်ရ၏ ဤသို့မယူသော်မရ

ငယ်ရွယ်နုပျိုစဉ်အရာရှိလူပျိုဘ၀က  အရာရှိရိပ်သာတွင် အရာရှိငယ်များစုစည်း မိသည့်စကားဝိုင်း၌ တပ်ရင်းမှူးကတာဝန် ပေးလိုက်သောရှုပ်ထွေးသည့်လုပ်ငန်းဆောင်  တာ ကိစ္စတစ်ရပ်ကိုပြီးမြောက်အောင်မြင် အောင်ဆောင်ရွက်လိုက်နိုင်သည့်အခါများ တွင် ပြဿနာကို ဖြေရှင်းရန်အတွက် လိုအပ်သောအချက်အလက်များအား မည်သို့ရအောင်စုစည်း၍ ဆင်ခြင်တွေး တောဆက်စပ်ဆောင်ရွက်အဖြေရခဲ့သည်ကို “ဤသို့ယူသော်ရ၏” ဟု သူငယ်ချင်း  အချင်းချင်းသတင်းအတွေ့အကြုံဖလှယ် လျက်နောက်ပြောင်ကျီစယ်အော်ဟစ် ခဲ့ကြပါသည်။ ဆန့်ကျင်ဘက်စကားက တော့ “ဤသို့မယူသော်မရ” ဖြစ်ပါသည်။
ဦးနှောက်စားရသည့်ကိစ္စတစ်ရပ်ကို
ဆောင်ရွက်ရသည့်အခါတိုင်း “ဤသို့ယူ သော်ရ၏”ဟူသော ငယ်ရွယ်နုပျိုတက်ကြွ  နေစဉ်အခါက အော်ဟစ်ကြွေးကြော်ခဲ့ သော အသံကိုပြန်လည်ကြားယောင်မိပါ သည်။ စိတ်ပျို၍ ငယ်မူငယ်သွေးအလုပ် မာနများလည်းပြန်၍ ပေါ်လာတတ်ပါ သည်။ စိတ်လက်ပေါ့ပါးရယ်စရာအတွေ့ အကြုံတစ်ခုလိုတင်ပြလိုပါသည်။ စာရေး သူသည် မိတ်္ထီလာရှိတပ်ရင်းတစ်ရင်းတွင် တာဝန်ထမ်းဆောင်နေချိန် ၁၉၇၉ ခုနှစ် စပိုင်းအချိန်ကဖြစ်ပါသည်။ အလုပ်သမား  အရေးအခင်းကလည်း အရှိန်မသေသေး   သည့်အချိန်အခါတွင် စာရေးသူဗိုလ်ကြီး ပေါက်စကိုတပ်ရင်းမှူးက ရန်ကုန်မြို့၊ အင်းစိန်ရှိစက်ရုံတစ်ခုတွင် တပ်တွင်းသမ၀ါ  ယမဆိုင်အတွက် ခေါက်ဆွဲသေတ္တာများ  သွားရောက်ထုတ်ယူရန်တာဝန်ပေးပါသည်။
အင်းစိန်ရှိစက်ရုံဝင်းထဲသို့တပ်မှ စစ်ကားဖြင့် ၀င်သွားကတည်းက အလုပ်သမားများ၏ အကြည့်များသည်အလွန်မှ ပင်စိမ်းကားကြောင်း သတိထားမိပါသည်။  မိမိအပါအ၀င်ယာဉ်မောင်းစစ်သည်တစ်ဦး၊ ကူညီရန်ရဲဘော်တစ်ဦးစုစုပေါင်းသုံး ဦးတည်းဟီးနိုးရိန်းဂျားကားတစ်စီးဖြင့် ရာဂဏန်းနီးပါးအလုပ်သမားများအကြား သို့ရောက်ရှိနေကြောင်း သတိထားမိပါ သည်။ အလုပ်သမားများ၏ အခြေအနေ  မှာစေတနာရှိသည့်အသွင်သဏ္ဌာန်များမရှိ သော်လည်း ကိုယ်ထိလက်ရောက်ရန်မူ မည့်အသွင်ကိုလည်း မတွေ့ရဟုသုံးသပ် ရရှိပါသည်။ ထိုစက်ရုံမှ အရာရှိထံဝင်၍ တွေ့ရပါသည်။
