“ကျွန်တော်က ဒဂုံမြို့သစ် (အရှေ့ပိုင်း) ၁၃၃ ရပ်ကွက်မှာ နေထိုင်တဲ့ကုမ္ပဏီဝန်ထမ်းတစ်ဦး ပါ။ နေ့စဉ် တနလာင်္ မှ စနေနေ့ အထိကုမ္ပဏီရှိရာလမ်းမတော်မြို့ နယ် ဗဟိုစည်အိမ်ရာကိုလာရပါ တယ်။ ယခင်က ၁၃၃ ရပ်ကွက်က ၃၆ အဖြူဗိုက်ပူဘတ်စ်ကားကြီး တွေ ၃၆ အနီဒိုင်နာ၊ ၃၆ အစိမ်းဒိုင် နာကားတွေနဲ့ ဘုန်းကြီးကျောင်း ကွေ့မှတ်တိုင်ကိုတဆင့်စီးရပါတယ်။ အဲဒီကနေ ဒဂုံတက္ကသိုလ်ကထွက် တဲ့
၂၁၃ (အထူး) အဓိပတိအ၀ါ၊ ၂၀၅ ကားတွေနဲ့ ရုံးကိုလာရာမှာ ပထမတဆင့် ၁၀၀ ရာခိုင်နှုန်း မြို့ထဲရုံးရောက်အောင် ၂၀၀ ရာခိုင် နှုန်းဆိုတော့၊ ၃၀၀ ရာခိုင်နှုန်း ကုန် ပါတယ်။ ၂၀၁၂ ခုနှစ် သြဂုတ်လကစပြီးအဲဒီကားတွေ မပြေးဆွဲတော့ဘူး။ ကားနံပါတ် ၃၆ အနီး၊ ၃၆ဘတ်အဖြူ(ဗိုက်ပူ) ကားကြီးတွေက နံပါတ်ပြားပြုတ် ပြီး ဘုန်းကြီးကျောင်းကွေ့ အထိအော်ပြီး ဆွဲကြတယ်။ ညဘက်ပြန်ရင်ရုံးမှ ၇-၈ လမ်းဆုံထိ ၂၀၀ ၇-၈ လမ်း ဆုံမှ ၁၃၃ ရပ်ကွက်ထိ ၂၀၀ ပေါင်း ၄၀၀ ပေးစီးနေရပါတယ်။ ၁၃၃ ရပ်ကွက် ၁၂၅ ရပ်ကွက်တွေမှာ လက်လုပ်လက်စားတွေနဲ့ အစိုးရ ၀န်ထမ်းများသာနေထိုင်ကြပါတယ်။ အဲဒါကြောင့် လိုင်းကားများကို ၁၃၃၊ ၁၂၅၊ ၁၂၂၊ ၁၂၄၊ ၁၅၆၊ ရပ်ကွက်အထိရောက်အောင်တိုးချဲ့ ပြေးဆွဲပေးစေချင်ပါတယ်”ဟု ကုမ္ပဏီဝန်ထမ်းတစ်ဦးကပြော သည်။
၎င်းရပ်ကွက်များတွင် ကား ကြီးများမှာ နိုဝင်ဘာလဆန်းအထိ သတ်မှတ်ပြေးဆွဲခြင်းမရှိသေးဘဲ ညဘက်တွင်အောက်ဆိုက်ကား များအဖြစ်သာပြေးဆွဲနေကြောင်း သိရသည်။
ဖိုးသာထူး(ရွာသာကြီး)
Hot News

No comments:
Post a Comment