Friday, November 2, 2012

Net Ray SONY City Mart Slik Air MAI မကြာမီရုံတင်မယ့် ၂၀၁၁ အကယ်ဒမီ စာရင်းဝင်ဇာတ်ကား "ထာဝရအလင်းတန်းများ"

နယ်မြို့တွေမှာ အရင်ရုံတင်ပြသခဲ့တာ ကြောင့် ၂၀၁၁ ခုနှစ်အကယ်ဒမီတစ်ကြို စာရင်းထဲဝင်
နေတဲ့ "ထာဝရ အလင်းတန်းများ"ဇာတ်ကားကို အကယ်ဒမီ ပွဲမတိုင်ခင် ရန်ကုန်ရုပ်ရှင်ရုံတွေမှာ
ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
ကျောင်းဆရာလေးတစ်ယောက်ရဲ့ တပည့်တွေအပေါ် ကိုယ်ကျိုးစွန့်အနစ် နာခံပြီး ပညာတတ်
တွေဖြစ်အောင် ပြုစုပျိုးထောင်ပုံကို ကျောရိုးထားခြယ်မှုန်း ထားတဲ့ ဒီဇာတ်ကားကို ကြည့်ရှုပြီး
အကယ်ဒမီဆုမှန်းနိုင်မလားဆိုတာ သုံးသပ်ရင်ခုန်လိုက်ကြရအောင်နော်။
ကရင်ပြည်နယ်၊ ဇွဲကပင်တောင်ခြေ
အနီးမှာရှိတဲ့ ရွာလေးတစ်ရွာမှာ မိဘတွေနဲ့အတူနေထိုင်တဲ့
စောကျော်အေးဟာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ပြီး မူလတန်းဆရာဖြစ် သင်တန်းကို
တက်ရောက်ခဲ့ပါတယ်။
သင်တန်းပြီးလို့ တာဝန်ကျတဲ့နေရာက တော့ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျွဲနဖားတောင်
ခြေနားက ကျောက်ဖြူ ရွာကလေးမှာ ဖြစ်ပါတယ်။ တာဝန်ကျရာရွာကလေးထဲကို ၀င်လိုက်
တယ်ဆိုရင်ပဲ ရွာအ၀င်လမ်းမှာ ကျောင်းစာသင်ချိန် ကျောင်းစာကို မသင်ကြားနိုင်ဘဲ မိဘကို
ကူညီလုပ်ကိုင် ပေးနေရတဲ့ ကလေးတွေကို တွေ့လိုက် ရသလို စာသင်ကျောင်းရောက်တဲ့အခါ
မှာလည်း စိတ်စေတနာကောင်းပေမယ့် နာမကျန်းဖြစ်နေတာကြောင့် စိတ်သွား တိုင်း ကိုယ်
မပါနိုင်တော့တဲ့ ကျောင်းအုပ် ဆရာကြီး ဦးစံအေးနဲ့ ကိုယ်ဝန်သည် ကျောင်းဆရာမတစ်ဦးက
သာ စာသင် ပေးနေရတာကြောင့် ဆရာ မပြည့် စုံတဲ့ ကျောင်းရဲ့လိုအပ်ချက်တွေက သူ့ ကို
ဆီးကြိုနေကြပါတယ်။
ကျောင်းဆရာလေး စောကျော်အေးဟာ မိမိဘ၀ရည်မှန်းချက်အတိုင်း ဖြစ်လာတဲ့ ကျောင်း
ဆရာအလုပ်အတွက် အခက်အခဲအားလုံးကို ကြိုးစားကျော် ဖြတ်မယ်လို့ ဆုံးဖြတ်ထားတဲ့
အတိုင်း မိဘအလုပ်ဝိုင်းကူရလို့ ကျောင်းပျက် ကွက်နေတဲ့ကလေးတွေ၊ စီးပွားရေး အဆင်
မပြေလို့ ဈေးတောင်းခေါင်း ရွက်ပြီး ကျောင်းတက်မမှန်တဲ့ ကလေး ငယ်တွေရဲ့မိဘတွေကို
စည်းရုံးပြောဆို ပြီး တပည့်တွေကျောင်းမှန်ဖို့ အားကြိုး မာန်တက်ကြိုးစားတာကြောင့်
ကျောင်း ကလေးဟာ တဖြည်းဖြည်းနဲ့ ပြန်လည် စည်ကားလာပါတော့တယ်။
သူ့ရဲ့ ကြိုးစားမှုတွေကို အဓိက ၀ိုင်း ၀န်းကူညီပေးတဲ့သူကတော့ ရွာကလေး က ချက်ကြီးဆိုတဲ့
ပန်းပုဆရာပဲ ဖြစ်ပါတယ်။ သူက ရိုးသားဖြောင့်မတ်ပေမယ့် အမြဲ ခွတီးခွကျနဲ့ ဂျစ်ကန်ကန်
နိုင်လှသူပါ။