အရာရှိမှာ အမျိုးသမီးဖြစ်ပြီးအသက်မှာ ၄၀ ၀န်းကျင်ခန့်သာရှိမည်ဖြစ်သဖြင့် ၂၇ နှစ်ရှိပြီဖြစ်သော စာရေးသူ၏အစ်မ ကြီးအရွယ်၊ အဒေါ်ငယ်အရွယ်ဖြစ်ပါ သည်။ အရာရှိမှာလည်း မျက်နှာထားတင်း တင်းနှင့်ပင်ဖြစ်ပြီး စာရေးသူယူဆောင် လာသော ရုံးစာရွက်စာတမ်းများ စုံလင်ခြင်းမရှိဟုဆိုပြီး နောက်တစ်ခေါက်မှ ပြန်လာရန်ပြောပါတော့သည်။ စာရေး သူက အရာရှိမမကိုအကဲခတ်ကြည့်ရာ မျက်နှာသာတင်းထားသော်လည်း ကြည် လင်သောဥပဓိရုပ်လက္ခဏာကိုတွေ့ရှိမိပါ သည်။ စာရေးသူလည်း မိမိမှာ မိတ်္ထီလာမှလာရခြင်းဖြစ်ကြောင်း၊ စာရွက်စာတမ်း  မပြည့်စုံရခြင်းမှာလည်း မိမိ၏စီနီယာဗိုလ်ကြီးကရပြီ သွားတော့ဆိုသောစကားကို ယုံကြည်ခဲ့မိ၍ဖြစ်ကြောင်း၊ နောက်တစ် ခေါက်ဆိုသည်မှာလည်း အသွားအပြန် ဖြင့်မလွယ်ကြောင်း၊ တပ်ရင်းမှူး၏အဆူခံ ထိမှာ သေချာနေပြီဖြစ်ကြောင်းများကို ပြောပြရာအရာရှိသည် သနားသွားသည်  ထင်ပါသည်။ လိုအပ်သောစာရွက်စာတမ်း  များကို ပို့ပေးရန်ပြောကြားပြီး ခေါက်ဆွဲ  သေတ္တများထုတ်ယူခွင့်ပြုလိုက်ပါသည်။
တပ်သို့ပြန်ရောက်မှ သိရသည်မှာ ထိုစက်ရုံအရာရှိသည် အပျိုကြီးဖြစ်ပြီး မိမိတပ်မှမည်သည့်စီနီယာဗိုလ်ကြီးနှင့်မှအဆင်မပြေခဲ့ဖူးသောကြောင့် မအူမလည် ဗိုလ်ကြီးသုံးပွင့်ဖြစ်ခါစ စာရေးသူကိုတာ ၀န်ပေးစေလွှတ်လိုက်ခြင်းဖြစ်ကြောင်း ပြောပြကြပါသည်။ ခေါက်ဆွဲသေတ္တာများကို ထိုအရာရှိမမနှင့် အရေးအခင်း ပြီးခါစအလုပ်သမားများအကြားက အောင်မြင်စွာထုတ်ယူလာနိုင်ခဲ့သဖြင့်လည်း ချီးမွမ်းကြပါသည်။ “ဤသို့ယူသော် ရ၏” ၏ အောင်ပွဲလေးတစ်ခုဖြစ်ပါသည်။
ဤသို့ဖြင့်အချိန်များသည် ဆယ်စုနှစ်များစွာ ကုန်ဆုံးခဲ့ပါသည်။ ၂၀၀၉ ခုနှစ်၏ နှစ်ဆန်းစရက်တစ်ရက်တွင် တပ်မတော်အစိုးရမှ ပုဂ်္ဂိုလ်ကြီးတစ်ဦးသည်စာရေး သူအား ခေါ်ယူတွေ့ဆုံ၍ တက္ကသိုလ် အားကစားကိုပြန်လည်အကောင်အထည် ဖော်ဆောင်ရန် တာဝန်ပေးပါသည်။ ထိုအချိန်ကတက္ကသိုလ်အချင်းချင်းကန် သော ဘောလုံးပွဲများ တိမ်ကောပျောက် ကွယ်နေသည်မှာ အနှစ် ၂၀ ကျော်နေပြီ ဖြစ်ပါသည်။ တက်္ကသိုလ်တစ်ခုတည်းအတွင်း ရှိ အဓိကဘာသာတစ်ခုတည်းအတွင်း ဘောလုံးအသင်းများစုဖွဲ့၍လည်းကောင်း၊  တက္ကသိုလ်တစ်ခုတည်းအတွင်းမှ မတူညီ သော အဓိကဘာသာအချင်းချင်းကစား ကြခြင်းဖြင့်လည်းကောင်း၊ တက္ကသိုလ် ဘောလုံးပွဲများသည်အသက်ဆက်နေရပါ သည်။
