““တို့ရွာသား၊ထွန်းအောင်နဲ့၊ထွန်းဆိုင် ကို၊လွှတ်ပေး လွှတ်ပေး…
““မတရားဖမ်းထားတာ၊လွှတ်ပေး လွှတ်ပေး..””
““မတရားရင် တို့မခံ…””
““လယ်သမားတွေ ရွာသားတွေ နိုး ကြားကြ စည်းလုံးကြ…””
““သူကြီးအာဏာ၊အလွဲသုံးစား၊မလုပ် နဲ့၊မလုပ်နဲ့””
““မတရား ဖမ်းထားတာ လွှတ်ပေး လွှတ်ပေး…””
လယ်သမားထုကား ကြွေးကြော်သံ များ ဆူညံပေါက်ကွဲစွာဟစ်ကြွေး၍ သူကြီးအိမ်ဝင်း၊အ၀သို့ ချီတက်လာနေပြီ။
ထိုအသံများ ပို၍နီးကပ်လာသော အခါ မြေပိုင်ရှင်ရွာသူကြီး ဦးကျော်လူ သည် ထိုင်ရာမှထကာ တံခါးပေါက်ဆီ မှာ လာရပ်၍ အပြင်သို့မျှော်ကြည့်၊မျက် လုံးပြူးသွား၏
““ဟေ့၊ဒီကောင်တွေ ခြံထဲမ၀င်စေနဲ့ သေနတ်နဲ့ချိန်ပြီးတားထား…””
ကြွေးကြော်ချီတက်လာသော လယ် သမားထုကြီး၊ခြံဝသို့ရောက်သောအခါ၊ ပို၍ ကျယ်လောင်စွာ၊ဟစ်ကြွေးကြပြန်၏။
ဦးကျော်လူကား ဒေါကန်သည်ထက် ကန်ကာ အိမ်ထဲမှာ ဆောက်တည်ရာမရ ခေါက်တုန့်ခေါက်ပြန်လျှောက်နေ၏။
လယ်သမားအဖွဲ့ခေါင်းဆောင်တစ် ယောက်၊လယ်သမားထုအား ငြိမ်သက် ရန် အချက်ပေးလိုက်ပြီးနောက် ခြံဝမှ သေနတ်ကိုင်နှစ်ယောက်ထံ ချဉ်းကပ်၏။
““ကျွန်တော်တို့သူကြီးနဲ့တွေ့ပါရစေ”” ဟု ပြောသောအခါ အစောင့်တစ်ယောက် က …
““ရှေ့မတိုးနဲ့၊ခြံထဲ ၀င်ရင်ပစ်ထည့် လိုက်မယ်”” ဆိုကာ ကြိမ်းမောင်းခြိမ်း ချောက်၏။
““ခေတ်ကြီးဟာပြောင်းလဲနေပါပြီ မိတ်ဆွေ၊မိတ်ဆွေ၊မိုက်မိုက်မဲမဲနဲ့ ပစ်မယ်ဆိုရင် မိတ်ဆွေသာ တန်ဆာခံ၊ ဖြစ်သွားမှာပေါ့။ တရားတာ၊မတရားတာ ကို ကြည့်ဖို့ကောင်းပါတယ်။မိတ်ဆွေ လည်း ကျုပ်တို့လို ဆင်းရဲသားတစ်ယောက် ပါ၊တရားသူကြီးတောင်မှ လူအုပ်ကို သေ နတ်နဲ့ပစ်ဖို့ အမိန့်ပေးရင် အကြောင်းခိုင် လုံမှ ပေးနိုင်တာပါ။ ကျုပ်တို့ အခုစည်း ကမ်းသေ၀ပ်စွာ ဆန္ဒပြနေကြပါတယ်။ကျုပ်တို့ကို ပစ်သတ်ဖို့ အမိန့်ပေးနိုင်တဲ့ အာဏာပိုင် ဒီရွာမှာ မရှိပါဘူး။ကဲ သူ ကြီးကိုသာ တွေ့ခွင့်တောင်းတဲ့အကြောင်း တဆိတ်သွားပြောပေးပါ””
