Monday, November 5, 2012

ရန်ကုန် တက္ကသိုလ် အကြီးစား ပြင်ဆင်

မြန်မာနိုင်ငံ၏ ပထမဦးဆုံး တက္ကသိုလ်ဖြစ်သော နှစ် ၉၀ ကျော် သက်တမ်းရှိ ရန်ကုန် တက္ကသိုလ်ကြီး၏ အထင်ကရ နေရာများဖြစ်သည့် ဘွဲ့နှင်းသဘင်၊ အဓိပတိ လမ်းမကြီးနှင့် ကားရပ်နားရန် နေရာများကို ခေတ်ကာလနှင့် လျော်ညီ စေရန် အကြီးစား ပြင်ဆင် မွမ်းမံမှုများ ဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ထွန်းကThe Voice Weekly သို့ ပြောကြားသည်။
နိုင်ငံတော်က နှစ်ဆ တိုးမြှင့်ပေးသည့် ပညာရေး သုံးစွဲ စရိတ်များနှင့် ပြင်ပမှ စေတနာရှင် အလှူရှင်များ၏ ပံ့ပိုး ကူညီမှုများဖြင့် ပြင်ဆင် မွမ်းမံမှုများ ကို
အင်တိုက်အားတိုက် ဆောင်ရွက် လျက်ရှိကြောင်း၊ ထပ်မံ၍ Center of Excellence ရုံးခန်းဖွင့်လှစ်မည့် စီမံ ဘဏ္ဍာဌာနနှင့် စာသင်ဆောင်များကို လည်း ပြင်ဆင်မွမ်းမံမှုများ ဆက်လက် ဆောင်ရွက်ရန်ရှိကြောင်း ပါမောက္ခချုပ် က ဆိုသည်။
"အဓိကက နိုင်ငံတော်ဘတ်ဂျက် နဲ့ ပြင်တာ။ အပြင် အလှူငွေလည်း ပါတာ ရှိပါတယ်" ဟု ရန်ကုန်တက္ကသိုလ် ဒုတိယ ပါမောက္ခ ဒေါက်တာ ကိုကိုကျော်စိုး က ဆိုသည်။

၂၀၁၁ ခုနှစ်အတွင်းက ပြည်ပ တက္ကသိုလ်များနှင့် ပညာရေးဆိုင်ရာ အဖွဲ့အစည်း ၅၀ ကျော်၏ တာဝန်ရှိသူ များ ပညာရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက် မှုများ ပြုလုပ်နိုင်ရန် ရန်ကုန်တက္ကသိုလ် သို့ လာရောက် ဆွေးနွေးခဲ့ကြကြောင်း ပါမောက္ခချုပ်က ပြောကြားသည်။ ယခုအချိန်တွင် မည်သည့် နိုင်ငံတကာ တက္ကသိုလ်နှင့်မျှ နားလည်မှု စာချွန်လွှာ ချုပ်ဆိုထားခြင်း မရှိသေးကြောင်း၊ John Hopkin တက္ကသိုလ်နှင့် သာ Center of Excellence အတွက် နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့ကြောင်း ဒေါက်တာ ကိုကိုကျော်စိုးက ရှင်းပြသည်။

၁၉၉၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် စိန်ရတု အခမ်းအနား အတွက် ပထမအကြိမ် အကြီးစား ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီးနောက် ယခုအကြိမ် ပြင်ဆင် ခြင်းသည် ၁၉၉၆ ခုနှစ် ဒီဇင်ဘာလ ရန်ကုန် တက္ကသိုလ် ဘွဲ့ကြိုသင်တန်း များ စတင် ပိတ်သည့် နောက်ပိုင်း ၁၇ နှစ်ခန့် အကြာ၌ အကြီးစား ထပ်မံပြန်လည်ပြင်ဆင်ခြင်းဖြစ်သည်။

The Voice Weekly 

No comments:

Post a Comment