ညီမဖြစ်သူ အေးချစ်နဲ့ မောင်နှမ နှစ်ယောက်အတူနေထိုင်ကြပြီး ရပ်ရွာ ကောင်းကျိုးအတွက်
လိုအပ်တာ မှန်သမျှ အားတက်သရော ပါဝင် လုပ်ဆောင် ပေးတတ်သူတွေလည်း ဖြစ်ပါတယ်။
သီတင်းကျွတ်ကျောင်းပိတ်ရက် ရောက်လာတဲ့အခါမှာတော့ မပြန်ဖြစ် တာကြာပြီဖြစ်တဲ့ မိဘ
များဆီ အလည် ခဏပြန်သွားတဲ့ ကျောင်းဆရာလေး ခမျာ မိခင်ဆုံးပါးသွားတာကြောင့်
ဖခင်အိုတစ်ယောက်တည်း ထားခဲ့ဖို့ အခက်တွေ့ရပါတော့တယ်။
ဖခင်ဖြစ်သူ ကလည်း မိခင်ခေါင်းချတဲ့ နေရာကနေ မခွာချင်သလို ရွာက တပည့်တွေရဲ့ ပညာ
ရေးအတွက် ပူပန်တဲ့စိတ်က တစ်ဖက်နဲ့ ဆုံးဖြတ်ရခက်တဲ့အခြေအနေကို ကျောင်းဆရာလေး
စောကျော်အေး ဘယ်လိုဖြေရှင်းဖြတ်ကျော်သလဲ ဆိုတာကို ပိတ်ကားပေါ်မှာပဲ ဆက်လက်
ကြည့်ရှုလိုက်ရအောင်နော်။
ဒီဇာတ်ကားမှာ ကျောင်းဆရာ စော ကျော်အေးအဖြစ် ရီမြင့်ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်ရေးမှ
မိတ်ဆက်ပေးတဲ့ သရုပ်ဆောင်သစ် နောင်နောင်ဖြစ်ပြီး မဟုတ် မခံစိတ်ဓာတ်ရှိပြီး ရိုးသား
ဖြောင့်မတ်သူ ချက်ကြီးအဖြစ် အကယ်ဒမီ လူမင်း၊ သူ့ ရဲ့ညီမ ရွာခံအပျိုချောအဖြစ် သရုပ်ဆောင်
ထားသူကတော့ မယ်လိုဒီ ဖြစ်ပါတယ်။
ဝါရင့်သရုပ်ဆောင်တွေဖြစ်ကြတဲ့ ညွန့်ဝင်း၊ မော့စ်၊ မျိုးသန္တာထွန်းနဲ့ သရုပ်ဆောင်ပေါင်းများစွာ
လည်း ပါဝင် ထားကြပါတယ်။ ဒရာမာဇာတ်ကားဖြစ်ပြီး နက်နဲတဲ့ မေတ္တာဖွဲ့ဇာတ်လမ်းလည်း
ဖြစ်တာ ကြောင့် ပရိသတ်လည်း စိတ်ဝင်စားမှုရှိတဲ့ ဒီဇာတ်ကားမှာ အဓိကသရုပ်ဆောင် အဖြစ်
ပါဝင်ထားတဲ့ နောင်နောင်ကတော့ ဒီဇာတ်ကားနဲ့ သူ့အတွက် အကယ်ဒမီကို မမျှော်မှန်းဘူးလို့
ဆိုပါတယ်။
"ကျွန်တော်က အသစ်ဆိုတော့ အကယ်ဒမီနဲ့ အလှမ်းဝေးပါသေးတယ်။ အကယ်ဒမီကိုတော့
မမျှော်မှန်းသေး ပါဘူး"လို့ မြန်မာတိုင်း(မ်)ကို ပြောပါ တယ်။
သူ့ရဲ့ သရုပ်ဆောင်မှုတွေအပေါ် ကိုယ်တိုင်အားမရတဲ့အပိုင်းတွေ များခဲ့ ပေမယ့် အားရတဲ့အခန်း
တွေလည်း ရှိပါတယ်လို့ ဆိုပါတယ်။ အားအရဆုံး အခန်းတစ်ခုကတော့ ကလေးတွေ ရေနစ်
နေတာကို သွားကယ်တဲ့အခန်းပါပဲတဲ့။
"ဘာဖြစ်လို့လဲဆိုတော့ ဒီအခန်းက ကျွန်တော်တို့တွေ တအားအပင်ပန်းခံ ပြီး တစ်ရက်နဲ့ နေ့
တစ်ဝက်လောက်ကို အချိန်ကုန်ခံရိုက်ထားတဲ့ အခန်းဖြစ် တယ်။ ပြီးတော့ ပြန်ကြည့်တော့လည်း
အရမ်းအားရတယ်"လို့ သူကပြောပါ တယ်။
ဒီဇာတ်ကားကို ရိုက်ကူးပုံဖော်ပေး ထားသူကတော့ ဒါရိုက်တာ ထွန်း အောင်ဇော်ဖြစ်ပြီး
ဇာတ်လမ်း ပန်းချီ မိုးကြိုး၊ ဇာတ်ညွှန်းကတော့ မြင့်ဆောင်နဲ့ စိုးကျော်ဆန်းတို့ဖြစ်ပါတယ်။

နွမ်ဘွိုင်း
The Myanmar Times

No comments:

Post a Comment