Thursday, November 1, 2012

လသာမြို့နယ်ရှိ ၀ါဝါ၀င်း ကုမ္ပဏီရုံးရှေ့တွင် လယ်မြေအသိမ်းခံရသူများက ဆန္ဒထုတ်ဖော်

လှိုင်သာယာမြို့နယ်၊အတွင်း ပဒန်ကျေးရွာမှ လယ်မြေအသိမ်းခံရသူ လယ်သမား ၅၀ ဦးခန့်က ၎င်းတို့၏ နစ်နာမှုများအား မြို့ရွာနှင့်အိုးအိမ်ဦးစီးဌာန (သို့မဟုတ်) ၀ါဝါ၀င်းကုမ္ပဏီဘက်မှ လာရောက်ဖြေရှင်းပေးရေး ဆန္ဒထုတ်ဖော် မှုကို ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ် အနော်ရထာလမ်းနှင့် စဥ့်အိုးတန်းလမ်းထောင့်ရှိ ၀ါဝါ၀င်း ကုမ္ပဏီရုံးရှေ့တွင်ပြုလုပ်ခဲ့ပါသည်။
ဆန္ဒထုတ်ဖော်မှုကို အောက်တိုဘာလ ၃၁ရက်နေ့ နံနက် ၁၀နာရီ ၃၀မိနစ်မှ ၁၂နာရီ ၃၀မိနစ်အထိ လသာမြို့နယ် ရဲတပ်ဖွဲ့စခန်း၏ခွင့်ပြုမိန့်နှင့် တရားဝင်ပြုလုပ်ခြင်းဖြစ်ကြောင်း သို့ရာတွင် ၎င်းတို့အား သက်ဆိုင်ရာ အိုးအိမ်ဦးစီးဌာနနှင့် ၀ါဝါ၀င်းကုမ္ပဏီတို့ဘက်မှ လာရောက်ဖြေရှင်းပေးခြင်းမရှိသောကြောင့် ခွင့်ပြုချိန် ကုန်ဆုံးသော်လည်း နိုဝင်ဘာလ ၁ရက်နေ့ နံနက်၁နာရီအချိန်ခန့်အထိ ဆက်လက်ဆန္ဒထုတ်ဖော်မှုပြုလုပ်လျက်ရှိပြီး သက်ဆိုင်ရာနှင့်ကုမ္ပဏီဘက်မှ လာရောက်ဖြေရှင်းမှုမပေးမချင်း ဆန္ဒထုတ်ဖော်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်မှုပြုလုပ်နေသူများထံမှ သိရသည်။ အဆိုပါဆန္ဒထုတ်ဖော်သူများမှ ခွင့်ပြုချိန်ထက်ပိုမို၍ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်လျက်ရှိသောကြောင့်သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှလူစုခွဲမှုများပြုလုပ်ရန် သတိပေးမှုများပြုလုပ်ထားကြောင်းသိရသည်။

Eleven Media Group

No comments:

Post a Comment