မြန်မာ့သင်္ဘောကျင်းလုပ်ငန်းအား
ဗီယက်နမ်နိုင်ငံမှသင်္ဘောတည်ဆောက်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် Dong A Shipbuilding
industry JSC, Viet- nam ကုမ္ပဏီနှင့် အကျိုးတူပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း
မြန်မာ့သင်္ဘောကျင်းလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကြည်စိုး၏ ပြောကြားချက်အရ
သိရပါသည်။
သို့ဖြစ်၍ မြန်မာ့သင်္ဘောကျင်းလုပ်ငန်းနှင့် Dong A Shipbuilding industry JSC,
Viet- nam တို့ အကျိုးတူပူးပေါင်း၍ ဖက်စပ်ကုမ္ပဏီထူထောင်ရန် မြန်မာနိုင်ငံရင်းနှီး
မြှုပ်နှံမှုကော်မရှင်သို့ ဆက်လက်တင်ပြသွားမည်ဖြစ်ပြီး၊ ခွင့်ပြုချက်ရရှိပြီးပါက
အစိုးရသစ်လက်ထက် ပထမဆုံးနိုင်ငံခြားကုမ္ပဏီနှင့် အကျိုးတူပူးပေါင်းလုပ်ကိုင်သည့်
လုပ်ငန်းဖြစ်လာမည်ဟု သိရသည်။မြန်မာ့သင်္ဘောကျင်းလုပ်ငန်းမှ
အကျိုးတူပူးပေါင်းလုပ်ကိုင်ရန် ရွေးချယ်လိုက်သည့် ဗီယက်နမ်ကုမ္ပဏီသည်
ရင်းနှီးမြှုပ်နှံမှုအချိုးအနေဖြင့် ၄၉ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံသွားမည်
ဖြစ်သည်။
ရင်းနှီးမြှုပ်နှံမှုပမာဏအနေဖြင့် အမေရိကန်ဒေါ်လာ ၈၁ သန်းခန့်
ရင်းနှီးမြှုပ်နှံမှုပြုလုပ်သွားမည်ဖြစ်ပြီး ၂၀၁၃ ခုနှစ်ဘဏ္ဍာရေးနှစ်မှစတင်ကာ
သင်္ဘောကျင်းလုပ်ငန်းများအား
ပူးပေါင်းလုပ်ကိုင်သွားမည်ဖြစ်သည်။
မြန်မာ့သင်္ဘောကျင်းလုပ်ငန်းပိုင် မြေ ၉၁
ဧကပေါ်ရှိ သင်္ဘောကျင်းလုပ်ငန်းများအား ၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ်မှစတင်ကာ
ပုဂ္ဂလိကနှင့်ပူးပေါင်းလုပ်ကိုင်သွားမည် ဖြစ်သည်။
မြန်မာ့သင်္ဘောကျင်းလုပ်ငန်းသည်
မြေဧက ၁၁၉ ဒသမ ၂၄၆ ဧကပေါ်တွင် ရေယာဉ်တည်ဆောက်ရေး၊ ရေယာဉ်ပြင်ဆင်ရေးနှင့် အထွေထွေသံ
ထည်တည်ဆောက်ရေးလုပ်ငန်းများကို နိုင်ငံပိုင်နှင့်ပုဂ္ဂလိကအဖွဲ့အစည်းများအတွက်
ဆောင်ရွက်နေသည့် လုပ်ငန်းတစ်ခုဖြစ်သည်။
၂၀၁၃ ဘဏ္ဍာရေးနှစ်မှစတင်ကာ ပုဂ္ဂလိကနှင့်
ပူးပေါင်းလုပ်ကိုင်သွားမည့်သင်္ဘောကျင်းလုပ်ငန်းမှာလျော လမ်းသုံး
သင်္ဘောကျင်းမြေနေရာဖြစ်သည့် မြေဧက ၉၁ ဧကသာဖြစ်ပြီး၊ ကျန်မြေဧက ၂၈ ဒသမ ၂၃၅ ပေါ်ရှိ
တန်ချိန် ၁၂၀၀၀ ရှိ ရေလုံသင်္ဘောကျင်းလုပ်ငန်းကိုမူ မြန်မာ့သင်္ဘောကျင်းလုပ်ငန်းမှသာ
ဆက်လက်လုပ်ကိုင်သွားမည်ဟု သိရသည်။
ယင်းသို့လုပ်ကိုင်ရခြင်းမှာ အနာဂတ်တွင်
ပုဂ္ဂလိကနှင့်ပူးပေါင်းလုပ်ကိုင်သွားမည့် သင်္ဘောကျင်းလုပ်ငန်းများကို
တိုးချဲ့လုပ်ကိုင်မည်ဆိုပါက မြေနေရာထပ်မံရှာဖွေရန်မလိုဘဲ
လုပ်ငန်းများတိုးချဲ့လုပ်ကိုင်နိုင်ရန်အတွက်ဖြစ်သည်ဟု သိရသည်။
မြန်မာ့သင်္ဘောကျင်းလုပ်ငန်းမှ ယင်းသို့ပုဂ္ဂလိကနှင့်
ပူးပေါင်းလုပ်ကိုင်မည်ဆိုခြင်းမှာ ရင်းနှီးမြုပ်နှံမှု၊ နည်းပညာ Update
ဖြစ်ရန်လိုအပ်မှုနှင့် ဈေးကွက်အရ လိုအပ်ချက်တို့ရှိနေခြင်းကြောင့်ဖြစ်ကြောင်း
သိရသည်။
မြန်မာ့သင်္ဘောကျင်းလုပ်ငန်းသည် ၁၉၇၀ ခုနှစ်မှစတင်ကာ
နိုင်ငံပိုင်လုပ်ငန်းအဖြစ် စတင်လုပ်ဆောင်ခဲ့သည်။ စတင်လုပ်ဆောင်ခဲ့စဉ်တွင်
လျောလမ်းသုံးသင်္ဘောကျင်းအဖြစ်သာ သင်္ဘောများကို ပြုပြင်တည်ဆောက်နိုင်ခဲ့သော်လည်း ၂၀၀၅
ခုနှစ်တွင် တန် ချိန်၁၂၀၀၀ရှိ ရေလုံသင်္ဘောကျင်း အားတိုးချဲ့ဖွင့်လှစ်ခဲ့ကာ
သင်္ဘောကျင်းလုပ်ငန်းများအား လုပ်ဆောင်ခဲ့သည်။
Eleven Media Group
No comments:
Post a Comment