Monday, November 5, 2012

ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် နိုဝင်ဘာ ဒုတိယပတ်အတွင်း မြန်မာနိုင်ငံသို့ လာမည်

ပြည်ပြေး ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်သည် နိုဝင်ဘာလ ဒုတိယပတ်အတွင်း မြန်မာနိုင်ငံသို့ အလည်အပတ် လာရောက်မည် ဖြစ်သည်ဟု ၄င်း၏ ဥပဒေ အကြံပေး Noppa-don Pattama ၏အတည်ပြုပြောကြားကြောင်း ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ်သတင်းတွင်ဖော်ပြထားသည်။
ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်၏ မြန်မာနိုင်ငံသို့ အလည်အပတ်ခရီးစဉ်သည် အချို့မီဒီယာများတွင် ဖော်ပြ ထားသကဲ့သို့ နိုဝင်ဘာလ ၁၀ ရက်
၊ ၁၁၇က် မဟုတ်ကြောင်း ၄င်းကပြောကြားသည်။ သက်ဆင်၏ မြန်မာနိုင်ငံ ခရီးစဉ်တွင် မြန်မာ အစိုးရပိုင်းမှ အရေးကြီး ပုဂ္ဂိုလ်များနှင့် တွေ့ဆုံမည် ဖြစ်ပြီး မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ လာရောက်၍ သက်ဆင်ကို တွေ့ဆုံမည့် ထိုင်းနိုင်ငံသားများနှင့်လည်း တွေ့ဆုံ သွားမည်ဖြစ်ကြောင်း ၄င်းက ပြောကြားသည်။
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် တာချီလိတ်မြို့တွင် ရက်အနည်းငယ် နေထိုင်၍ ကောင်းမှု ကုသိုလ်များ ပြုလုပ်ခြင်း၊ ၄င်းကို ထောက်ခံသော ရှပ်နီဝတ်များနှင့် လည်းကောင်း၊ ဖေ့အ်ထိုင်း ပါတီ လွှတ်တော် အမတ်များနှင့် လည်းကောင်း တွေ့ဆုံရန် အစီအစဉ်ရှိကြောင်း သက်ဆင်၏ ဥပဒေအကြံပေး Noppa-don Pattama က ပြောကြားသည်။
သို့သော် ၄င်း၏ ညီမဖြစ်သူ ယင်းလတ်ရှင်နာဝပ်၏ အစိုးရအဖွဲ့ဝန်ကြီး တစ်ဦးဦး သက်ဆင်ကို လာရောက် တွေ့ဆုံဖွယ် ရှိ မရှိကိုမူ မသိပါကြောင်း ၄င်းက ပြောကြားသည်။ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ မြန်မာနိုင်ငံ ခရီးစဉ်နှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များကို သောကြာနေ့တွင် ထိုင်းနိုင်ငံရှိ ဖေ့အ်ထိုင်း ပါတီချုပ်၌ ထုတ်ပြန် ကြေညာမည်ဟု သက်ဆင်၏ ဥပဒေအကြံပေး Noppa-don Pattama က ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment