စတုတ္ထမဏ္ဍိုင်
အနှစ်နှစ်အလလက စိတ်ကူးအိပ် မက်မျှပင် မရှိနိုင်၊မမက်နိုင်ခဲ့သော အခင်း အကျင်း။ပြုံးရွှင်ရင်းနှီးသော နိုင်ငံ့အကြီး အကဲ၏ ပြည်တွင်းသတင်းမီဒီယာများနှင့် တွေ့ဆုံသတင်းစာရှင်းလင်းပွဲအခမ်းအနား သည်ကားနွေးထွေးပွင့်လင်းလျက်။ သမ္မတ ကြီးသည် နိုင်ငံ့တာဝန် စတင်တာဝန်ယူ စဉ်ကာလ လွန်ခဲ့သည့်တစ်နှစ်ခွဲလောက် ကပင် စတုတ္ထမဏ္ဍိုင်ကိုအလေးထားတန် ဖိုး စကားကိုပြောကြားထားခဲ့သူဖြစ်သည်။
သူ၏ပြည်ပခရီးစဉ် များအတွင်း သတင်းမီဒီယာများနှင့်ထိတွေ့မှု စဉ်ဆက် မပြတ်လုပ်ဆောင်ခဲ့သည်။ မီဒီယာသမား များ၏မေးမြန်းချက်ကိုလည်း အလေး တယူ ဖြေကြားပေးသည်။
မကြာမီရက်ပိုင်း တရုတ်၊အမေရိကန် နှင့်ကိုရီးယားသမ္မတနိုင်ငံခရီးစဉ်များမှ အပြန် ယခုကဲ့သို့ ပြည်တွင်းသတင်းမီဒီ ယာများနှင့်တွေ့ဆုံဖြေကြားခဲ့ခြင်းဖြစ် သည်။
နွေးထွေးသော ဆက်ဆံမှု
ထိုနေ့က သမ္မတကြီး၏အပြုံးမျက် နှာ၊ ရွှင်ပြသော အမူအရာ၊နွေးထွေးသော ဆက်ဆံမှု အ၀၀သည် သတင်းမီဒီယာ သမားများအကြားစိမ့်ဝင်စီးမျောကာ ကျေနပ်အားရပီတိပွားကြရသည်။လူငယ် သတင်းမီဒီယာသမားများ၏ တက်ကြွနိုး ကြားသော သတင်းယူ၊မေးမြန်းမှုများက လည်း ဒီမိုကရေစီခေတ်၏ပြယုဂ်အဖြစ် မြင်တွေ့ကြရသည်။နိုင်ငံရေး၊စီးပွားရေး၊ ကိစ္စအ၀၀ကိုလည်း ရင်းနှီးပွင့်လင်းစွာ ဖြေကြားခဲ့သော ပုဂ်္ဂိုလ်သည် သမ္မတကြီး တစ်ဦးထက်ပင် ပိုသည်ဟု ဆိုရပေမည်။ ဤနေ့၊ ဤရက်သည် မြန်မာ့သမိုင်း၏ မှတ်တိုင်တစ်တိုင်(၀ါ)မီဒီယာကို အလေး အနက်ပြုလိုက်သော နိုင်ငံခေါင်းဆောင် ၏စိတ်သဏ္ဌာန်ကိုပြတ်ပြတ်ထင်ထင်သတိ ပြုမိလိုက်ကြရပါ၏။
ဤသည်တို့မှာ မြန်မာ့ဒီမိုကရေစီ ခရီးလမ်းတွင် သတင်းမီဒီယာများ၏ အနေအထား၊အဓိကကျမှုနှင့် အရေးပါ မှုကိုလည်း ဖော်ညွှန်းမှတ်ကျောက်တင် ခံရခြင်းလည်းဖြစ်ပေသည်။ အရပ်သား အစိုးရ(၀ါ)ဒီမိုကရေစီအစိုးရသည် နှစ်ပေါင်း(၅၀)ကြာမျှ အမှောင်လွှမ်းနေ ခဲ့သော သတင်းအမိုက်မှောင်ကိုထွင်း ဖောက်၍ သတင်းမီဒီယာ၏တန်ဖိုးကို ပြဆိုလိုက်ခြင်းလည်းဖြစ်ပေရာ ဒီမိုကရေ စီ၏ သရုပ်သကန်ကိုပို၍ပေါ်လွင်ထင်ရှား စေခဲ့ပြန်ပါသည်။