လယ်သမား ခေါင်းဆောင်၏စကား ကြားသောအခါ အစောင့်နှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့် လိုက်ကြ၏။
““လူထုနဲ့ဆန့်ကျင်ရင် မှားမှာပေါ့ဗျာ အခုခေတ်က နိုးကြားနေတဲ့ခေတ်၊ အာဏာ ရှိတိုင်း ထင်ရာလုပ်လို့မရပါဘူး။ရွာမှာသူကြီးဘက်သားကနည်းနည်းပဲရှိ ပါတယ်။ကျန်တဲ့အများစုရွာသူ/ရွာသား တွေဟာတစ်စည်းတစ်လုံးတည်းရှိနေတာ သတိပြုပါ””
လယ်သမားထု၏ တွေ့ဆုံမှု၊တောင်း ခြင်းအား သူကြီးထံသွားရောက်အစီရင် ခံသော အစောင့်ခြံဝသို့ ပြန်ရောက်လာ ၏။ သူကြီးဘက်မှ မတွေ့နိုင်ကြောင်း အဖြေအားကြားသိရသောအခါ လယ် သမားထုကြီး ပေါက်ကွဲဆူညံစွာကြွေး ကြော်ကြပြန်၏။ ““မတရားဖမ်းထားတာ ““လွှတ်ပေး လွတ်ပေး””
““သူကြီးအာဏာ၊အလွဲသုံးစားမလုပ် နဲ့၊မလုပ်နဲ့””
““သမီးရည်းစား၊ခိုးရာလိုက်တာ ဖမ်း နိုင်သလား၊ဖမ်းနိုင်သလား””
““သူကြိုက်လို့၊သူလိုက်တာ လိုက်ပါ စေလား လိုက်ပါစေလား””
လူအုပ်ကြီးမှာ မခံမရပ်နိုင် ပို၍ဖြစ် ကာ စိတ်ပေါက်ပေါက်နှင့် အားကုန်ကြုံး ၍ ဟစ်ကြွေးနေကြ၏။ သူကြီးက၊အမိန့် ပေး၏။““ဟေ့ ဒီကောင်တွေ ပြန်လှည့် မသွားရင် ပစ်ကြပါလား”” အစောင့်များ အား ပစ်ရန်ဝေးစွ လူအုပ်ကြီးအား ကြောက်လန့်တကြား ကြောင်၍ကြည့် နေ၏။ နောက်ဆုံး သူကြီးက ဆန္ဒပြခေါင်း ဆောင်အား ခြံဝန်းထဲမှနေ၍ သူ့အနား ခေါ်လိုက်၏။
““မင်းတို့ပြန်သွားရင် ကောင်းမယ်။ ငါဖမ်းတာ သူတို့မှာအပြစ်ရှိလို့ဖမ်းတာ မိန်းကလေးတစ်ယောက်ကို အလိုမတူ ဘဲ အဓမ္မခိုးယူတာ ရာဇ၀တ်မှုကွ။ငါမြို့ ကိုပို့ပြီး ရုံးတင်မယ်။အဲဒီအခါကျတော့ ငါ့မှာရှိတယ် မရှိဘူးဆိုတာ ရုံးကအဆုံး အဖြတ်ပေးလိမ့်မယ်။ဒီတော့ မင်းတို့ ပြန် ကြပါ””။
““သူကြီးမင်း မကျေနပ်ရင် မြို့ကရုံး မှာသွားပြီး တရားစွဲပါ။မြို့မှာဂတ်လည်း ရှိပါတယ်။ဂတ်မှာသွားပြီးတိုင်ပါ။ဂတ်က လာဖမ်းပါလိမ့်မယ်။အဲဒီလိုဆိုရင် ကျွန်တော်တို့ ဘာမှပြောစရာမလိုပါ ဘူး။””
““ဟေ့ ငါက အထူးအာဏာရ သူ ကြီးကွ။အပြစ်ရှိရင် ငါဖမ်းပြီး ဂတ်ပို့နိုင် တယ်””
