ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ဦးရာရှစ်၏ နှစ်တစ်ရာပြည့် မွေးနေ့အထိမ်းအမှတ် အခမ်းအနားကို နိုဝင်ဘာလ ၅ရက်နေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် ကျင်းပပြုလုပ်ခဲ့ရာ ရာပြည့် အထိမ်းအမှတ် ကျင်းပရေး ကော်မတီက အချက် ၄ ချက်ပါ သဘောထားကြေငြာချက်ကို ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ကြေငြာခဲ့သည့် သဘောထားကြေငြာချက်တွင်
(၁) ၁၉၆၂ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့တွင် စစ်အာဏာရှင် ဗိုလ်နေ၀င်း၏ ရက်စက်ရမ်းကားမှုကြောင့် ဖောက်ခွဲ ဖျက်ဆီးခံလိုက်ရသော တ.က.သ အဆောက်အဦကို မူလနေရာတွင် ပြန်လည်တည်ဆောက်ရေး (၂) ကျောင်းသားသမဂ္ဂများသမိုင်းက
ို ကျောင်းသုံးစာအုပ်တွင် ထည့်သွင်းပြဋ္ဌာန်း၍ သင်ကြားပေးရေး (၃) လက်ရှိဖွဲ့စည်းထားပြီးသော ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာ လှုပ်ရှားဆောင်ရွက်နိုင်ရေး (၄) စစ်မှန်သော အမျိုးသားပြန်လည်သင့်မြတ်ရေးကို အချိန်ဆွဲမနေဘဲ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးရေး စသည်တို့ ပါဝင်သည်။
Eleven Media Group
No comments:
Post a Comment