၂၀၁၁ခုနှစ် စက်မီတာ (စင်တီမီတာ)တပ်ဆင်ချိန်မှ စ၍ ကျေးရွာမီးလင်းရေး အထောက်အကူပြုကော်မတီ မှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဌာနသို့ မိမိတို့သုံးစွဲထားသော ယူနစ်များအပြင် အပိုယူနစ်များ ကိုလည်း ပေးဆောင်နေရခြင်း၊ အိမ်သုံးမီတာများ အပျက်ရှိခြင်း၊ ရပ်ခြင်း၊နှေးခြင်းများရှိနေ၍ မြို့ နယ်လျှပ်စစ်အင်ဂျင်နီယာဌာနသို့ စစ်ဆေးပေးရန် အကြိမ်ကြိမ်တင် ပြသော်လည်း လာရောက်ကြည့် ရှုစစ်ဆေးမှုမရှိခြင်း၊အိမ်သုံးမီတာ နှင့်လုပ်ငန်းသုံးမီတာများအား စိ စစ်ခွဲခြားမှုမရှိခြင်း၊လျှပ်စစ်ဝန်ထမ်း များက ကျသင့်မီတာယူနစ်များ ကိုလာရောက်ဖတ်ရှုခြင်းမရှိဘဲ ခန့်မှန်းထည့်သွင်းဖော်ပြနေ၍ သုံး စွဲသူများမီတာသုံးစွဲခအမှန်ကို ပေးဆောင်လိုသော်လည်း နစ်နာ မှုများရှိနေခြင်း၊နှစ်ပေါင်း(၂၀)ခန့် မည်သည့်ပြဿနာများမျှမရှိဘဲ ၂၀၁၁ခုနှစ်မှစတင်၍ သုံးစွဲသော ယူနစ်များသည်ဖြစ်စေ၊နည်းသည် ဖြစ်စေ မီတာတစ်လုံးလျှင်(၂၀၀၀) ကျပ်ခန့် လစဉ်ပေးဆောင်နေရ သဖြင့် ယူနစ်အနည်းငယ်သာသုံး စွဲသူများနစ်နာမှုများရှိနေခြင်း၊အ မှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနမှ ကျေးရွာအတွင်း တပ်ဆင် ထားသော မီတာစာရင်းမှန်ကန်မှု မရှိဘဲ မီတာများဖောင်းပွနေခြင်း နှင့် ယင်းကိစ်္စအတွက်မြို့နယ်လျှပ် စစ်အင်ဂျင်နီယာရုံးသို့ မီတာစာရင်း တိတိကျကျ ရရှိရန်အကြိမ်ကြိမ် တင်ပြတောင်းခံသော်လည်း ယနေ့ အချိန်ထိ မှန်ကန်သော စာရင်း မရရှိခြင်း၊နန်းဦးဘုန်းတော်ကြီး ကျောင်းမီတာအား ယခင်မီးလင်း ရေးအထောက်အကူပြုကော်မတီ မှ ဘုန်းတော်ကြီးမသိရှိဘဲ အပြင် သို့ရောင်းချထားခြင်း၊လျှပ်စစ် ဥပဒေနှင့်မကိုက်ညီသော သွယ် တန်းသုံးစွဲမှုအား ယခင်အင်ဂျင် နီယာမှဖြတ်တောက်ပြီးမှ ပြန်လည် သွယ်တန်းတပ်ဆင်ပေးခြင်းတို့ရှိ နေကြောင်း လျှပ်စစ်မီးသုံးစွဲသူ ကော့ထင်းကျေးရွာသား(၇၄)ဦး၏ အမည်၊လက်မှတ်ပါလျှပ်စစ်စွမ်း အားဝန်ကြီးဌာန၊ နေ ပြည်တော် သို့တင်ပြစာအရသိရှိရသည်။
မိုးမြင့်ဆွေ
Hot News
No comments:
Post a Comment