ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ မစ္စတာ ဂျင်ယုံကင်က ““မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော ပြုပြင်ပြောင်း လဲရေးများကြောင့် အထူးဝမ်း မြောက်မိပါတယ်။ မြန်မာနိုင်ငံ အစိုးရကိုလည်း ဤသို့အားထုတ် မှုများကို ဆက်လက်ဆောင်ရွက် ဖို့ရန် အားပေးပါတယ်။ ကျွန် တော်တို့အနေနဲ့လည်း ပြည်သူ များအတွက် ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များ ပေါ်ပေါက်ရေး ကို ဆောင်ရွက်ပေးသွားမည်ဖြစ် ပါသည်”ဟု ထုတ်ဖော်ပြောဆိုခဲ့ပါ သည်။
ယနေ့ ကြားဖြတ်မဟာဗျူ ဟာ အစီအစဉ်ကို
လူထုအခြေပြု အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာ များ ဖွံ့ဖြိုးရေးထောက်ပံ့မှု ညီ နောင်အဖွဲ့အစည်းများ၊ ပညာရှင် များ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ စသည့် သက်ဆိုင်သူ အားလုံးနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးပြီးမှ ရေး ဆွဲခဲ့ခြင်းဖြစ်ပါသည်။ ဤအစီအ စဉ်သည် ကမ္ဘာ့ဘဏ် အဖွဲ့အ၀င် တစ်ခုဖြစ်သော အပြည်ပြည်ဆိုင် ရာငွေရေးကြေးရေး ကော်ပိုရေး ရှင်း (IFC) မှ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးမှုကို အာရုံ စိုက်ဆောင်ရွက်သွားမည်ဖြစ်သည်။
““ကြားဖြတ်မဟာဗျူဟာအ စီအစဉ်သည် မြန်မာနိုင်ငံ၏ နောင်ရေးအတွက် အခြေခံများ ချမှတ်ပေးခြင်းပင်ဖြစ်သည်။နောင် လာမည့် (၁၈)လအတွင်း နိုင်ငံဖွံ့ ဖြိုးမှုအတွက် ရင်ဆိုင်နေရသော အခက်အခဲများကို ကျော်လွှားနိုင် ရန် လွန်စွာကောင်းမွန်သော အ ကြံဉာဏ်များချမှတ်နိုင်လိမ့်မည် ဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် တည်ငြိမ်သော ဘဏ္ဍာရေးစနစ် ဖွံ့ဖြိုးတိုးတက်လာစေရန် ရည် ရွယ်ဆောင်ရွက်သကဲ့သို့ လျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်း၊အခြေခံ အဆောက်အအုံများ ပံ့ပိုးပေး ခြင်း၊ နိုင်ငံ၏ အခြားဒေသများ အတွက် ဆောင်ရွက်သွားနိုင်ရန် စီစဉ်လျက်ရှိခြင်းကြောင့် မြန်မာ လူမျိုးတို့အနေဖြင့် သိသာထင် ရှားသော တိုးတက်မှုများကို တွေ့ မြင်နိုင်လိမ့်မည်ဖြစ်သည်”” ဟု ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဌာနေ ကိုယ်စားလှယ် ကန်သန်ရှန်ကာ က ပြောပါသည်။
နိုင်ငံတော်အဆင့် အမျိုး သားပြည်သူလူထုအခြေပြု ဖွံ့ဖြိုး တိုးတက်ရေး ပရော့ဂျက်အတွက် လိုအပ်သော ထောက်ပံ့ငွေအမေ ရိကန်ဒေါ်လာ သန်း(၈၀)ကို လည်း ဘဏ်အုပ်ချုပ်မှုအဖွဲ့က (၂-၁၁-၂၀၁၂)ရက်ကပင် အ တည်ပြု ပေးလိုက်ပြီဖြစ်သည်။ ယင်းထောက်ပံ့ငွေသည် မြန်မာ နိုင်ငံက ပေးဆပ်ရန်ရှိသည့် ကြေး မြီများမပြေလည်မီ ထုတ်ပေး သော အထောက်အပံ့ဖြစ်သည်။ ဤ ပြည်သူ့အခြေပြုဖွံ့ဖြိုးတိုး တက် ရေး ပရော့ဂျက်များသည် ဆင်းရဲ နွမ်းပါးသော၊ ထိရှလွယ် သော ပြည်သူအစုအဖွဲ့များ အတွက် အမြန်ဆုံး အကောင်း ဆုံးရလဒ်များ ခံစားနိုင်ရန်ဖြစ် သည်။
ဤပရော့ဂျက်သည် ပြည် နယ်တိုင်းဒေသကြီး (၁၄)ခုတွင် မြို့နယ်တစ်ခုကို ရွေးချယ်ကာ စံပြလုပ်ကိုင်ရန် ဖြစ်ပါသည်။ယင်း သို့ ရွေးချယ်ရာတွင် သက်ဆိုင်ရာ မြို့နယ်၏ ဆင်းရဲနွမ်းပါးမှု အနေ အထားကို အဓိကစံအဖြစ်ထား ကာ ရွေးချယ်သွားပါမည်။ ရွေး ချယ်ခံရသော မြို့နယ်ကျေးရွာ များရှိ ဒေသခံပြည်သူများက မိမိ တို့ကိုယ်တိုင် နှစ်သက်သူများကို ကောင်စီတွင် ရွေးချယ်တင်မြောက် ခွင့်ရပါမည်။ ယင်းတို့က မိမိဒေသ အလိုက် လိုအပ်သော ဖွံ့ဖြိုးရေး လုပ်ငန်းများကို ရွေးချယ်ခြင်း၊ ဖွံ့ဖြိုးရေးအစီအစဉ်များ ရေးဆွဲ ခြင်း၊ ယင်းအစီအစဉ်များကို အ ကောင်အထည်ဖော်ခြင်း စသည် ဖြင့် အလုပ်များအား ပွင့်လင်း မြင်သာမှု အပြည့်ဖြင့် တာဝန်ယူ ရပါမည်။ ဒီစီမံကိန်းအတွက် ငွေ ကြေးသုံးစွဲမှုများကို တာဝန်ယူရပါ မည်။
ကမ္ဘာ့ဘဏ်သည် ဂျပန်နိုင်ငံ အစိုးရနှင့် အာရုဖွံ့ဖြိုးရေးဘဏ် ((ADB)) နှင့်လည်း အတူပူးပေါင်း ပြီး ၂၀၁၃ခုနှစ် ဦးပိုင်းတွင် မြန်မာ နိုင်ငံ၏ ကြွေးမြီများ ကိစ္စပြေ လည်အောင်လည်း ဆောင်ရွက် နေကြောင်း သိရှိရသည်။
စိုးဝင်းနိုင်
Hot News
No comments:
Post a Comment