Saturday, November 3, 2012

ကနေဒါနှင့် ဗြိတိန် သုံးလအတွင်း သံရုံးပူးတွဲ အသုံးပြုမည်

ကနေဒါနိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့ သည် လာမည့်သုံးလ အတွင်း မြန်မာ နိုင်ငံရှိ ဗြိတိန် သံရုံးကို ပူးပေါင်းအသုံး ပြုသွားမည်ဖြစ်ကြောင်း ဗြိတိန်သံရုံး ပြောရေးဆိုခွင့် ရှိသူတစ်ဦးကThe Voice Weekly သို့ ပြောကြားသည်။

ကနေဒါနိုင်ငံခြားရေး ဝန်ကြီးက မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲ မှုများကို အသိအမှတ် ပြုသောအားဖြင့် ကနေဒါဆိုင်ရာ မြန်မာသံရုံးကို ပထမ ဆုံး ဖွင့်လှစ်သွားမည်ဟု ပြောကြားခဲ့ပြီး နောက် နှစ်လအကြာ ထိုအစီအစဉ် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ "လွန်ခဲ့တဲ့ သုံးလလောက် ကတည်း က ကနေဒါသံရုံးက
အဆင့်မြင့် အရာရှိ တစ်ဦး ဗြိတိသျှ သံရုံးမှာ လာအလုပ် လုပ် နေပါတယ်။ ကနေဒါနိုင်ငံ အနေနဲ့ နောင်မှာ မြန်မာနိုင်ငံမှာ သီးခြားသံရုံး ဖွင့်ဖို့ အစီ အစဉ် ရှိပါတယ်။ ကနေဒါသံရုံး ဝန်ထမ်း တွေ အတွက်လည်း ဗြိတိသျှသံရုံးမှာ နေရာ တစ်ခု စီစဉ်ပေးသွားမှာ ဖြစ်ပါတယ်"ဟု ၄င်းက ဆက်လက် ပြောကြားခဲ့သည်။

သံရုံးပူးပေါင်း အသုံးပြုမှုကို မြန်မာနိုင်ငံနှင့် ဟေတီနိုင်ငံ တို့တွင် စတင်လုပ်ဆောင် သွားမည်ဖြစ်ပြီး နောင်တွင် အဆိုပါ နှစ်နိုင်ငံနှင့် သံတမန် ဆက်ဆံရေးရှိသော နိုင်ငံများတွင်ပါ တိုးချဲ့လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ကနေဒါနိုင်ငံခြားရေးဝန်ကြီး John Baird က ပြောကြားခဲ့ကြောင်း CBC သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ သဘောတူညီချက် အရ သံရုံးများအတွက် ကုန်ကျစရိတ် များကို နှစ်နိုင်ငံမှ မျှခံ သုံးစွဲသွားမည်ဖြစ်ကြောင်း၊ နိုင်ငံ တစ်ခုတည်းနှင့် သံတမန် ဆက်ဆံ ရေးရှိသော နိုင်ငံများတွင် သံရုံး အဆောက် အအုံများ ပူးပေါင်းသုံးစွဲခြင်း၊ သံတမန် ရေးရာ ဝန်ဆောင်မှုများကို ပူးပေါင်း လုပ်ဆောင်ခြင်းဖြင့် အခွန်ထမ်း ပြည်သူ များ၏ ငွေကြေးကို ချွေတာရာ ရောက် ကြောင်း ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး William Hague က ပြောကြားခဲ့သည် ဟု CBC သတင်းတွင် ဖော်ပြထားသည်။

သံရုံးများ ပူးပေါင်းသုံးစွဲရန် သဘောတူညီချက် ကို နှစ်နိုင်ငံ နိုင်ငံခြား ရေးဝန်ကြီးများ ကနေဒါနိုင်ငံ၏ မြို့တော် Ottawa တွင် တွေ့ဆုံစဉ် သဘောတူ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် လက်ရှိအချိန် အထိ ကနေဒါ သံရုံး မရှိသေးဘဲ ဗီဇာကိစ္စ များ ဆောင်ရွက်လိုပါက ထိုင်းနိုင်ငံရှိ ကနေဒါ သံရုံးသို့ သွားရောက်ရသည်။

The Voice Weekly

No comments:

Post a Comment