Friday, November 2, 2012

ငွေကျပ်ငါးထောင်တန် ငွေဖြည့်ကတ်များထက် တစ်သောင်းကျပ်တန် ငွေဖြည့်ကတ်များ ပိုရောင်းရ

ငွေကျပ်ငါးထောင်တန် ငွေဖြည့်ကတ်များထက် တစ်သောင်းကျပ်တန် ငွေဖြည့်ကတ်များ ပိုရောင်းရသည်ဟု ဈေးကွက်အတွင်းမှ သိရှိရသည်။ ငွေကျပ်ငါးထောင်တန် ငွေဖြည့်ကတ်များကို လူငယ်များမှ ပိုမိုဝယ် ယူကြပြီး တစ်သောင်းတန် ငွေဖြည့်ကတ်များကို လူကြီးပိုင်းများက ပိုမိုဝယ်ယူကြသည်ဟု သိရသည်။

“ဈေးကွက်ထဲမှာ ငါးထောင်တန်ငွေဖြည့်ကတ်တွေကို ပိုရောင်းရတယ်။ အထူးသဖြင့် လူငယ်တွေ ကိုယ့်ရဲ့မုန့်ဖိုးလေးတွေနဲ့ လာဝယ်ကြတယ်။ လူကြီးတွေကတော့ တစ်သောင်းကတ်ဝယ်ဖြည့်တာ များပါတယ်။ ငါးထောင်ဆို ခဏခဏ လာဝယ်နေရလို့ ထင်တယ်။ ငါးထောင်တန် ငွေဖြည့်ကတ်က
တစ်ရက်ကို ၅၀ ကတ်လောက်နီးပါး ရောင်းရတယ်။ တစ်သောင်းကတ်ကတော့ ပိုရောင်းရတယ်” ဟု AMT မိုဘိုင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ “တစ်သောင်းနဲ့ ငါးထောင်ကတ်မှာ တစ်သောင်းက ပိုရောင်းရတယ်။ အချို့တွေက ငွေကိုချွေပြီးသုံးတော့ ငါးထောင်တန်ကို ဖြည့်ကြတယ်။ အချို့ကတော့ ငါးထောင်တန်က ခဏလေးနဲ့ကုန်တယ်ဆိုပြီး တစ်သောင်းတန်ကတ်ကို ပိုကြိုက်ကြတယ်” ဟု My Mobile မှ ကိုမောင်မောင်ကပြောသည်။ ဈေးကွက်အတွင်းတွင် ငွေကျပ်နှစ်သောင်းတန်နှင့် သုံးသောင်းတန်ငွေဖြည့်ကတ်များမှာ မရောင်းရသလောက် ရှိသည်ဟုသိရပြီး ဆိုင်တော်တော်များများတွင် ရောင်းချမှုပင်မရှိတော့ဟု သိရသည်။

ကိုဟိန်း
Internet Journal

No comments:

Post a Comment