အပိုအယူ Upload Downloadများတွင် သုံးစွဲသော ဒေ တာပမာဏMB အပေါ် ပြောင်း လဲကောက်ခံသွားမည်ဟုသိရ သည်။ ကျွမ်းကျင်သူများ၏ သုံး သပ်ချက်များအရ အင်တာနက် ကော်နရှင်မကောင်းတဲ့အချိန်များ မှာ သုံးစွဲချိန်အပေါ် ကောက်ခံ တော့ ဂျီမေးလ်၊ အီးမေးလ် တစ် စောင်ပို့ရန် အကြာကြီးလုပ်ရလျင် ငွေအများကြီးကုန်တာပေါ့။ ယခု လို ကြာချင်ကြာ၊ မကြာချင်နေ သုံးစွဲတဲ့ ဒေတာအပေါ်မှာ သာကောက်ခံရင် သုံးစွဲသူအတွက် သက်သာနိုင်ပါတယ်။ ဒါပေမဲ့ သူ တို့ကDATA အပေါ် ကျသင့်ငွေ ကောက်မည့်နှုန်းကိုတော့ ကြည့် ရပါဦးမည်ဟု ပြောပြပါသည်။ DATA အပေါ် ကောက်ခံသော် လည်း ကောက်ခံမည့် နှုန်းထား များခဲ့လျင် ဘာမျှ မထူးနိုင်ဟု လည်း ရှင်းပြပါသည်။ ယခုအခါ မြန်မာနိုင်ငံတွင်း ပြည်သူများ သုံး စွဲနေသော အင်တာနက် မိုဘိုင်း ဖုန်းများမှာ တဖြည်းဖြည်း သုံးစွဲ သူများပြားလာခဲ့ပြီးနောက် လိုင်း ကျပ်မှုများကြောင့် အင်တာနက် ကော်နက်ရှင် သယ်ပို့ လမ်းကြောင်းများတွင်(မြို့ တွင်း ကားလမ်းများ လမ်ကြောင်း ပိတ်ဆို့မှုများတွင် မော်တော်ယာဉ် များ ဖြည်းဖြည်းသာ သွားလာနိုင် သကဲ့သို့) အင်တာနက် ဆက် ကြောင်းများ နှေးကွေးလေးလံနေ သည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်ကြောင်းနှင့် သုံးစွဲသူများ၏ စိတ်ပျက်ပြီး ညည်းညူသံများကို လည်း မြန်မာနိုင်ငံဒေသအစုံမှာ ကြားသိနေခဲ့ရသည်။ ပြီးခဲ့သည့် ရက်ပိုင်းကလည်း မြန်မာနိုင်ငံအင် တာနက်လိုင်းများ မြန်နှုန်းမြှင် တင်ရန်Japan နိုင်ငံ အကူအညီ ဖြင့် (ဆီးဂိမ်း)အမီ ၁၀GBထိ မြှင့်တင်မည့်အစီအစဉ်တစ်ရပ် ဆောင်ရွက်မည်ဟုလည်းကြားသိ ထားပါသည်။
ဥယျာဉ်မှူး
Hot News

No comments:
Post a Comment