Friday, November 2, 2012

Sony Xperia Miro (Mobile Review)

ဒါကတော့ Sony ကနေ ထုတ်လုပ်လိုက်တဲ့ နည်းပညာမြင့် တန်ဖိုးနည်းဖုန်းအမျိုးအစားတစ်ခုလို့ ဆိုနိုင်မယ့် ဖုန်းအမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။ ဖုန်းရဲ့ အသုံးပြုနိုင်မှု စနစ်ပိုင်းတွေနဲ့ ပုံစံဒီဇိုင်း အရွယ်အစားတွေကို တွက်ချက်ကြည့်မယ်ဆိုရင်တော့ ဈေးနှုန်းနဲ့ အသုံးပြုနိုင်ခြင်းတွေက တန်တယ်လို့ဆိုနိုင်ပါတယ်။
Touch Screen ဖုန်းအမျိုးအစားဖြစ်ပြီး ဖုန်းရဲ့ Screen အရွယ်အစားကတော့ ၃.၅ လက်မဖြစ်တဲ့အတွက် အနေတော် အရွယ်အစားဖြစ်တယ်လို့ ဆိုရမှာပါပဲ။ LED Backlight Capacitive Touch Screen ဖုန်းအမျိုးအစားဖြစ်တဲ့အတွက် Touch စနစ်ပိုင်းတွေမှာလည်း ချောမွေ့ကောင်းမွန်တဲ့အပြင် နေရောင်အောက်မှာဆိုရင်လည်း အဆင်ပြေပြေ အသုံးပြုနိုင်မယ်လို့ဆိုပါတယ်။

အသုံးပြုနိုင်မှုကွန်ရက်
အသုံးပြုနိုင်မယ့် ကွန်ရက်စနစ်ကတော့ GSM ကွန်ရက်စနစ်ကို အသုံးပြုနိုင်မှာဖြစ်ပြီး 2G, 3G ကွန်ရက်နှစ်မျိုးစလုံးမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ 2G စနစ်အတွက်တော့ GSM 850/900/1800/1900 ကွန်ရက်တွေမှာ ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပြီး 3G အတွက်တော့ HSDPA 850/900/1900/2100 ကွန်ရက်တွေမှာ ချိတ်ဆက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းအသုံးပြု အခြားချိတ်ဆက်ခြင်းတွေအနေနဲ့တော့ EDGE, GPRS, HSDPA အစရှိတဲ့စနစ်တွေကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါကတော့ 3G စနစ်အတွက် အသုံးပြုနိုင်မယ့် အင်တာနက်စနစ်တွေပါ။ ၀ါယာလက် အင်တာနက်စနစ်အတွက်တော့ WiFi စနစ်ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Bluetooth ကတော့ 2.1 With A2DP ဖြစ်ပြီး USB က 2.0 ဖြစ်ပါတယ်။

ဖုန်းတွင်းမှတ်ဉာဏ်
ဖုန်းတွင်းမှတ်ဉာဏ် စနစ်ပိုင်းအတွက်တော့ Internal Memory 4GB ပါဝင်ပြီး User Available Memory အဖြစ် 2.2GB ပါဝင်တယ်လို့ ဆိုပါတယ်။ RAM ကတော့ 512MB RAM ပါဝင်ပြီး နောက်ထပ်မှတ်ဉာဏ် ထပ်တိုးအသုံးပြုနိုင်ဖို့အတွက်လည်း Micro SD Card 32GB ထိ ထပ်တိုးအသုံးပြုနိုင်မှာဖြစ်ပါတယ်။

Music & Multimedia
Music နဲ့ Multimedia စနစ်ပိုင်းတွေအတွက်တော့ SNS integration, MP4, MP3, WAV player, TrackID music recognition, Google Search, Maps, Gmail, YouTube, Calendar, Google Talk, Document viewer, Voice memo/dial/commands အစရှိတဲ့ စနစ်တွေကို အသုံးပြုနိုင်မယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။ Music ပိုင်းအတွက်လည်း အဆင်ပြေတဲ့ဖုန်းပါပဲ။

ကင်မရာ
ကင်မရာကတော့ 5 Mega Pixel ရှိတဲ့ ကင်မရာကို ထည့်သွင်းတပ်ဆင်ပေးထားပြီး အသုံးပြုနိုင်မယ့် ကင်မရာစနစ်တွေအနေနဲ့ကတော့ autofocus, LED flash, Geo-tagging, touch focus, face and smile detection, 3D sweep panorama, Video, continuous autofocus, video light, video stabilizer, Secondary VGA စနစ်တွေကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ကင်မရာစနစ်ပိုင်းမှာ ကောင်းမွန်တယ်လို့ ဆိုရမှာပါပဲ။ ဖုန်းမှာ ထည့်သွင်းအသုံးပြုထားတဲ့ OS ကတော့ Android OS Version 4.0 ICS ကို ထည့်သွင်းအသုံးပြုပေးထားတာဖြစ်ပြီး CPU ကတော့ 800 MHz Cortex-A5 ကို အသုံးပြုထားတာ ဖြစ်တဲ့အတွက် CPU ကတော့ အနည်းငယ်အားနည်းပါတယ်။ ဒါပေမဲ့လည်း လုပ်ဆောင်ချက်တွေကိုတော့ အကောင်းဆုံးလုပ်ဆောင်နိုင်မယ့် အခြေအနေမှာရှိနေတဲ့ ဖုန်းပါ။ ဒီဖုန်းကို ၀ယ်ယူအသုံးပြုချင်တယ်ဆိုရင်တော့ Today Mobile မိုဘိုင်းဖုန်းအရောင်းဆိုင် ဖုန်း ၀၉၇၃၀၃၃၉၆၆ မှာဆက်သွယ်စုံစမ်း ၀ယ်ယူနိုင်ပါတယ်။

ကိုသက်
Internet Journal

No comments:

Post a Comment