မိုးထိမိုးမိရွှေလုပ်သား စုစုပေါင်း ၃၅ ဦး ခန့်သည် အောက်တိုဘာလ ၂၉ ရက်နေ့ က ရန်ကုန်မြို့၊
တက္ကသိုလ်ရိပ်သာလမ်းရှိ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီရုံးရှေ့၌ နံနက် ၉ နာရီမှ မွန်းတည့်
၁၂ နာရီအထိ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
"မိုးထိမိုးမိကုမ္ပဏီက နစ်နာကြေး တောင်းခံတဲ့အဖွဲ့ခေါင်းဆောင် ကိုစောနောင်တို့နဲ့ ကျွန်တော်တို့
အဖွဲ့ ၁၅ ယောက်လောက်ပေါင်းပြီး ဆန္ဒပြကြတာပါ။ ကျွန်တော်တို့က ရွှေလုပ်သား အဖွဲ့မှာပါတဲ့
အတွက် သူတို့က ဖိတ်ခေါ်လို့ နှစ်ဖွဲ့ပေါင်းလုပ်လိုက်တာပါ။ ကျွန်တော်တို့က နစ်နာကြေးပေးရေး၊
လုပ်ငန်းပြန်လည် လွတ်လပ်စွာလည် ပတ်နိုင်ရေးတွေကို တောင်းဆိုခဲ့ပါ တယ်။ ကုမ္ပဏီဘက်က
ထွက်ပြီး တစ်စုံတစ်ရာ ဆွေးနွေးခြင်းမရှိခဲ့ပါဘူး။ ကျွန်တော်တို့
ဆန္ဒပြပြီး ညနေ ၅ နာရီမှာ ရမည်း
သင်းမြို့ကို ပြန်လာခဲ့ကြပါတယ်"ဟု ပါဝင်ခဲ့သူ ကိုယောက်ကြီးက မြန်မာတိုင်း(မ်)ကို ပြောသည်။
ရွှေလုပ်သားများအနေဖြင့် ထိုကဲ့သို့ ဆန္ဒထုတ်ဖော်မှုပြုလုပ်ရန် ရမည်းသင်း မြို့တွင် နှစ်ကြိမ်
တောင်းဆိုခဲ့သော်လည်း ခွင့်ပြုချက်မရရှိခဲ့ကြသဖြင့် ရန်ကုန်မြို့သို့ လာရောက်ပြီး ကမာရွတ်ရဲစခန်း
တွင် တင်ပြသောအခါ ခွင့်ပြုသဖြင့် အဆိုပါ နေ့တွင် ဆန္ဒထုတ်ဖော်ပွဲ ကျင်းပနိုင်ခဲ့ ခြင်းဖြစ်သည်ဟု
နစ်နာကြေးတောင်းခံ သည့်အဖွဲ့မှ အလုပ်သမားတစ်ဦးဖြစ်သူ ဒေါ်မြင့်မြင့်ခိုင်က မြန်မာတိုင်း(မ်)ကို
ပြောသည်။
"နစ်နာဆုံးရှုံးထားတာတွေ ကုမ္ပဏီကို ပြန်တောင်းတော့ မပေးတာရယ်တွေနဲ့ ပတ်သက်ပြီး အခုလို
ဆန္ဒပြရတာဖြစ်ပါတယ်။ ရမည်းသင်းကနေ ရန်ကုန်အထိ လာရတဲ့အကြောင်းက ဒီကိစ္စနဲ့ပတ်သက်
ပြီး ဩဂုတ်လ ၂၀ ရက်နေ့က ရမည်းသင်းမှာ တိုင်းအစိုးရ၀န်ကြီး ဦးစိုးသန်းမြင့်က ကိုယ်တိုင်ညှိနှိုင်း
ပေးပေမယ့် ကုမ္ပဏီက ဘာမှလိုက်လျောမှုမရှိခဲ့ဘူး။ အောက်တိုဘာလပိုင်းထဲမှာလည်း နစ်နာကြေး
သမားတွေအတွက် စုံစမ်းရေးစစ်ဆေးရေးအဖွဲ့လာပြီး စစ်ဆေးညှိနှိုင်းပေးတယ်။ သို့သော်တစ်ဖွဲ့လုံး
ညှိနှိုင်းတာမဟုတ်ဘဲ တစ်ဦးချင်းစီ အတွက်ပဲ ညှိနှိုင်းပေးတယ်။ ဒါပေမယ့် သူတို့က ကုမ္ပဏီကို
ပြောတယ်။ လျော် ပေးလိုက်ပါလို့ ပြောပေမယ့်ကုမ္ပဏီက ဖြေရှင်းပေးမှုမရှိဘူး။ အဲဒါတွေကြောင့်
ဆန္ဒပြရတာပါ"ဟု ဒေါ်မြင့်မြင့်ခိုင်က ပြောသည်။
ယခုကဲ့သို့ ရန်ကုန်သို့တက်လာကာ ဆန္ဒပြသည့်ကိစ္စနှင့်ပတ်သက်ပြီး အမျိုးသားကြီးပွားတိုးတက်
ရေးကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်နဒီလင်းက ယခု ဆန္ဒပြသူများသည် အလုပ်လုပ်ချင်ကြ
သောသူများ မဟုတ်ကြောင်းနှင့် သက်သက် ဆူပူအောင် ပြသနာရှာနေကြသော သူများဖြစ်သော
ကြောင့် ဘာမှလုပ်ဆောင်မည်မဟုတ်ကြောင်း မြန်မာတိုင်း(မ်)ကို ပြောသည်။
မိုးထိမိုးမိအလုပ်သမားများအနေဖြင့် နိုဝင်ဘာလ ၃ ရက်နေ့တွင် အဆိုပါ ကုမ္ပဏီရှေ့၌ ထပ်မံဆန္ဒပြ
ရန် ကမာရွတ်ရဲစခန်းသို့ တင်ပြထားပြီး ခွင့်ပြုချက်ရခဲ့လျှင် နိုဝင်ဘာလ ၃ ရက်နေ့မှ ၇ ရက် နေ့
အထိ ဆန္ဒပြသွားမည်ဖြစ်ကြောင်း ဒေါ်မြင့်မြင့်ခိုင်က ပြောသည်။
နော်စေးဖောဝါး
The Myanmar Times
No comments:
Post a Comment