““ဘာပဲဖြစ်ဖြစ် သူကြီး ခုလိုဖမ်းတာ ကတော့ မတရားတာထင်ရှားနေပါတယ်။ တရားတယ် မတရားဘူး ဆုံးဖြတ်မှာက လူတစ်ယောက်၊နှစ်ယောက်မဟုတ်ပါဘူး။လူထုပါ””
ဟော အခု လူထုက မတရားကြောင်း သဘောပေါက်လို့ ခုလိုဆန္ဒပြနေကြပါ တယ်။ မတရား ဖမ်းဆီးထားတဲ့ လူနှစ် ယောက်ကို ချက်ချင်းပြန်လွှတ်ပေးပါ။ ကျွန်တော်တို့ ရန်မူရအောင်လာတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ စည်းကမ်း တကျ ဆန္ဒပြနေပါတယ်။ သူကြီးမင်း မတရားဖမ်းဆီးထားတဲ့ လူနှစ်ယောက် ပြန်လွှတ်ပေးရင် ကျွန်တော်တို့ ပြန်ရုံပါ ပဲ။ပြီးတော့ ဖမ်းဆီးထားတဲ့ လူနှစ်ယောက် ကို သူကြီးရိုက်နှက်ညှဥ်းဆဲတာကို ကျွန်တော်တို့ တစ်ရွာလုံးသိထားပါတယ်။ ဒါကိုလည်း ဥပဒေအတိုင်း အရေးယူရ ပါလိမ့်မယ်””
သူကြီး နဖူးမှာ ချွေးသီးများ သီးစို့ နေသည်။ သူကြီးခေါင်းကိုက်စဉ်းစား သည်။သူကြီးကား အကြပ်ရိုက်နေပြီ။ သူ ကြီးနှုတ်မှ ထွက်လာသောစကားက သူမ ပြောချင်သောစကား။
““ဟေ့ ဟိုကောင်နှစ်ကောင် ထိတ် တုံးဖြုတ်ပြီး လွှတ်ပေးလိုက်””
လူထုကြီးကား “ဟေး”ခနဲ၊ အော်ဟစ် ကာ နှုတ်မှဟစ်ကြွေးလာသည်ကား
““အောင်ပြီ အောင်ပြီ””
လယ်သမားထုကြီး၏ တခဲနက်၊ဆန္ဒ ပြ တောင်းဆိုမှုကြောင့် သူကြီးလက်မှ ပြန်လွတ်လာသူနှစ်ဦးက ထွန်းပိုင်နှင့်တိုး လူ ဆိုသော ထိုရွာသားနှစ်ဦး။
ထွန်းပိုင်က ဘွဲ့ရခေတ်ပညာတတ်။ ရန်ကုန်မြို့မှ သတင်းစာ တစ်စောင်၏ လက်ထောက်အယ်ဒီတာထွန်းပိုင်။ထိုရွာ မှ အဖိနှိပ်ခံ သီးစားလယ်သမား ထွန်း ပိုင်။ဖခင်က ထိုရွာ၏လယ်သမားခေါင်း ဆောင်မြေရှင် သူကြီးဦးကျော်လူ၏ အကွက်ဆင် အညှိုးအာဃာတဖြင့် ထောင် တန်းကျနေသူ။
ဖခင်၏ ရန်ဘက်၊လယ်ပိုင်ရှင်၊မြေ ရှင်သူကြီး၏ သမီးဌေးဆိုသည်နှင့် ချစ် ကြိုးတွေ သွယ်ရစ်မိသူက ထွန်းပိုင်။
ဌေးနှင့်ချိန်းတွေ့စဉ် အချိန်လွန် ခိုး ရာလိုက်မိသော အဖြစ်အား ရွာသူကြီး က ၀ိုင်းဝန်းဖမ်းဆီးမိ၏ ထွန်းပိုင်တို့ ချစ် သူနှစ်ဦးအား ကူညီပေးမိသူက တစ်ရွာ တည်းသား သီးစား လယ်သမားတိုးလူ။
