Friday, November 2, 2012

မြန်မာကျောင်းသားများအတွက် အမေရိကန်ပညာသင်ဆု နှစ်ခုထပ်တိုး



မြန်မာကျောင်းသားများအတွက် အမေရိကန်သံရုံးက ပေးအပ်နေသော ပညာသင်ဆုအစီအစဉ်များ တွင် ယခုလအတွင်း ပညာသင်ဆု
အခွင့်အလမ်းနှစ်ခုတိုးမြှင့် လျှောက်ထားနိုင်ကြောင်း  ကြေ ညာလိုက်သည်။
  ပြည်တွင်း၌   တက္ကသိုလ် ပထမနှစ် အောင်မြင်ထားသော ကျောင်းသားများအတွက် နိုင်ငံ
တကာဘွဲ့ကြိုကျောင်းသားဖလှယ်ရေး အစီအစဉ်နှင့် ဒီဂရီ ဘွဲ့နှင့်အထက် ရရှိထားသူများ အတွက် အာဆီယံပညာတော် သင်ဖိတ်ခေါ်မှုအစီအစဉ်တို့ဖြစ်
ပြီး ပညာသင်အခွင့်အလမ်းများအတွက် သံရုံးမှ လျှောက်လွှာများ ခေါ်ယူလျက်ရှိသည်။
နိုင်ငံတကာ ဘွဲ့ကြိုကျောင်း သားဖလှယ်မှုအစီအစဉ်အတွက်
အသက် ၁၈ နှစ်မှ ၂၄ နှစ်ကြား ကြွယ်ဝချမ်းသာသော မိသားစုဝင် မဟုတ်သည့် လူငယ်များ လျှောက် ထားနိုင်မည်ဖြစ်ပြီး အမေရိကန် နိုင်ငံတွင် ပညာသင်နှစ်ဝက် (ငါး လခန့်)နှင့် ပညာသင်နှစ်အပြည့် (ဆယ်လခန့်)တို့အတွက် သွား ရောက်ပညာသင်ယူခွင့်ရမည် ဖြစ်သည်။
  
ပညာသင်ဆုအတွက် ဘာ သာရပ်နယ်ပယ်စုံမှ လူငယ်များ နိုဝင်ဘာလ ၆ ရက်   နောက်ဆုံး ထား၍ လျှောက်ထား နိုင်မည်ဖြစ်
ပြီး ဆေးပညာ၊ သူနာပြု၊ ဆေးဝါး နှင့် ရောဂါကာကွယ်ရေးပညာ၊ ဥပဒေနှင့် အင်္ဂလိပ်ဘာသာလေ့ လာမှုကဲ့သို့ ဘာသာရပ်လေ့လာ သူများ လျှောက်ထားရန် အား ပေးမည်မဟုတ်ကြောင်း သံရုံးက ကြေညာထားသည်။
  
အာဆီယံပညာတော်သင် ဖိတ်ခေါ်မှုအစီအစဉ်အတွက် အ သက် ၅၅ နှစ်ထက် မကျော်လွန် သူများအနေဖြင့် တက္ကသိုလ်ဌာန၊
နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အစိုးရဌာနများ၊ အင်န်ဂျီအိုနှင့် အခြား အသက်မွေးဝမ်းကျောင်း နယ်ပယ် တွင် အမေရိကန်နှင့် အာဆီယံကိစ္စ
ရပ်များကို စိတ်ဝင်စားလုပ်ကိုင် နေသူများ လျှောက်ထားနိုင်မည် ဖြစ်သည်။
  
အမေရိကန်နိုင်ငံတွင် သုတေသနနှင့်    ပညာလေ့လာရေးအ တွက် ၃ လမှ ၄ လထိနေထိုင်ရမည့် အစီအစဉ်အတွက် ပညာရေး၊ အင်ဂျင်နီယာ၊ သဘာဝပတ် ၀န်းကျင်၊ အစားအသောက်နည်း ပညာ၊ ပထ၀ီပညာရှင်၊ ဘူမိဗေဒ ပညာရှင်၊ သတင်းအချက်အလက် ပညာရှင်၊ ဂျာနယ်လစ်၊ ဥပဒေ၊ သတင်းအချက်အလက် စီမံခန့်ခွဲမှုနည်းပညာရှင်၊ ပြတိုက်လေ့လာသူ၊ နိုင်ငံရေးသိပ္ပံပညာရှင်၊ ပြည်သူ့စီမံခန့်ခွဲမှု၊ ပြည်သူ့ကျန်းမာရေး၊ ဘာသာရေးလေ့လာသူ၊ လူမှုရေး လုပ်ကိုင်သူ၊ လူမှုစီးပွားလုပ်ကိုင် သူ၊ စာရင်းအင်းပညာရှင်နှင့် ဘာသာစကားလေ့လာသူများလည်း လျှောက်ထားနိုင်မည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထား သည်။
  
အာဆီယံပညာတော်သင် ဖိတ်ခေါ်မှုအစီအစဉ်အတွက် နိုဝင်ဘာလ ၁၆ ရက် နောက်ဆုံး လျှောက်ထားရမည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များကို    http://burma. usembassy. gov/scholarships.html   တွင် ၀င်ရောက် ကြည့်ရှုလေ့လာနိုင်မည် ဖြစ်သည်။

No comments:

Post a Comment