ဖြစ်ပွားနေသည့် လယ်သမားအရေး ကိစ္စများကို ဖြေရှင်းရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ
အဖွဲ့များကလည်း မြေယာလုပ်ပိုင်ခွင့်ချထားခြင်းနှင့် စီမံခန့်ခွဲခြင်းလုပ်ငန်းများ အပါအ၀င် ပေါ်ပေါက်
လာသည့် ကိစ္စရပ်များကို မြေပြင်ပကတိအခြေအနေမှန်အတိုင်း ဥပဒေနှင့်အညီ ကိုင်တွယ်ဖြေရှင်း
ပေးမည်ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအုန်းသန်းက
ပြောသည်။
"ဥပဒေနဲ့အညီ မှန်ကန်တရားမျှတစွာ ဖြေရှင်းဆောင်ရွက်ပေးသွားပါမယ်" ဟု အောက်တိုဘာလ
၂၆ ရက်က အမျိုးသားလွှတ်တော် အစည်းအဝေး တွင် ဦးသိမ်းဆွေ၏ မေးမြန်းချက်ကို ပြန်လည်
ဖြေကြားခဲ့သည်။
ဦးသိမ်းဆွေက ဖျာပုံမြို့နယ်အတွင်းရှိ
ကုမ္ပဏီများ၊ အသင်းအဖွဲ့များပိုင်၊ ပုဂ္ဂလိကပိုင်များအဖြစ်
ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ပူပေါင်း၍ လယ်ယာ မြေများတွင် သီးစားအဖြစ်လုပ်ကိုင်နေရ
သည့် ခေါင်းပုံဖြတ်ခံလယ်သမားများအတွက် ခံစားခွင့်၊ ပိုင်ဆိုင်ခွင့် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊
မရှိ မေးမြန်းခဲ့ခြင်းဖြစ်သည်။
ယခင်တပ်မတော်အစိုးရလက်ထက်က ရေကြီးကွင်း၊ ရေနက်ကွင်း၊ ကိုင်းတော၊ မြက်တောများကို
ရှင်းလင်းကာ လယ်ယာမြေသစ် စိုက်ပျိုးမြေဧက တစ်သန်းဖော်ထုတ်ရန် စီမံကိန်းချမှတ်ခဲ့ပြီး ဖျာပုံ
ခရိုင်အတွင်း ရေကြီးကွင်း မြေလွတ် မြေရိုင်းဧက ၁၇,၀၁၃ ဧက၊ တောရိုင်း မြေဧရိယာ ၃၄,၁၈၈
ဧက၊ စားကျက်မြေ ဧရိယာ ၇,၅၁၀ ဧကတို့ကို ဖော်ထုတ်ခဲ့ သည်ဟု ဦးအုန်းသန်းက ပြောသည်။
မြေလွတ်မြေရိုင်းဧကများကို စိုက်ပျိုး မြေအဖြစ် ကုမ္ပကြီးသုံးခုကို ၁၂,၆၃၂ ဧက၊ ဌာနအဖွဲ့အစည်း
၁၃ ခုကို ၂,၁၅၈ ဧက၊ တပ်ရင်းတပ်ဖွဲ့သုံးခုကို ၂၄၂ ဧက၊ ဒေသခံတောင်သူများက ၇၅,၃၇၂ ဧက
ရယူခဲ့ကြောင်း ၎င်းကပြောသည်။ "ဇင်းဘောင်၊ သီးမစ်နဲ့ ပန်းသပြေ ကုမ္ပဏီတွေက မြေယာဖော်
ထုတ်ပြီး တောင်သူတွေနဲ့ စိုက်ပျိုးလုပ်ကိုင်ခဲ့ကြ ပါတယ်" ဟု ၎င်းက ပြောသည်။
ဖော်ထုတ်ထားသည့် လယ်မြေများပေါ်တွင် သီးစားအဖြစ်လုပ်ကိုင်နေသည့် ဒေသခံတောင်သူများ
နှင့် ဖြစ်ပေါ် နေသည့် အငြင်းပွားမှုပြဿများကို ဖြေရှင်းနိုင်ရန် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့
က ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေး မှူးများခေါင်းဆောင်သည့် ခရိုင်၊ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုး
တက်ရေး ကော် မတီများကို ဖွဲ့စည်းပြီး ကွင်းဆင်းလေ့ လာစေခဲ့သည်။
လယ်ယာမြေများ၏ ရာဇ၀င်၊ လုပ်ပိုင်ခွင့်လျှောက်ထားမှု အခြေအနေ၊ ပလပ်မြေ၊ တောရိုင်းမြေ၊
ရေကြီးရေနက်ကွင်းအဖြစ်မှ စိုက်ပျိုးလုပ်ကိုင်နိုင်သည့်အခြေအနေ၊ ကုမ္ပဏီ များမှ စက်ယန္တရားများ
ဖြင့် ရေနုတ် မြောင်းတူးဖော်ခြင်း၊ ကန်သင်းပတ်ခြင်း များ၊ တောင်သူလယ်သမားများ၏ လုပ်အား
ဖြင့် ဖော်ထုတ်မှု၊ ကုမ္ပဏီ အဖွဲ့ အစည်းများမှ လယ်သမားများအား ထောက်ပံ့မှုနှင့် မည်သည့်
အထောက် အပံ့မျှမပေးဘဲ သီးစားခတောင်းခံမှု အခြေအနေများကို အသေးစိတ် စုံစမ်း တင်ပြ
စေခဲ့သည်ဟု ၎င်းကပြောသည်။
ဒေသခံများကို မြေရိုင်းများအား ခုတ် ထွင် ရှင်းလင်းပြီး မြေလွတ်မြေရိုင်းများ ကို သုံးနှစ်အထိ
သီးစားခသုံးတင်းနှုန်းဖြင့် ချထားပေးကာ လယ်ရိုင်းမှ လယ်ယဉ်ဖြစ် အောင် ဆောင်ရွက်ခဲ့ကြ
သော်လည်း လယ်ယာမြေဧက တစ်သောင်းခန့်ကို ကုမ္ပဏီ၊ အသင်းအဖွဲ့များ၊ ရင်းနှီးပတ် သက်ရာ
လူပုဂ္ဂိုလ်များကို ခွဲတမ်းချ လုပ်ကိုင်စေကာ မြေရိုင်းမှ မြေယဉ်ပြု လုပ်ခဲ့သူများအား သီးစားစနစ်ဖြင့်
ပြန် ချထားသည်ကို တွေ့ရသည်ဟု ဦးသိမ်းဆွေက ပြောသည်။
"သီးစားခမကျေရင် လယ်ကိုပြန် သိမ်းပြီးတော့ တခြားတစ်ဦးကို သီးစားချတယ်။ အချို့တောင်သူ
တွေဆို သီးစားခ မကျေလို့ တရားစွဲတောင်ခံရပါတယ်" ဟု ၎င်းက ပြောသည်။
ဝင်းကိုကိုလတ်
The Myanmar Times
No comments:
Post a Comment