ထိုသို့ဖြင့် ထွန်းပိုင်နှင့်ကြံရာပါ တိုး သူတို့နှစ်ဦးသူကြီး၏ ထိပ်တုံးခတ် ဖမ်း ဆီးခံရခြင်း။ အလံတိုင်မှ ဗြိတိသျှတို့၏ ယူနီယံဂျက် အလံသည် အောက်သို့တ ရွေ့ရွေ့ကျဆင်းလာ၏။ ပြီး အလံတိုင် ထိပ်သို့ အခြားအလံတစ်ခု၏အလံ တစ် ရွေ့ရွေ့တက်ကာ လွှင့်တင်လိုက်၏။မြန် မာတို့ ယင်းကား အခြားမဟုတ် လွတ် လပ်ရေးအား ကြေညာ၍ ဗြိတိသျှ အစိုးရ ထံမှ အာဏာလွှဲပြောင်းယူသော အခမ်း အနား။
ထောင်ဗူး တံခါးပွင့်လာသည်။
သူကြီး ဦးကျော်လူ၏ ရန်ဘက် သား အဖထွန်းပိုင်၏ ဖခင် လယ်သမားခေါင်း ဆောင် ဦးဘမူ ထောင်မှ ပြန်လွတ်လာ ပြီ။
မြေရှင် သူကြီး ဦးကျော်လူ ဒေါကန် နေ၏။
““တောက် ကိုယ့်လယ်ကိုယ် သဘော ကျမချရဘူးလား၊ ဘာမဆိုင် ညာမဆိုင် သူ့ ဘယ်သူမှလည်း ခန့်တာမဟုတ်ဘဲ ဟို ဘမူဆိုတဲ့ လယ်သမားခေါင်းဆောင် နာမည် ခံထားတဲ့ကောင်က မြေယာချ ထားရေးကို သူ့သဘောကျ စီမံနေတယ် ဘာကောင်းသေးသလဲ””
““ဘာ လယ်ယာမြေ ပြည်သူပိုင်လုပ် ရေးတဲ့ ဘာလဲ သူများ ပစ္စည်းကို သူတို့ က ဘာလုပ်ကြံတာလဲ””
““ခေတ်က ပြောင်းနေပြီမဟုတ်လား။ ကိုကျော်လူ။မြေရှင်စနစ် ဖျတ်သိမ်းနေပြီ မဟုတ်လား ဒီတော့ ခေတ်နဲ့အညီဖြစ် နေတာတွေကို မကျေနပ်လို့ ဒေါသဖြစ် နေလို့လည်း ဘာမှမထူးပါဘူး”” နှမဖြစ် သူက ဖျောင်းဖျ၏။
သို့သော် မြေပိုင်ရှင် အာဏာရ သူ ကြီး ကြီးသည်ကား ဖြေမဖြေနိုင်စရာ ကြေကွဲမှုများဖြင့် ညည်းထွားနေရာ၏။
““ကြည့်စမ်းပါဦး။ငါ့လယ်တွေကို ဘမူတို့က စီမံခန့်ခွဲပြီး ချနေကြတာ အ နှစ်နှစ် အလလ ငါ့စိတ်တိုင်းကျ ချလာခဲ့ တဲ့ ငါ့လယ်တွေကို သူကလူကြီးလုပ်ပြီး ချနေတာ ထိုအချိန်တွင် ရွာဦးမှ တန် ဆောင်း အမိုးပေါ်တွင် လယ်သမားအလံ ကြီး တလွင့်လွင့်ထူထားသည်ကို တွေ့နိုင် ၏။
တန်ဆောင်းထဲတွင်မူ လယ်သမား လူထုအား လယ်သမားခေါင်းဆောင် ဦးဘမူက စကားပြောနေ၏။
““မြေရှင်စနစ် မြေရှင် ခေတ်ကုန် သွားပါပြီ၊ လယ်သမား လူထုကြီး၊တစ် ရပ်လုံး တိုက်ပွဲဝင် တခဲနက်လှုပ်ရှားပြီး မြေရှင်စနစ်ကို တွန်းလှန်ဖြိုချလိုက်တာ ကြောင့် မြေရှင်စနစ် ကျဆုံးသွားပါပြီ ကိုယ်စိုက်တဲ့လယ် ကိုယ့်လယ် ဖြစ်ခွင့်ရ ပါပြီ”” တန်ဆောင်းအတွင်းမှ လယ်သမား ထု၏ လက်ခုပ်သြဘာသံများ ဆူညံစွာ ထွက်ပေါ်လာ၏။
