Friday, November 2, 2012

မန္တလေးမြို့တွင် ယာဉ်ကြောကြပ်မှု ပိုမိုကြုံတွေ့လာ

မန္တလေးမြို့တွင် ကားတင်သွင်းခွင့်နှင့် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များကို လိုင်စင်ချပေးပြီး
နောက်ပိုင်း ယာဉ်ကြော ကြပ်မှုကို ပိုမိုကြုံတွေ့လာရကြောင်း မြို့ခံအများစု၏ ပြောကြားချက်
အရ သိရှိရသည်။
"အရင်အစိုးရလက်ထက်တုန်းက ဇိမ် ခံကားတင်းသွင်းခွင့်မှာ ကန့်သတ်မှုတွေ ရှိခဲ့တယ်။
အစိုးရအပြောင်းအလဲ ဖြစ်ပြီး နောက်ပိုင်းမှာ အစိုးရကနေ ဇိမ်ခံကား တွေကို အရင်ဆုံးချပေး
တယ်။ တကယ်တော့ အများပြည်သူသယ်ယူပို့ဆောင် ရေးမှာ အသုံးပြုမယ့်ကားတွေကိုပဲ
အရင်ဆုံးချပေးသင့်တယ်။ နောက် တစ်ချက်
တိုးပွားလာမယ့်ယာဉ်စီးရေနဲ့ သင့်တော်မယ့်
လမ်းစီမံချက်တွေကိုအရင်မလုပ်ဘဲနဲ့ ကားတွေ၊ ဆိုင်ကယ်တွေကို ချပေးလိုက်တော့
ရုံးဆင်းရုံးတက် ချိန်တွေမှာ မန္တလေးမှာ ယာဉ်ကြောကြပ် လာတယ်။ အခုဆိုရင် တစ်နေရာ
ရာကို သွားမယ်ဆိုရင် စောထွက်နေရတယ်"ဟု ချမ်းအေးသာစံမြို့နယ်တွင် နေထိုင်သူ
ကိုကျော်ဘုန်းအောင်က မြန်မာတိုင်း(မ်) ကို ပြောသည်။
မန္တလေးမြို့တွင် ယာဉ်ကြောကြပ်လာ သည်နှင့်အမျှ ယာဉ်တိုက်မှုအန္တရာယ်ကို ပိုမိုသတိ
ထားလာရကြောင်းလည်း လမ်းအသုံးပြုသူအများစုက ပြောကြသည်။ "စက်မှုကနေ မြို့ထဲကို
ကျောင်းသွား ကြိုတဲ့အခါတိုင်း ကားကို သတိထား မောင်းနေရတယ်။ ယာဉ်ကြောကြပ်လာ
တဲ့အတွက် လမ်းလုတာတွေ၊ စည်းမဲ့ ကမ်းမဲ့မောင်းတာတွေ၊ ကိုယ့်ကားရှေ့ ကို ဆိုင်ကယ်
တွေ ရုတ်တရက်ထွက်လာ တွေကို မနည်းသတိထားမောင်းနေရ တယ်။
အရင်က စက်မှုကနေ မြို့ထဲကို သွားရင် အချိန်သိပ်မပေးရပေမယ့် အခု ယာဉ်ကြောကြပ်
လာတဲ့အတွက် မြို့ထဲ ကို တော်တော်နဲ့ မရောက်နိုင်ဘူး။ စက်မှု ကနေထွက်ရင် ပထမဆုံး
တံခွန်တိုင်ဈေး မှာ ကြပ်တယ်။ နောက်ပြီး ကျွဲဆည်ကန် ကားကွင်း၊ သံလမ်း၊ အဲဒီကနေ
တောက် လျှောက် ယာဉ်ကြောကြပ်တော့တာပဲ" ဟု စက်မှုဇုန်တွင် နေထိုင်သူ ဦးရဲဝင်းအောင်
က ပြောသည်။
ယာဉ်ကြောပိတ်ဆို့စေမှုများတွင် ခရီး သည်တင်ယာဉ်များ မှတ်တိုင်တွင် စုပြုံ နေခြင်း၊
