Saturday, November 3, 2012

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ပန်ချီးပြပွဲ နှင့် ဈေးရောင်းပွဲတော်ကျင်းပ

အမျိုးသာဒီမိုကရေစီအင်အား စုပါတီ၊ ဗဟိုဌာနချုပ်ရုံးတွင် ၂၉.၁၀.၂၀၁၂ ရက်နေ့က ရန်ကုန်တိုင်းစည်းရုံးရေးကော်မတီ နှင့် အလုံမြို့နယ်ပြည်သူလွှတ်တော်  ကိုယ်စားလှယ်ဦးခိုင်မောင်ရည်တို့  ဦးဆောင်မှုဖြင့် ပန်းချီပြပွဲနှင့် ဈေး ရောင်းပွဲတော်ကိုကျင်းပပြုလုပ်ခဲ့ သည်။
ထိုပန်းချီပြပွဲသို့အမျိုးသား ဒီမိုကရေစီအင်အားစုပါတီဥက္ကဋ္ဌ    ဦးခင်မောင်ဆွေဦးဆောင်သော ပါတီဗဟိုအလုပ်အမှုဆောင်ကော် မတီဝင်များ၊ ရန်ကုန်တိုင်းစည်းရုံး   ရေးကော်မတီဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသော  ဦးခိုင်မောင်ရည်နှင့် ဦးအောင်ဇင်၊ ပန်းချီနှင့် ဂီတလောကမှ ဖိတ်ကြား  ထားသူများတက်ရောက်ကြပြီး နံနက် (၁၀) နာရီတွင် အခမ်းအနား  ကို ဖွင့်လှစ်ခဲ့သည်။
ပန်းချီပညာရှင်များ၏
ပန်ချီ ကားများ၊ ပါတီရင်ထိုးတံဆိပ်၊ ပါတီအလံရင်ထိုး၊ ပါတီတံဆိပ်ပါ  ဘော်ပင်များ၊ တီရှပ်များကို ပါတီ  ရန်ပုံငွေအဖြစ်ရောင်းချသွားမည် ဖြစ်သည်။ မည်သူမဆိုလာရောက်  အားပေးနိုင်ကြောင်း သိရှိရပါသည်။
ဒီမိုကရေစီမိတ်ဆွေပါတီများ ၏ ရခိုင်ပြည်နယ်အရေးထုတ်ပြန် ချက်ဖြင့်ပတ်သက်၍ သတင်း ထောက်များက ပါတီခေါင်းဆောင်  ဦးခင်မောင်ဆွေအား တွေ့ဆုံမေး မြန်း၍ အင်တာဗျူးပြုလုပ်ကြသည်။  ထိုသို့ မေးမြန်းရာတွင် ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ရခိုင်ပြည်နယ်  တွင် ဖြစ်ပွားနေသောအရေးကိစ္စ  များနှင့် ပတ်သက်၍ ဒီမိုကရေစီ  မိတ်ဆွေပါတီများမှ မနေ့က (၂၈.၁၀.၂၀၁၂)ရက်နေ့တွင် အစည်းအဝေးပြုလုပ်၍ တိုင်ပင် ညှိနှိုင်းပြီးမှ ကြေညာချက်ထုတ်ပြန်  ခဲ့ကြောင်းကို အကျယ်တ၀င့်ရှင်း ပြခဲ့သည်။
သတင်းထောက်တစ်ဦးက မေးမြန်းသော (၁၄) ပြည်နယ်၊ သို့မဟုတ်(၁၄) တိုင်းဖွဲ့စည်းသင့် ကြောင်း ဒီမိုကရေစီမိတ်ဆွေပါတီ များ၏ ပြောကြားချက်ကို အချို့ ပါတီများက လက်မခံကြောင်း ပြောကြားနေခြင်းအပေါ်သဘော ထားကို မေးမြန်းရာတွင် ပါတီ ဥက္ကဋ္ဌဦးခင်မောင်ဆွေက သူတို့ သည်လည်းသူတို့၏ Right  ရှိပါ ကြောင်း၊ ဒီအတွက် မပြောလိုပါ ကြောင်း မိမိတို့အနေနှင့် (၂၀၀၈)  အခြေခံဥပဒေအရတည်ရှိနေသော တိုင်းနှင့်ပြည်နယ် (၁၄) ခုကို အခွင့်အရေးတူပေးရန် အဓိကပြော  နေကြောင်း၊ ရှစ်ပြည်နယ်၊ (၁၀) ပြည်နယ်များဖြစ်လာရန်သည် (၂၀၀၈) အခြေခံဥပဒေကို ပြုပြင်း ပြောင်းလဲမှသာဖြစ်နိုင်ပါကြောင်း  အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲ ရေး၊ အသစ်ရေးဆွဲရေးဆိုသည်မှာ   လက်ရှိအနေအထားများအရ မလွယ်ကူသည့်လုပ်ငန်းစဉ်တစ်ခု ဖြစ်နေကြောင်း၊ မိမိတို့အနေဖြင့် ဖြစ်နိုင်သည့်ကိစ္စများကို တိုင်းပြည်   အကျိုးအတွက်ပြောဆိုနေရသည် ဖြစ်ကြောင်း၊ နိုင်ငံရေးသမားတစ် ဦးအနေဖြင့် မိမိပြောသည့်စကား ကို မိမိတာဝန်ယူရမည်ဖြစ်ကြောင်း  တာဝန်ယူနိုင်မှသာပြောဆိုသင့် ကြောင်း မိမိတို့ဖြစ်လိုသည့်ဆန္ဒ ကိုသာ ဦးစားမပေးဘဲ ဖြစ်သင့် ဖြစ်ထိုက်သည်များကို ပြောသင့် ကြောင်း မိမိတို့မည်ကဲ့သို့ပြောဆို  ပြောဆို နောက်ဆုံးအဆုံးသတ် သည် ပြည်သူလူထု၏ဆန္ဒအပေါ် တွင်သာမူတည်ပါကြောင်း ပြည်သူ  လူထုကသာ အဆုံးအဖြတ်ပေးရ မည်ဖြစ်ကြောင်းဖြင့် ဖြေကြားခဲ့  သည်။

  SYN
Hot News

No comments:

Post a Comment