““လယ်ယာမြေ ချထားရေး ဘုတ် အဖွဲ့မှာ ကျွန်တော်ဥက္ကဋ္ဌဖြစ်လာပြီး လယ်ယာချထားရေးလုပ်ငန်းကို အခုလို ပထမဆုံးဆောင်ရွက်လိုက်ရတာကိုလည်း ကျွန်တော်ဂုဏ်ယူပါတယ်။
ကျွန်တော်စွန့်လွှတ် ထောင်ကျရ ကျိုး နပ်ပါပြီ။ပြီးတော့ လယ်သမားတွေ ရဲ့ ယုံကြည်ကိုးစားမှုကိုလည်း ကျွန်တော် လေးစားပါတယ်။
လယ်သမားအရေးကို တရားသဖြင့် ဖြောင့်မှန်စွာ ဆက်လက်ဆောင်ရွက်သွား မယ်လို့လည်း ကျွန်တော်ကတိပြုပါတယ်။
လယ်သမားထု၏အသံကား လေ မှာ တလွင့်လွင့်။ လယ်သမားထု၏ အောင် ပွဲရ လက်ခုပ်သံမျာ တဖြောင်းဖြောင်း။
ကျွန်တော်သည် ခုကာလ လယ် ယာမြေနှင့်အခြားမြေများ သိမ်းဆည်း ခံရမှုနှင့်စပ်လျဉ်းသော သတင်းများ ဂျာ နယ်များမှာ ခပ်စိတ်စိတ် ဖတ်ရှုရသော အခါ ကျွန်တော့်ဖခင်၏ မြေရှင်စနစ်ဆန့် ကျင်ရေးနှင့်မြေယာတော်လှန်ရေးဝတ္ထု ရေစီးတစ်ခါ၊ရေသာတစ်လှည့် အား သတိရဖြစ်သည်။ နောက် ကျွန်တော် သတိရသည်မှာ ၁၉၅၂ခုနှစ် ပထမဆုံး ပြည်ပ စာရေးဆရာများအား ချီးမြှင့်သော စတာလင် စာပေဆု။
ထိုဆုအား ကျွန်တော်တို့ ငယ်စဉ် က တသသ စွဲလန်းနှစ်ခြိုက်ဖတ်ရှုမိခဲ့ သော စာရေးဆရာ မောင်မောင်တင် သို့မဟုတ် စာရေးဆရာ တောင်တွင်းဦး ကိုကိုကြီး၊(တစ်ယောက်ယောက်ဟုထင် သည့်)မြန်မာပြန် ချောင်လီပို့၏ လယ်ယာမြေ နောက်ခံ “မုန်တိုင်း”၀တ်္ထု က ရရှိခဲ့၏။
မြေယာစနစ်ပြုပြင်ပြောင်းလဲရေး ကို ထမ်းဆောင်နေသော အဖွဲ့ငယ်သည်။
တောင်သူလယ်သမားများအား ဦး ဆောင်ကာ ပြုပြင်ပြောင်းလဲရေး လုပ် ငန်းများ လုပ်ကိုင်ဆောင်ရွက်ပုံကို အသက် ပါစွာ သရုပ်ဖော်ပြထား၏။
