Monday, November 5, 2012

ရခိုင်-ဘင်္ဂါလီ ပြသာနာအရေးကဲသို့ မဖြစ်ပွားစေရန် မြ၀တီမြို့ရှိ ဗုဒ္ဓဘာသာအဖွဲ့ များ၊ မွတ်စလင်အဖွဲ့များနှင့် ပရဟိတလူမှုရေး အသင်းအဖွဲ့များ စုပေါင်း၍ ညှိနှိုင်းဆွေးနွေး

၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ၊ (၄)ရက်နေ့ နံနက်(၉း၃၀) နာရီ အချိန်တွင် မြ၀တီမြို့ နာရေးကူညီမှု အသင်းရုံး၌ ရခိုင်-ဘင်္ဂါလီ အရေးကိစ္စကဲ့သို့ မဖြစ်ပွားစေရန်အတွက် မြ၀တီမြို့နာရေးအသင်းမှ ဦးဆောင်မှုဖြင့် ဆွေးနွေးညှိနှိုင်းမှု တစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့ရာ ထိုဆွေးနွေးညှိနှိုင်းပွဲသို့ မြ၀တီမြို့ရှိ သာသနာထွန်းကားပြန့်ပွားရေး အဖွဲ့မှ တာဝန်ရှိသူ၊ ပြည်တောင်စုကြံခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီမှ တာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာန၊ ဒုစရိုက်နှိမ်နှင်းရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြ၀တီမြို့ (၈၈)ကျောင်းသားအဖွဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် မီဒီယာအဖွဲ့များ တက်ရောက်ခဲ့ကြသည်။ ညှိနှိုင်းဆွေးနွေးချက်များ အနေဖြင့် မြ၀တီမြို့သည် နယ်စပ်မြို့ ဖြစ်သည်နှင့် အညီ
လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ သွားလာနေထိုင်ကြသည့်အပြင် လက်လုပ် လက်စားအများစုမှာလည်း လူမျိုးပေါင်းစုံ ဖြစ်သည်နှင့် အညီ ကိုယ်အသိစိတ်ဓါတ်နှင့်ကိုယ် ထိန်းသိမ်းနေထိုင်ကြရမည်ဖြစ်သလို စည်းစည်းလုံးလုံး ချစ်ခင်ရင်းနှီးစွာ ညီအကို မောင်နှမ အရင်းသဖွယ် နေထိုင်ဆက်ဆံကြမည်ဆိုရင် မည်သည့်ပြသာနာမှ ပေါ်ပေါက် လာနိုင်စရာ မရှိပါကြောင်း အကယ်၍ အကြောင်းတစ်စုံတရာ တစ်ခုကြောင့် အသေးအဖွဲပြသာနာမှ ပြသာနာကြီးကြီးမားမားမဖြစ်လာ စေရန် တစ်ဖက်နှင့် တစ်ဖက် ဆက်သွက်ညှိနှိုင်းတိုင်ပင်ဆောင်ရွက်၍ ပြသာနာကိုဖြေရှင်းလျှင် အဆင်ပြေမည်ဖြစ်ကြောင်းနှင့် ဆက်သွယ်မှု လွယ်ကူစေရန် အတွက် ဘာသာပေါင်းစုံ ကွန်ရက်အဖွဲ့ ဖွဲ့စည်း၍ ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

မောင်မောင်တင်(မြ၀တီ)
Hot News         

No comments:

Post a Comment