COM : Enemy Unknown ဂိမ်းဟာ ၁၉၉၄ မှာထွက်ရှိခဲ့တဲ့ Classic
ဂိမ်းတစ်ခုဖြစ်ပါတယ်။ ယနေ့ထက်တိုင် Strategy ပရိသတ်တွေကြားမှာ အမှတ်တရ
ဖြစ်နေကြဆဲဖြစ်တဲ့ UFO : Enemy Unknown ကို ပြန်လည်ဆန်းသစ်ထားတဲ့ Tactical
Role Playing နှင့် Strategy gameplay တို့ပေါင်းစပ်ထားတဲ့
ဂိမ်းအသစ်ဖြစ်ပါတယ်။
အရင် UFO : Enemy Unknows ဂိမ်းတုန်းက
Strategy gameplay ကို အဓိက
အသားပေးခဲ့ပြီး XCOM (UFO : Enemy Unknown) ရဲ့ version အသစ်ကို First
Person Shooter အဖြစ် ပြန်လည်ထုတ်ဝေမည်ဆိုပြီး ၂၀၁၁ တုန်းက
ကြော်ငြာခဲ့ချိန်မှာ မူလ UFO : Enemy Unknown ပရိသတ်တွေနဲ့ Strategy
ပရိသတ်တွေက publisher 2K ကို XCOM အား Strategy ဂိမ်းအဖြစ်ပါ
ပြန်လည်ထုတ်ဝေရန် တောင်းဆိုခဲ့ကြပါတယ်။ တကယ်တမ်းကျတော့ publisher 2K Games
ဟာ ၂၀၀၈ ကတည်းက Strategy ဂိမ်းဖြစ်တဲ့ XCOM : Enemy Unknown ကို
စတင်ရေးဆွဲရန် စီစဉ်ခဲ့ကြပြီး ၂၀၁၂ အစောပိုင်းမှာမှ ပရိသတ်ကို
အသိပေးခဲ့ပါတယ်။ XCOM (First Person Shooter Version) ကိုတော့ ၂၀၁၃
အစောပိုင်းမှာမှ ဖြန့်ချိသွားမှာဖြစ်ပါတယ်။ Tactical Role Playing Strategy
ဂိမ်းဖြစ်တဲ့ XCOM : Enemy Unknown ကတော့ October လထဲမှာ ထွက်ရှိလာပါပြီ။
XCOM : Enemy Unknown ရဲ့ developer ကတော့ Civilization
ဂိမ်းအားလုံးရဲ့ဖန်တီးရှင် Studio Firaxis Games ဖြစ်တဲ့အတွက် gameplay
ပိုင်းကောင်းမကောင်းကတော့ အစကတည်းက ပူစရာမလိုတော့တာ သေချာနေပါပြီ။ Campaign
mode ရဲ့ အဓိကဇာတ်လမ်းကတော့ Alien Invasion ရုပ်ရှင်တွေ
ဇာတ်လမ်းတွေလိုမျိုးပဲ ကမ္ဘာကိုကျူးကျော်လာတဲ့ ဂြိုဟ်သားတွေကို
ပြန်လည်တိုက်ထုတ်ရမှာဖြစ်ပါတယ်။ ကစားသူက Extraterrestrial Combat (XCOM)
လို့ခေါ်တဲ့ နိုင်ငံပေါင်းစုံတပ်ပေါင်းစုမှ အတော်ဆုံးတပ်သားတွေကို
အမိန့်ပေးရမှာဖြစ်ပြီး Ant Farm အမည်ရ XCOM Head Quarter ရဲ့ Research
Facility မှာလည်း လိုအပ်တဲ့လေ့လာမှုများ၊ စမ်းသပ်မှုများကို
ဆောင်ရွက်ရဦးမှာဖြစ်တဲ့အတွက် ရန်သူဂြိုဟ်သားတွေကို အမှန်တကယ်တိုက်ထုတ်ဖို့
ကြိုးပမ်းနေတဲ့ Commander တစ်ယောက်လို ခံစားရမှာပါ။ စိတ်ဝင်စားဖွယ်
အသွင်မျိုးစုံနှင့် အစွမ်းပေါင်းစုံ ပိုင်ဆိုင်ထားတဲ့ ဂြိုဟ်သားနှင့်
၎င်းတို့ရဲ့ စက်ရုပ်များကို တိုက်ခိုက်ရာမှာ Tactical Turn Based RPG
ပုံစံနှင့် ကစားရမှာဖြစ်သလို တိုက်ပွဲတစ်ခုနှင့် တစ်ခုကြားမှာတော့ Strategy