အရပ်သားအစိုးရသည် နောက် ကြောင်းပြန်လိုချင်သူများကို ချန်ထားရစ် ခဲ့သည်။ အချို့ကိုဖယ်ရှားထားခဲ့ရသည်။ စိန်ခေါ်မှုအမျိုးမျိုးနှင့်ရင်ဆိုင်ခဲ့ရသည်။ သက်တမ်းတိုတိုကာလအတွင်း သတင်း လွတ်လပ်ခွင့်ကိုဖြေလျော့ပေးခဲ့သည်။ စာပေစိစစ်ရေး အတားအဆီးကြီးကို ဖယ်ရှားဖျက်သိမ်းခဲ့သည်။ ဤသည်တို့မှာ ဒီမိုကရေစီသက်တမ်းတစ်နှစ်ခွဲကျော် ကာလအတွင်း ထူးခြားသောဖြစ်စဉ်များ ပင်ဖြစ်ပါသည်။
ဥပဓိရုပ်သွင်
ဝန်ကြီးဌာနများက သတင်းမီဒီ ယာများအား မှန်မှန်ကန်ကန်ဖြေကြား ပေးကြရန် မှာကြားချက်များ၊ မီဒီယာများ ၏ထောက်ပြဖော်ပြချက်များ အပေါ် အလေးထားမှု၊ ပြည်သူ့အသံများကို အလေးဂရုပြုမှု အ၀၀သည် နိုင်ငံ့အကြီး အကဲတစ်ဦး၏ ရိုးရှင်း ဖြောင့်မတ်သော ဥပဓိရုပ်သွင်ကို ပိုမိုပေါ်လွင်လာစေခဲ့ပေ သည်။
မကြာမီရက်ပိုင်းကပင် အများပြည် သူဝန်ဆောင်မှုသတင်းစာအုပ်ချုပ်ရေး အဖွဲ့ကို ဖွဲ့စည်းကာနိုင်ငံပိုင် ပုံနှိပ်မီဒီယာ များကို အသွင်သဏ္ဌာန်ပုံစံ တင်ဆက် ဖော်ပြမှုအစုစုတွင် ပြောင်းလဲရုံမျှသာမက ပြည်သူ့ရေးရာကို ဦးစားပေးဖော်ပြရန် စီစဉ်ဆောင်ရွက်လာသည်ကိုလည်း တွေ့ ရသည်။ ဤအချက်သည် ““ပြည်သူဗဟို ပြု”” သတင်းမီဒီယာများအဖြစ် ရပ်တည် နိုင်ရန်ဦးတည်ဖော်ဆောင်လာခြင်းဖြစ်၍ ပြည်သူများ၏ နိုင်ငံပိုင်သတင်းမီဒီယာ များအပေါ်ယုံကြည်ကိုးစားလာစေရန် ဆောင်ကြဉ်းမှုတစ်ရပ်လည်းဖြစ်ပါ၏။
လွန်ခဲ့သော တစ်နှစ်ခွဲကာလသည် ဒီမိုကရေစီသက်တမ်းနုနုကို ကျော်ဖြတ် ခဲ့ရခြင်းဖြစ်သည်။ အတားအဆီး၊အနှောင့် အယှက်၊အဖျက်အမှောင့်များကို ကျော် လွှားရင်ဆိုင်ဖယ်ရှားခဲ့ရသည်။ သတင်း မီဒီယာအချို့ တရားတဘောင်စွဲဆို မှုကို ခံထားကြရဆဲဖြစ်ပါသည်။မည်သို့ဆိုစေ သတင်းမီဒီယာတာဝန်ကို မဆုတ် မနစ် ထမ်းရွက်ချီတက်နေကြဆဲပင်။
မြန်မာ့ဒီမိုကရေစီအရေး
မြန်မာ့ပုံရိပ်သည် ရာစုနှစ်ဝက်ကာလ အလွန်တွင် ကမ္ဘာ့အလယ်၌ ၀င်ဆံ့လာ နိုင်ခဲ့ပေပြီ။ကုလသမဂ်္ဂစင်မြင့်ထက်မှ မြန်မာ့ဒီမိုကရေစီရေးကိုထုတ်ဖော်ကြေ ညာနိုင်ခဲ့သည်။
ကမ္ဘာ့သတင်းမီဒီယာများတွင် မြန်မာ့ အရေးကိုဆွေးနွေးရေးသားအလေးပေး ဖော်ပြလာသည်ကိုတွေ့နိုင်သည်။ဤ သည်တို့မှာ မြန်မာ့ဒီမိုကရေစီခရီးတွင် သတင်းမီဒီယာများ၏ ပါဝင်မှုအခန်းကဏ္ဍ ကို အားကောင်းမောင်းသန်ပို၍နိုးကြား ရှင်သန်လာစေခဲ့သော သမိုင်းဖြစ်ရပ်မှန် တစ်ခုပင် မဟုတ်ပါလော။
မောင်ဖေလှိုင်
Hot News
No comments:
Post a Comment