အထက်တန်းပြလစာနှုန်း၊ အလယ်တန်းကျောင်းအုပ်များကို အထက်တန်းကျောင်းအုပ်လစာ နှုန်း၊မြို့နယ်ပညာရေးမှူးကို လက် ထောက်ညွှန်ကြားရေးမှူးလစာ နှုန်း၊ခရိုင်ပညာရေးမှူးကို ဒု/ညွှန် ကြားရေးမှူးလစာနှုန်း၊ပြည်နယ်/ တိုင်း ပညာရေးမှူးကို ညွှန်ကြား ရေးမှူးလစာနှုန်းအသီးသီးသတ် မှတ်တိုးမြှင့်ပေးခဲ့ပြီး၊လုပ်သက်(၁၅) နှစ်၊အနှစ်(၂၀)ကျော် အလယ်တန်း ပြဆရာ/ဆရာမကြီးများ၊အထက် တန်းပြဆရာ/ဆရာမကြီးများ၊ အထက်တန်းကျောင်းအုပ်များ၊ လက်ထောက်မြို့နယ်ပညာရေးမှူး များ ပါဝင်ခြင်းမရှိသေးပါ။တစ်ချို့ အလယ်တန်းပြဆရာ/ဆရာမကြီး များ၊အထက်တန်းပြ ဆရာ/ဆရာ မကြီးများသည် လုပ်သက်အနှစ် (၂၀၊၃၀)ကျော် ပင်စင်သွားခါနီး အထိရှိနေကြပါသည်။ ပညာရေးဝန်ထမ်းများလစာ တိုးပြီဟု ကြားရသော်လည်း သူ တို့ပါဝင်ခြင်းမရှိသေးသည့်အတွက် ငိုရမလို၊ရယ်ရမလိုဖြစ်နေပြီး ““၀မ်း နည်းရမှာလား၊၀မ်းသာရမှာလား၊ ၀န်ကြီးရယ်””လို့ ပြောရမလိုဖြစ်နေ ပါသည်ဟု လစာတိုးတွင် မပါ သော ဆရာမကြီးများမှ ရင်ဖွင့် လာပါသည်။
ဝင်းနောင်(ရွှေပြည်သာ)
Hot News
No comments:
Post a Comment