game-play တွေပါဝင်လာတာ တွေ့ရမှာပါ။ တိုက်ပွဲအတွင်းမှ ရရှိလာတဲ့
သယံဇာတတွေနဲ့လိုအပ်တဲ့ Upgrades များ Research Facility များကို
အဆင့်မြှင့်တင်နိုင်သလို ဂြိုဟ်သားများကိုလည်း အရှင်ဖမ်းမိကာ လေ့လာမှုများ
ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ XCOM : Enemy Unknown ရဲ့အဓိက gameplay
ပိုင်းဖြစ်တဲ့ turn based battle တွေ ဆင်နွှဲဖို့အတွက်ကို ကမ္ဘာ့အနှံ့
သွားလာရမှာဖြစ်ပြီး မြေပုံမှတစ်ဆင့် မိမိသွားလိုတဲ့နေရာကို
ညွှန်ပြသွားလာရမှာ ဖြစ်ပါတယ်။ တစ်ပြိုင်တည်းမှာ နေရာပေါင်းစုံက
အကူအညီတောင်းတာ ပေါ်လာရင်တော့ မိမိအတွက် mission တစ်ခုချင်းစီ၏
အကျိုးသက်ရောက်မှုပေါ်မူတည်ပြီး ရွေးချယ်ရမှာဖြစ်ပါတယ်။ Character design
ပိုင်းကိုတော့ ကာတွန်းဆန်ဆန်ဇာတ်ကောင်တွေ ပုံပြုလုပ်ထားပြီး
ဂြိုဟ်သားပုံစံတွေက စိတ်ဝင်စားဖို့ကောင်းတာ တွေ့ရပါတယ်။
မိမိတပ်သားတွေရဲ့ပုံစံကို စိတ်ကြိုက်ပြင်ဆင်နိုင်ပေမယ့် တိုက်ပွဲအတွင်း
ကျဆုံးသွားရင်တော့ အသက်ပြန်ရှင်လာတော့မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ Save File
တစ်ခုတည်းပါဝင်တဲ့ Ironman difficulty option ကလွဲလို့ မိမိအပင်ပန်းခံ
ဖန်တီးထားတဲ့ တပ်သားတွေသေဆုံးသွားရင် Load game နှင့်ပြန်ခေါ်ပြီး
ကစားလို့ရပါတယ်။ Turn based RPG ဂိမ်းတွေပုံစံအတိုင်း တစ်ယောက်တစ်လှည့်
တိုက်ခိုက်ရမှာဖြစ်သလို မိမိတပ်သားတွေရဲ့ Abilities တွေပေါ်မူတည်ပြီး
mission တစ်ခုချင်းစီကို ဂရုတစိုက် ကစားသွားရမှာပါ။ ပုံမှန်ဆိုရင်
Isometric Viewpoint ဖြင့် မြင်ရမှာဖြစ်ပေမယ့် တစ်ဖက်နှင့် တစ်ဖက်
တိုက်ခိုက်တဲ့အခါမှာဖြစ်စေ၊ မိမိတပ်သားတွေ တစ်နေရာမှတစ်နေရာ
ရွေ့နေရင်ဖြစ်စေ Camera Angle များ အပြောင်းအလဲမျိုးစုံဖြင့် ထောင့်စုံမှ
ပြသသွားတာက တိုက်ပွဲတွေကို ကြည့်ရတာ ပိုသွက်လာစေပါတယ်။ XCOM : Enemy
Unknown ဟာ RPG နှင့် Strategy ပရိသတ်အားလုံးနှင့် သင့်တော်သလို Commando
နှင့် Valkyria Chronicles ဂိမ်းများကို နှစ်သက်သူများနှင့်
အထူးသင့်တော်တဲ့ ဂိမ်းကောင်းတစ်ခု ဖြစ်ပါတယ်။
Developer : Firaxis Games
Publisher : 2K Games
Genre : Tactical RPG/Strategy
Platform : PC, PS3, Xbox 360
Release Date : October 12, 2012
Gameplay : 9.5
Story : 7.5
Graphics : 8
Presentation : 9.5
Final Score : 9 out of 10
Internet Journal
No comments:
Post a Comment