ယာဉ်မှတ်တိုင်တွင် ခရီးသည် အတင်အချပြုလုပ်ရမည့်အစား ဂိတ်ထိုး ၍ လူမပြည့်မချင်း
ရပ်နားစောင့်နေခြင်း၊ ဘတ်စ်ကားမှတ်တိုင်များတွင် ရပ်နား ခြင်းမပြုဘဲ လမ်းဆုံလမ်းခွ
ထောင့်များ တွင် ခရီးသည်အတင်အချနှင့် ကုန်အတင် အချပြုလုပ်ခြင်း၊ လမ်းဘေးတွင်
ဈေးဆိုင်များ စည်းကမ်းမဲ့စွာ တည်ခင်း ရောင်းချခြင်း၊ အိမ်ရှင်များက လမ်းပေါ်တွင်
ယာဉ်မရပ်ရ  မှတ်တိုင်များ စိုက်ထူ ထားခြင်း၊ ကားများ ကန့်လန့်ရပ်ထား ခြင်း၊ ကုန်တင်
ကုန်ချ ပြုလုပ်ခြင်း၊ စက်ဘီး၊ဆိုင်ကယ်၊ ကားများ အဆင့်ဆင့်ရပ်နားထားသဖြင့် ယာဉ်
ကြောတစ်ခုလုံးအသုံးပြုမရခြင်းတို့ ပါဝင်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေး
ကော်မတီလမ်းတံတားဌာနမှ အချက်အလက်များအရ သိရသည်။
"အခုနောက်ပိုင်း မန္တလေးရဲ့လမ်းမကြီးတွေမှာ သိသိသာသာယာဉ်ကြော ပိတ်ဆို့မှုတွေ
ရှိလာတယ်။ တခါတလေ ဆို ယာဉ်ကြောပိတ်မိနေတာ ၁၀ မိနစ်၊ ၁၅ မိနစ်လောက်အထိ
ရှိလာတယ်။ အရင်က သူ့ဟာနဲ့သူ သဟဇာတဖြစ်ပေ မယ့် အခုကားအသစ်ရော ဆိုင်ကယ်
အသစ်တွေပါပေါလာတော့ လမ်းတွေက ကျဉ်းသလိုဖြစ်သွားတယ်"ဟု မဟာ အောင်မြေမြို့နယ်
တွင် နေထိုင်သူကိုဉာဏ်ဝင်းက ပြောသည်။
မန္တလေးမြို့တွင် အချို့လမ်းများမှာ ပိတ်ဆို့နေသဖြင့် ဆက်စပ်လမ်းများ လိုအပ်နေခြင်း၊ ယာဉ်
စည်းကမ်းလမ်း စည်းကမ်းလိုက်နာမှု အားနည်းခြင်း၊ ယာဉ်ကြောထိန်းချုပ်ရေး အစီအမံများ
မရှိခြင်း၊ အသစ်တည်ဆောက်သောစီးပွားရေး အဆောက်အအုံများတွင် လုံလောက်သော
ကားပါကင်ထည့်သွင်း တည်ဆောက်မှုမရှိခြင်းတို့သည်လည်း ယာဉ်ကြောကြပ်မှုကို ဖြစ်ပေါ်စေ
ကြောင်း သိရသည်။
"မန္တလေးမှာ ယာဉ်ကြောရှုပ်ထွေးစေတဲ့ အကြောင်းရင်းတွေကတော့ အများကြီးပဲ။ မြို့ရဲ့အရှေ့
အနောက် ဆက်စပ်လမ်းတွေ လိုအပ်နေတာတွေလည်းပါတယ်။ ဥပမာ လူသွားများတဲ့နေရာမှာ
မျက်ပါးရပ်စစ်တပ်နဲ့ ပိတ်ဆို့နေတာမျိုး၊ မန္တလေးတက္ကသိုလ်နဲ့ ပိတ်နေတာမျိုး၊ ချမ်းမြသာစည်
လေဆိပ်အဟောင်းက ပိတ်နေတာမျိုးတွေ ရှိနေပါတယ်။ နောက် ၆၆ လမ်းမှာ  Pharmacy
ကလည်း ပိတ်နေပြန်ပါတယ်။
ဒီတော့မြို့အ၀င်လမ်းတွေက အလုပ်ဆင်းချိန်ဆို ပိတ်နေပြီပေါ့။  နောက်ပြီး လမ်းမပေါ်အထိ
