ရန်ကုန် စီးပွားရေးတက္ကသိုလ်နှင့် မြန်မာနိုင်ငံ
ဘဏ်သင်တန်းကျောင်းတို့ပူးပေါင်း၍ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးပညာ
မဟာဘွဲ့သင်တန်းကို ဖွင့်လှစ်မည်ဟု သိရသည်။ အဆိုပါသင်တန်းတွင်
ဘဏ်နှင့်သက်ဆိုင်သည့် အကြောင်းအရာများကို အဓိကသင်ကြားပေးသွားမည်ဟုသိရပြီး
စာတွေ့ ၂ နှစ်နှင့် လက်တွေ့သုတေသန ၁ နှစ် စုစုပေါင်း ၃ နှစ်
သတ်မှတ်ထားသည်။ သင်တန်းကို ရန်ကုန်တိုင်းဒေသကြီး ဘဏ်သင်တန်းကျောင်းတွင်
ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး သင်တန်းသားဦးရေ ၅၀ ဦးသာ
လက်ခံသင်ကြားပေးသွားမည်ဟု သိရသည်။ သင်တန်းကို
အသိအမှတ်ပြု
တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားပြီး ဘဏ်လုပ်ငန်းဆိုင်ရာ လုပ်ငန်းအတွေ့အကြုံ
အနည်းဆုံး သုံးနှစ်ရှိသူများ လျှောက်ထားနိုင်သည်။ သင်တန်းလျှောက်လွှာများကို
မြန်မာနိုင်ငံ ဘဏ်သင်တန်းကျောင်းတွင် ထုတ်ယူနိုင်ပြီး နိုဝင်ဘာ ၂ ရက်နေ့
နောက်ဆုံးထား လျှောက်ထားရမည်ဟုသိရသည်။ အသေးစိတ်သိရှိလိုသူများ
မြန်မာနိုင်ငံဘဏ် သင်တန်းကျောင်း၊ အမှတ် ၂၊ စည်ပင်လမ်းသစ်၊
ရန်ကင်းမြို့နယ်၊ ဖုန်း-၀၉-၇၃၂၁၂၈၉၈ သို့ ဆက်သွယ်မေးမြန်းနိုင်သည်။
ကိုဟိန်း
Internet Journal

No comments:
Post a Comment