Thursday, November 1, 2012

ခရီးသွားလုပ်ငန်းဆိုင်ရာ Web Portal

မြန်မာ့ခရီးသွားလုပ်ငန်းတွင် အဆင်ပြေစွာ အသုံးပြုနိုင်မည့် Travel Web Platform တစ်ခုကို စတင်အသုံးပြုနိုင်ပြီဖြစ်သည်။
မြန်မာပြည်တွင်းအခြေစိုက် ထို Web Portal တွင် နိုင်ငံခြားသားဧည့်သည်များအနေဖြင့် ၎င်းတို့၏နိုင်ငံမှပင် အကြွေးဝယ်ကတ်များကို အသုံးပြု၍ Oway Web Platform အတွင်း အရေအတွက် ရာနှင့်ချီရှိသော လေကြောင်းလိုင်းလက်မှတ်များ၊ ဟိုတယ်များ၊ အနားယူရာ နေရာဌာနများ၊ စားသောက်ဆိုင်များနှင့် အခြားဝန်ဆောင်မှုများအား စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ကြောင်း Oway ကုမ္ပဏီမှသိရသည်။


“ဒီ Oway Web Platform မှာ ဟိုတယ်တွေကို ကြိုတင်ဘွတ်ကင်ခ်လုပ်လို့ရမယ်။ တခြားဝန်ဆောင်မှုတွေလည်း အများကြီးပါ။ ကျွန်တော်တို့
အခုလုပ်ငန်းပေါင်း ၁၅၀၀ နဲ့ ချိတ်ဆက်ထားတယ်။ ပြည်တွင်းက ဟိုတယ် ၄၀၀ လောက်ပါတယ်။ နိုင်ငံတကာလေကြောင်းလိုင်းတွေနဲ့လည်း ချိတ်ဆက်ထားတယ်”ဟု Oway ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဦးနေအောင်ကပြောသည်။ ၎င်းကပင်ဆက်လက်၍ ထို Web Platal အနေဖြင့် ပြည်ပခရီးသွားများသာမက မြန်မာ့ခရီးသွားများအနေဖြင့် ခရီးသွားအေးဂျင့်များထံမှတစ်ဆင့် ဈေးနှုန်းကြီးမြင့်မှုကို ရှောင်ရှားနိုင်ရန်နှင့် နိုင်ငံရပ်ခြားရှိ အဆင့်မြင့်ဟိုတယ်များသို့ တိုက်ရိုက်အခန်းကြိုတင်မှာယူနိုင်မည်ဖြစ်သည်။
လာမည့်လအနည်းငယ်အတွင်း Online Banking စနစ်ဖြင့် အသုံးပြုနိုင်ရန် ဧရာဝတီဘဏ်လီမိတက်၊ ကမ္ဘောဇဘဏ်လီမိတက်နှင့် အေဂျီဒီဘဏ်တို့ဖြင့် ချိတ်ဆက်ထားပြီး ယခုလက်ရှိတွင် Oway ၏ ကြိုတင်ငွေပေးကူပွန်များကို Capital , ဂန္ဓမာနှင့် Ruby Mart စသည့် စူပါမားကက်ကြီးများတွင် ၀ယ်ယူနိုင်ကြောင်း သိရသည်။ ထို Web Platal မှာ www.oway.com.mm ဖြစ်ပြီး ခရီးသွားလုပ်ငန်းဝန်ဆောင်မှုများသာမက အခြားဝန်ဆောင်မှုများပါ ပါဝင်သည်။

7Day News

No comments:

Post a Comment