တက္ကသိုလ်တစ်ခုနှင့် တစ်ခုဘောလုံး ကန်လျှင်ရန်ဖြစ်ပြီး ထိန်းသိမ်းရခက်မည်  ကိုစိုးရိမ်သဖြင့် အနှစ် ၂၀ ကျော်ရပ်တန့် ထားခဲ့ပြီးဖြစ်ပါသည်။ ပညာရေးခြံပေါက်လူကြီးများကိုယ်၌က အားမပေးပါ။ “ဤသို့မယူ”သဖြင့် “မရ” အဆင့်က ပြဿနာလည်းအေး၍ လူလည်းသက်သာ  သည်ဟုပညာရေးခြံပေါက်ပုဂ်္ဂိုလ်ကြီးများ  ကိုယ်ကခံယူထားကြပါသည်။ ရန်ကုန်  တက္ကသိုလ်ရေကူးကန်၊ အားကစားရုံ၊ တင်းနစ်ကွင်းများ အားလုံးသည်လည်း စာချုပ်ဖြင့် ငှားရမ်းထားသော စီးပွားရေး လုပ်ငန်းရှင်ကြီးများ၏ လက်အတွင်းသို့ ရောက်ရှိနေကြပါသည်။ ရန်ကုန်ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်၏အလေးမရုံကြီးသည် လည်း တက္ကသိုလ်ဝင်စာမေးပွဲမေးခွန်းများ သိုလှောင်ထိန်းသိမ်းရာဌာနကြီးဖြစ်နေပါ သည်။ တက္ကသိုလ်အပန်းဖြေရိပ်သာ (Recreation Center/RC) အတွင်းရှိ ဘတ်စကက်သော၊ ဘော်လီဘော၊ ပိုက် ကျော်ခြင်းကွင်းများသည်လည်း လှုပ်လီ လှုပ်လဲ့သာရှိနေပါသည်။ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများသည်မိမိ တို့၏ အားကစားကွင်းများမှာပင် လုပ်ငန်း  ရှင်များသတ်မှတ်သော ၀င်ကြေးကိုပေး ၍ ကစားနေကြရသဖြင့် လှုပ်ရှားမှုနည်းပါး ကြပါသည်။ ပညာရေးခြံပေါက်ပုဂ်္ဂိုလ်ကြီး များ၏ တာဝန်မခံဝံ့မှု၊ မစွန့်စားဝံ့မှု၊ သက်သာခိုလိုမှု၊ အတိုက်အခံမပြောလိုမှု တို့ကလူသားအရင်းအဖြစ်ဖွံ့ဖြိုးမှုကို တုံ့ဆိုင်းစေခဲ့ပါသည်။
စာရေးသူသည် ၁၉၆၉ ခုနှစ်၊ ရန်ကုန် ၀ိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်ဒုတိယနှစ်ကျောင်း သားဘ၀သို့ရောက်ရှိပြီးခါမှ စစ် တက္ကသိုလ်သို့ကူးပြောင်းတက်ရောက်ခဲ့ခြင်းဖြစ်ရာ တစ်ခါတုန်းက တက္ကသိုလ်ကိုသိရှိနေပါ သည်။ စာရေးသူတို့၏ အခြေခံပညာ ကျောင်းသားဘ၀ကတည်းက အင်းလျား  ရေပြင်ကို တက္ကသိုလ်လှေလှော်အသင်း နှင့် တွဲ၍မြင်တွေ့ခဲ့ရပါသည်။ ၂၀၀၉ ခုနှစ်တွင် အင်လျားရေပြင်ပေါ်မှာ  ပြိုင်လှေများလှော်ခတ်သွားသည့်မြင်ကွင်း မှာရှိတော့ရှိတယ်၊ရှားတယ်ဖြစ်သွားပါပြီ။  အားကစားဝန်ကြီးဌာနနှင့် သက်ဆိုင်သော  နဂါးလှေများသာကြီးစိုးနေပါပြီ။ တက္ကသိုလ် လက်ဝှေ့အသင်းမှာတော့ စုတေရုံမျှမက   ပလုံစီပျောက်ကွယ်၍သွားပါပြီ။