မြေရှင်စနစ် ကျဆုံးသွားသော်လည်း မြေရှင်လက်ပါးစေ ကိုယ်စားလှယ်တို့က တောင်သူလယ်သမား သမဂ်္ဂများ အတွင်း ၀င်ရောက်ပြီး စဉ်းလဲသောအကြံဖြင့် မြေ ယာပြုပြင်ရေးလုပ်ငန်းကို ဖျက်ဆီးခြင်း လယ်ယာလုပ်ငန်းကို ပျက်စီးအောင်ကြံ စည်ခြင်းနှင့် ၎င်းင်းတို့အကြံ နောက်ဆုံး မအောင်မမြင်ဖြစ်ရပုံများကို သရုပ်ဖော် တင်ပြထား၏။ ဆိုရလျှင် အသိပညာ သည် လူတို့၏ နား၊မျက်စိ၊ဦးနှောက်များ ထဲတွင်သာလျှင် ရှိသည်မဟုတ်ဟုထင်၏။ လူတို့ ကိုင်စွဲသော ကိရိယာ၊တန်ဆာပ လာများထဲတွင်သော်လည်းကောင်း၊လူ တို့ပြုလုပ်လိုက်သော အရာများအားလုံး ထဲတွင်သော်လည်းကောင်း၊လူတို့အသုံး ပြုသမျှ အရာအားလုံးထဲတွင်သော်လည်း ကောင်း၊ အသိပညာသည် ပါဝင်တည် ရှိ နေ၏။ ထိုမျှသာမက လူတို့၏ အလုပ် ကျွမ်းကျင်မှုများနှင့်အလေ့အထများ အတွင်း၌လည်း အသိဟုလာသည် ပါဝင် တည်ရှိနေ၏။ အသိပညာသည် ခေါင်း ထဲမှာသာရှိ၏။ သို့မဟုတ် စာအုပ်များထဲ မှာသာရှိ၏ဆိုသော အမြင်မှာ-
““အလုပ်၏အစဉ်””နှင့်ကင်းကွာနေ သော ပညာတတ်များ၏ အမြင်သာလျှင် ဖြစ်၏။
ကုန်ပစ္စည်း အမြောက်အများကို ထုတ်လုပ်နိုင်သည့် ကမ္ဘာလောကကြီးတွင် ဆင်းရဲနွမ်းပါးမှုအား ပယ်ဖျက်ရေးအတွက် သော်လည်းကောင်း၊အားလုံးငြိမ်းချမ်း ပျော်ရွှင်စွာနေနိုင်ကြသည့် ကမ်္ဘာလောက ကြီးတွင် သွေးစုတ်၊ခြယ်လှယ်မှုအား ရှင်း လင်းပစ်ရေးအတွက်သော်လည်းကောင်း အသိပညာအား အသုံးချရေးပြဿနာရှိ ၏။
ဤကမ်္ဘာလောကကြီးအတွင်း၌ မည်သို့သော ဘ၀မျိုးထူထောင်လိုပါသလဲ လူတန်းစားအဖွဲ့အစည်း၏ ဖုံးအုပ်ထား သော ပိုက်ကွန်များကိုဖယ်ရှားပြီးသော အခါ ဤကမ်္ဘာကြီးအား အရပ်သို့ဖန်တီး လိုပါသလဲ။ ဘာပဲဖြစ်ဖြစ် ကမ်္ဘာလော ကကို တော်လှန်ပြောင်းလဲရန်အတွက် အသိပညာကားမရှိဘဲ မဖြစ်နိုင်။
ထို့ပြင် ဤပြောင်းလဲမှုအတွက် တိတိကျကျဖြစ်သောမြင့်မားသော စိတ် ဓာတ်ဆိုင်ရာ အသိတရားများ(နှင့်)ရည် မှန်းချက်များလို၏။
ဤတာဝန်များ ထမ်းဆောင်ရန် အလုပ်သမားလူတန်းစာကို သူ၏ဘ၀ လိုအပ်ချက်များက တွန်းနှင်ပို့ဆောင်နေ ၏။
လယ်သမားလူတန်းစားကို သူ၏ ဘ၀ လိုအပ်ချက်များက တွန်းနှင်ပို့ဆောင် နေ၏။
ဤလူတန်းစားနှစ်ရပ်၏ တရားသ ဖြင့်သော လိုအင်ဆန်္ဒများသည်ကား ဆန့်ကျင်၍ ရကောင်းသော အရာများ မဟုတ်။
စည်သူမြသန်း
Hot News
No comments:
Post a Comment