Friday, November 2, 2012

မန္တလေးတိုက်ရိုက်ခရီးစဉ်အတွက် အဲအေးရှားက ထိုင်းဗီဇာပါ စီစဉ်ပေးနေ

အဲအေးရှားလေကြောင်းလိုင်းက စတင် ပြေးဆွဲနေပြီဖြစ်သည့် မန္တလေး-ဘန်ကောက်ခရီးစဉ်
အတွက် ခရီးသည်များအနေဖြင့် ထိုင်းပြည်ဝင်ခွင့်ဗီဇာကို ကိုယ်တိုင်လုပ်ရန်မလိုအပ်ဘဲ
လေကြောင်းလိုင်းက တာဝန်ယူလုပ်ဆောင်ပေးသည် ဟု သိရသည်။
ပျံသန်းချိန် ၁ နာရီ ၂၅ မိနစ်ခန့်ရှိ မန္တလေး-ဘန်ကောက် ခရီးစဉ်မှာ ရန်ကုန်-ဘန်ကောက် ပျံသန်း
ချိန်ထက်ကြာမြင့်သော်လည်း မန္တလေးဒေသခံများ၊ စီးပွားရေးသမားများ၊ အထက် မြန်မာပြည်သူ
ပြည်သားများနှင့်  မြန်မာ နိုင်ငံကို စိတ်ဝင်စားကြသည့် နိုင်ငံတကာ ခရီးသွားများအတွက်ပါ
အဆင်ပြေ မည်ဖြစ်သည်ဟု  Air Asia Travel & Service Centre မှ Mr. Suravath က
ပြောသည်။
မြန်မာနိုင်ငံကို လာရောက်လည်ပတ်
လေ့လာချင်သော နိုင်ငံခြားသားများ၏ အဓိကစိတ်ဝင်စား
သည့် နေရာမှာ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသရှိ ပုဂံ၊ အင်းလေးစသည့် နေရာများဖြစ်သည့်
အတွက် မန္တလေး -ဘန်ကောက် တိုက် ရိုက်ခရီးစဉ်မှာ အဆင်ပြေပြီး အကုန်အကျလည်း
သက်သာသော ခရီးစဉ် ဖြစ်သည်ဟု ၎င်းက ပြောသည်။
နေပြည်တော်နှင့် ပုဂံလေဆိပ်များသို့လည်း တိုက်ရိုက်ပျံသန်းနိုင်ရန် အစီအစဉ်ရှိပြီး လက်ရှိတွင်မူ
ခရီးသည်ရရှိနိုင်မှုကြောင့် မပြေးဆွဲသေးဟုဆိုသည်။

နွမ်ဘွိုင်း
The Myanmar Times

No comments:

Post a Comment