ဤသို့ဖြင့် တက္ကသိုလ်အားကစား လောကကို ပြန်လည်ထူထောင်ရန်တပ်မှ  လာသော စာရေးသူက “ဤသို့ယူသော် ရ၏” စိတ်ဓာတ်ဖြင့် ၀င်ရောက်ခဲ့ပါသည်။  ၀ိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်ကောလိပ်အလိုက်  ဘောလုံးအသင်းများကို စာရေးသူက ပြန်လည်အကောင်အထည်ဖော်ရပါသည်။ လုပ်ငန်းအသစ်တစ်ရပ်ကို စတင်အကောင် အထည်ဖော်သည့်အခါတိုင်းကြုံရဆုံရမြဲ ဓမ္မတာဖြစ်သော စိတ်ဝင်တစားပါဝင်ပူး  ပေါင်းဆောင်ရွက်သူနှင့် အလုပ်ရှုပ်ကိုရှုပ် တယ်ဟု အမနာပပြောသူဟူ၍အဖွဲ့နှစ်ဖွဲ့ နှင့် ကြုံတွေ့ရပါသည်။ စာရေးသူအတွက်  အဓိကအင်အားမှာ တက္ကသိုလ်လက်ရွေး စင်ဘောလုံးသမားဟောင်းကြီးများဖြစ်ပြီး ၎င်းတို့သည် ကိုယ့်ထမင်းကိုယ်စားကာ အဘက်ဘက်မှ ကူညီကြပါသည်။
ကျားအသင်း၊ မအသင်းနှစ်မျိုးလုံးကို  ထူထောင်ရာကျောင်းသား၊ ကျောင်းသူ များမှာ အလွန်ပင်စိတ်ဝင်စားကြပါသည်။ အမနာပပြောသူဆရာ၊ ဆရာမများကို လည်း စာရေးသူကနားလည်ပေးပါ သည်။ အနှီ ဆရာ၊ ဆရာများထဲမှ အသက် ၄၀ နှင့် ၄၅ နှစ်ဝန်းကျင်ရှိသူ များသည် ကျောင်းသား၊ ကျောင်းသူဘ၀မှ ကိုယ်တိုင်ဆရာ၊ ဆရာမဖြစ်လာသည် အထိ တက္ကသိုလ်ဘောလုံးပွဲနှင့် အခြား အားကစားများကို ဖြစ်ဖြစ်မြောက်မြောက် မမြင် ဖူး၊ မကြုံဘူးခဲ့ကြပါ။ အသက် ၂၅ နှစ် ၃၀ အရွယ်ဆရာ၊ ဆရာမများဆို လျှင် မြင်ဖူးတွေ့ဖူးသည့် အတွေ့အကြုံ ပင် မရှိသလောက် ရှားပါးကြပါသည်။
ပျော်စရာလည်းကောင်း၊ စိတ်မကောင်း စရာလည်းဖြစ်ရသည်မှာ ထိုတက္ကသိုလ် ဆရာ၊ ဆရာမများသည်တက္ကသိုလ်အချင်း ချင်းကန်သည့်ဘောလုံးပွဲများတွင် ကလေး များနည်းတူမိမိတက္ကသိုလ်ဘက်မှနေ၍ လက်သီးလက်မောင်းတန်းကာအော်ဟစ် အားပေးကြပါသည်။ စိတ်မကောင်းဖြစ်  ရသည်မှာ ဤဆရာ၊ ဆရာမများသည် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူဘ၀  တုန်းက ဤကဲ့သို့သောပျော်ရွှင်မှုကို မရ ခဲ့ကြရခြင်းကြောင့်ဖြစ်ပါသည်။ အားကစား  ပြိုင်ပွဲအားလုံးတွင် တစ်နိုင်ငံလုံးရှိဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်/ကောလိပ်ကျောင်းသား  ကျောင်းသူအားလုံးကို နိုင်ငံကြီးသားပီသ စွာအားပေးကြရန် မေတ္တာရပ်ခံထားခဲ့ရာ  ပညာတတ်လူငယ်များပီပီလိုက်နာဆောင် ရွက်ခဲ့ကြရာ ၀မ်းမြောက်ဂုဏ်ယူဖွယ်ရာ  ဖြစ်ခဲ့ပါသည်။ မည်မျှအထိပွဲကြည့်ပရိသတ်  မောင်မယ်များက သဘောထားကြီးခဲ့ သနည်းဟူမူ အထက်မြန်မာပြည်လက်ရွေး စင်ဘောလုံးအသင်းနှင့် အောက်မြန်မာ  ပြည်လက်ရွေးစင်ဘောလုံးအသင်းတို့ ရန်ကုန်တစ်လှည့်၊ မန်္တလေးတစ်လှည့် ကစားစေခဲ့ရာ အိမ်ရှင်ပရိသတ်နှစ်ဌာန လုံးတို့သည် ဧည့်သည်ဘောလုံးအသင်း ဘက်မှလည်းမျှတစွာအားပေးခဲ့ကြပါသည်။
တက္ကသိုလ်ဘောလုံးပွဲများမှ တစ်ဆင့် မြန်မာ့တက္ကသိုလ်လက်ရွေးစင်ဘောလုံး အသင်းအထိ ဖြစ်မြောက်လာရာတက္ကသိုလ် လက်ရွေးစင်ဘောလုံးသမားဟောင်းကြီး များကဘောလုံးပွဲများကိုလာရောက်ကြည့် ရှုနေစဉ်မှာပင် မျက်ရည်များကျလာလျက် မိမိတို့သေပျော်ပြီဟုပြောဆိုခဲ့ကြပါသည်။  တက္ကသိုလ်ဘောလုံးပွဲများ ကျင်းပနေစဉ် အတွင်းမှာပင် အက်ဖ်စီဘောလုံးအသင်း များသည် မန္တလေး၌ရိုက်ကြကာ၊ မီးရ ထားများကို အုတ်နီခဲနှင့် ပေါက်ကြဖြစ် ခဲ့ပါသည်။ ထိုအခါ စာရေးသူကို အားကစားတာဝန်ပေးထားသည့်တပ်မ တော်အစိုးရမှ ပုဂ်္ဂိုလ်ကြီးက တက္ကသိုလ်  ပွဲများဆက်လက်ကျင်းပရန်သင့်မသင့်ကို စာရေးသူအားခေါ်ယူမေးမြန်းပါသည်။ စာရေးသူက မိမိတက္ကသိုလ်ဘောလုံးအသင်း များ ရန်ဖြစ်မည်မဟုတ်သည်ကို အာမခံ  သဖြင့်ဆက်လက်ကျင်းပရန်ခွင့်ပြုခဲ့ပါ သည်။
အထက်မြန်မာပြည်တက္ကသိုလ်လက် ရွေးစင်ဘောလုံးအသင်းနှင့် အောက်မြန်မာ ပြည်တက္ကသိုလ်လက်ရွေးစင်ဘောလုံး အသင်းတို့ ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံး ကွင်းတွင် ကစားကြရာ ရန်ကုန်မြို့တွင် တာဝန်ကျနေသော တပ်မတော်အကြီး အကဲများနှင့် မြို့တော်ဝန်တို့လာရောက်  ကြည့်ရှုကြပါသည်။