ဈေးဆိုင်တွေ ခင်းကျင်းထားတာမျိုးတွေ၊ လမ်းစည်းကမ်းမရှိတဲ့၊ မသိတဲ့ယာဉ်မောင်းတွေ၊
လမ်းစည်းကမ်းဖောက်ဖျက်တဲ့သူတွေအပြင် လမ်းမကောင်းတာတွေကြောင့် ယာဉ်ကြော
ပိတ်ဆို့ရတာပါ။ အသစ်တည်ဆောက်တဲ့ စီးပွားရေးအဆောက်အအုံတွေမှာလည်း လုံလောက်
တဲ့ ကားပါကင်ကို ထည့်သွင်းတည် ဆောက်သင့်တယ်"ဟု  C.A.D Construction မှ
ဦးဇင်မင်းဆွေက ပြောသည်။
 "တစ်ဆက်တည်းပြောရရင်Traffic Control Plan မရှိသေးတာလည်း ပါ မယ်။ အဲဒါတွေမရှိ
ဘဲ လိုင်စင်တွေချပေး တော့ ပိုဆိုးတာပေါ့။ ယာဉ်အန္တရာယ် ကင်းဝေးအောင် ယာဉ်မောင်း
လိုင်စင်ကို လည်း စနစ်တကျနဲ့ တင်းတင်းကြပ်ကြပ် သင်ပေးပြီးမှ ပေးသင့်ပါတယ်။ ယာဉ်
စည်းကမ်းလမ်းစည်းကမ်း ပညာပေး တာကလည်း အားနည်းနေသေးတယ် လို့ မြင်ပါတယ်။
Traffic Control Plan ကို အခုကတည်းကရေးဆွဲပြီး ဖြေရှင်းသင့်တယ်။ မဟုတ်ရင် မန္တလေးမြို့
က နောက်ထပ် နှစ်နှစ်လောက်နေရင် ခြေကျင် သွားရတာကမှ ပိုပြီးခရီးတွင် တော့မယ့် အနေ
အထားကို ရောက်တော့မယ်"ဟု ဦးဇင်မင်းဆွေက ပြောသည်။
မန္တလေးမြို့တွင် ၂၀၁၂ ခုနှစ်၊ ဩဂုတ်လ စာရင်းများအရ လူစီးယာဉ် ၃၈,၅၄၄ စီး၊ ကုန်တင်ယာဉ်
၈,၇၇၀ စီး၊ ခရီးသည် တင်ယာဉ် ၁,၃၅၉ စီး၊ အခြားယာဉ် ၅၀၁ စီး၊ နှစ်ဘီးတပ်ယာဉ် ၄၂၀,၇၆၈
စီး၊ သုံးဘီးတပ်ယာဉ် ၉,၈၂၅ စီး၊ ထော်လာဂျီ ၅,၇၂၉ စီး၊ စက်ယန္တရား ၃၀ စီးရှိကြောင်း သိရသည်။
"ယာဉ်ကြောပိတ်ဆို့မှုကို ဖြစ်စေတဲ့အချိန်ပြည့် ရပ်တန့်ထားတဲ့ ကိုယ်ပိုင်ယာဉ်တွေ၊  လမ်းပေါ်မှာ
ဖွင့်လှစ်ရောင်းချတဲ့ ဈေးဆိုင်တွေ၊ စည်းကမ်းမဲ့ ရပ်နားထားတဲ့ စက်ဘီးတွေ၊ ဆိုင်ကယ်တွေကို
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အခွန်ဌာန၊ ဈေးနှင့် သားသတ်ဌာန၊  စည်ပင်
ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ကနေပြီး ဥပဒေအရ ဖိဖိစီးစီး အရေးယူဖို့ လိုအပ်ပါတယ်"ဟု 
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ လမ်းတံတားဌာနမှ ဌာနမှူး ဒေါ်ခင်မေဌေးက
ပြောကြားသည်။

သန်းနိုင်စိုး
The Myanmar Times

No comments:

Post a Comment