Friday, November 2, 2012

ထိုင်း စက်ဘီးစီးဝါသနာရှင်အဖွဲ့ မန္တလေးမှ ပုဂံခရီးစဉ် အောင်မြင်



ထိုင်းနိုင်ငံမှ အပျော်တမ်းစက်ဘီးစီး ၀ါသနာရှင်အဖွဲ့သည် ယခုလတတိယပတ်က မန္တလေးမှ ပုဂံ
ခရီးစဉ်ကို အောင်မြင်စွာ စီးနင်းနိုင်ခဲ့သည်။ အဆိုပါအဖွဲ့ကို ဧည့်လမ်းညွှန် နှစ်ဦးက ဦးဆောင်၍
ရန်ကုန်မှ မန္တလေးသို့မော်တော်ကားဖြင့်လာရောက်ကြပြီး မန္တလေးအနီးရှိ ရေတံခွန်တောင်၊
မန္တလေးတောင်၊ ဦးပိန်တံတား၊ အင်းဝမြို့ နှင့် မင်းကွန်းဒေသများသို့ စက်ဘီးစီးနင်း၍ သွားရောက်
ခဲ့ကြသည်။
"ခရီးစဉ်က ကိုးရက်
၊ စက်ဘီးစီးခဲ့တာ က ခြောက်ရက်ပါ။ ထိုင်းလူမျိုး အမျိုးသား ၃၀ ဦး၊
အမျိုးသမီး ရှစ်ဦးပါတယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်တွေပါပဲ။ ဆရာဝန်လေးဦးပါတယ်"
ဟု ခေါင်းဆောင် ဧည့်လမ်းညွှန်တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြားသားခရီး သွားများ စက်ဘီးလာရောက်စီးနင်းခြင်းမှာ ယခုတစ်ကြိမ်
သည် အများဆုံးဖြစ်ပြီး မည်သည့်အဖွဲ့အစည်းကိုမဆို မြန်မာပြည်သို့ လာရောက်စက်ဘီး
စီးနင်းမည်ဆိုပါက လိုက်လံကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း  စက်ဘီးစီးဝါသနာ
ရှင် ဧည့်လမ်းညွှန်တစ်ဦးက ဆိုသည်။
မြန်မာပြည်တွင် ဒုတိယအကြိမ် မြောက် စက်ဘီးစီးခြင်းဖြစ်သည့်Dr  Jim က "အဖွဲ့နဲ့လိုက်ပြီး
စက်ဘီးစီးတာ အဖွဲ့သားတွေရဲ့ ကျန်းမာရေးတွေကို စောင့်ရှောက်ရင်းနဲ့ ကိုယ်တိုင်ကလည်း
စက်ဘီးစီးတာ ၀ါသနာပါလို့ စီးဖြစ်တာပါ။ နောက်လည်းလာရောက်စီးဖြစ်နေဦးမှာပါ"ဟု
ပြောသည်။

စည်သူလွင်
The Myanmar Times

No comments:

Post a Comment