ထိုပုဂ်္ဂိုလ်ကြီးများထဲမှ တစ်ဦးက ထောင်ပေါင်းများစွာသော တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူပရိသတ်ကို ကြည့်ပြီး စိုးရိမ်လာသည်ဟုထင်ပါသည်။  စာရေးသူအား VIP အခန်းပြင်ပသို့ခေါ် ဆောင်သွားပြီး ပွဲမဆူဖို့အာမခံနိုင်ခြင်းရှိ၊ မရှိမေးမြန်းပါသည်။ စာရေးသူက မိမိ ကလေးများနှင့် ဆရာ၊ ဆရာမများကို ယုံကြည်ပြီးဖြစ်သဖြင့် အာမခံချက်ပေး လိုက်ပါသည်။ ပွဲသည်မဆူရုံမျှမက ရန်ကုန်  ပရိသတ်ကျောင်းသား၊ ကျောင်းသူများ သည် အထက်မြန်မာပြည်အသင်းကိုလည်း  မျှတစွာအားပေးကြသည်ကို လူကြီးများ အားလုံး မြင်တွေ့သွားခဲ့ကြပါသည်။ ပညာရေးခြံပေါက်ပုဂ်္ဂိုလ်ကြီးများအာမ  မခံဝံ့သောကိစ္စကို ၀ိဇ်္ဇာ၊ သိပ္ပံတက္ကသိုလ်  တွင် ပထမနှစ်တစ်နှစ်နှင့် ဒုတိယနှစ်၏ နှစ်ဝက်သာနေခဲ့ဖူးသော စာရေးသူက အာမခံနေခြင်းမှာ စဉ်းစားကြည့်လျှင် ယုတ်္တိဗေဒ (Logic) ဘာသာအရမည်သို့  အဖြေထွက်လာမည်မသိပါ။ စိတ်္တဗေဒ (Psyschology) ဘာသာရပ်ကတော့ ကွက်တိအဖြေကိုပေးနိုင်ပါလိမ့်မည်။
စာရေးသူသည် တက္ကသိုလ်ရေကူး၊   ပြေးခုန်ပစ်၊ ဘော်လီဘော၊ လှေလှော်၊ ပိုက်ကျော်ခြင်း၊ ဂေါက်သီး၊ တင်းနစ်၊ ကာယဗလမောင်၊ ကာယအလှမယ်စသည် တို့ကိုလည်း ပြန်လည်အကောင်အထည် ဖော်ခဲ့ပါသည်။ မြားပစ်ကိုလည်း အားကစားဝန်ကြီးဌာနနှင့် ညှိနှိုင်းလေ့ကျင့် ပေးခဲ့ရာတက်္ကသိုလ်ကျောင်းသား၊ ကျောင်းသူအချို့ပြည်ပပြိုင်ပွဲများအထိ ပါရှိသွားပြီး၊ ဆုတံဆိပ်များလည်းရရှိခဲ့ပါ သည်။ သေနတ်ပစ်ကိုလည်းဆရာ၊ ဆရာမ ကျောင်းသား၊ ကျောင်းသူများကို အားကစားဝန်ကြီးဌာနသို့ပင်အပ်နှံလေ့ ကျင့်စေခဲ့ရာ ဆရာ၊ ဆရာမအချို့သည် အပြည်ပြည်ဆိုင်ရာဒိုင်လူကြီးအဆင့် လက်မှတ်ရသည်အထိ အောင်မြင်ခဲ့ပါ သည်။
ဤသို့ဖြင့် ၀ိဇ္ဖာ၊ သိပ္ပံတက္ကသိုလ်များ ၏ အားကစားလောကကြီးပြန်လည်နိုး ကြားရှင်သန်လာချိန်မှာပင် အာဆီယံအဖွဲ့ ၀င်နိုင်ငံများ၏ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲ (ASEAN University Games) သို့ မြန်မာနိုင်ငံမှ စိတ်ဝင်စား လျှင် ၂၀၁၀ ခုနှစ်၊ ၁၅ ကြိမ်မြောက်ပြိုင် ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်စေလိုကြောင်း  ဖိတ်စာကိုလက်ခံရရှိလိုက်ပါသည်။


ပစ်တိုင်းထောင်
Hot News    

No comments:

Post a Comment