“အခု ဆိုင်ခန်းအသစ်တွေက တစ်ခန်းကို တစ်လ (၁၂၀၀၀) ကျပ်၊ စည်ပင်က (၉၀၀၀) ကျပ် ဆိုပေမဲ့ အဲဒီကို ပြောင်းရင်အခု ရောင်းတဲ့ ဈေးဆိုင်အနေအထား နဲ့က နှစ်ခန်းယူရမှာဆိုတော့ တစ် လထဲ (၃၃၀၀၀) ကျပ်လောက်ဖြစ် နေတယ်။ ဆိုင်ခန်းက ခဏခဏ ကိုပြောင်းနေရတာ။ အခုနေရာက အဆင်ပြေတယ်။ ဂေါပကတစ်ဖွဲ့ တက်လာရင်တစ်မျိုးပြောင်းတယ် ဆိုတော့
အခုဆိုင်ခန်းနေရာအသစ် ကလည်း မယုံရဲဘူး။ တစ်မင်းတက် ရင် တစ်မျိုးဖြစ်နေတာ။ အဲဒီ အသစ်ဆောက်ထားတဲ့ ဆိုင်ခန်း နေရာမှာ အရင်က ရောင်းခဲ့ဘူး တယ်။ မြစ်ကမ်းအလှတို့ ဘာတို့ နဲ့ ပြောင်းခဲ့ရတယ်။ ဈေးဆိုင်တွေ ဆိုတော့ အနည်းနဲ့ အများတော့ ညစ်ပတ်မှုရှိမှာပဲ။ ပြီးတော့ တာတမံရဲ့ အပေါ်စောင်းမှာဆို တော့ ပြောင်းပြီးမှ ကြွက်ဖောက် တယ်ဆိုပြီး လုပ်ရင်ခံရဦးမယ်”ဟု ဦးပါရဲဘုရားရှေ့မျက်နှာချင်းဆိုင် တွင် ရောင်းချနေသောဒေါ်ဝင်း ဆိုင်ကဆိုသည်။
“အခုအသစ်ဆောက်တဲ့ ဆိုင်ခန်းက ဘေးအကာမရှိဘူး။ လုပ်ချင်ရင် ကိုယ့်ဖာသာလုပ်ရ မယ်။ ဂေါပကအဖွဲ့ကို လျှောက် လွှာတင်ရမယ်တဲ့။ ရောင်းနေတဲ့ ဆိုင်အများစုက အစားအသောက် ဆိုင်တွေများတယ်။ မနက်သယ် ညပြန်သိမ်းလို့လွယ်တာမဟုတ်ဘူး။ အခုက ဆိုင်ကိုရွှေ့ဖို့လဆန်း (၂) ရက်နေ့ချိန်းတယ်။ အဲဒီရက်တွေ က ပွဲတော်ရက်ဆိုတော့ လဆန်း (၁) ရက်နေ့ ညအထိက ရောင်း နေရတုန်း။ အဲဒါမိုးလင်းတော့ ဂေါပကအဖွဲ့က ၀ါးတွေနဲ့ မနက် အစောကြီးလာခြံခတ်သွားတာ။ ခြိမ်းခြောက်တာလားမသိဘူး။ အခုလောလောဆယ်ဆိုင်မပြောင်း ရအောင်နဲ့ ခြံခတ်ခံရတဲ့ကိစ်္စကို ခရိုင်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးထံ တင်ပြထားပါတယ်”ဟု ယင်းနေရာ တွင် ဈေးရောင်းချနေသူတစ်ဦး ကပြောသည်။ ဆိုင်ခန်းဟောင်း ဖွင့်လှစ်ရောင်းချသောနေရာသည် ယခင် ဦးပါရဲဘုရားဂေါပကအဖွဲ့ မှ ချထားသတ်မှတ်ပေးခဲ့ခြင်းဖြစ် ကာဘုရားကြီးမှ လျှပ်စစ်မီးသုံးစွဲ သည့်အတွက် မီးချောင်းတစ် ချောင်းကိုတစ်လလျှင် (၃၀၀၀ ကျပ်)နှင့် စည်ပင်ဈေးကောက် (၉၀၀၀ကျပ်)သာ ပုံမှန်ပေးသွင်း ခဲ့ရကြောင်း၊ အကြိမ်ကြိမ်ပြောင်း ရွှေ့ခံခဲ့ရခြင်းဖြင့် ယခုတည်ရှိရောင်း ချနေသောနေရာသို့ရောက်ရှိခဲ့ရ ပါကြောင်း၊ ဆိုင်ခန်းဟောင်းနေ ရာတွင် ရောင်းချနေသူများက ဆိုပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံး တာဝန်ရှိသူတစ်ဦးအား မေးမြန်း စုံစမ်းရာ “ဆိုင်ခန်းက ဂေါပကအဖွဲ့ အစီအစဉ်နဲ့လုပ်ခဲ့တာဆိုင်ခန်း တွေကို သူတို့ဖာသာပဲစီမံတာဖြစ် မှာပါ။ ဆိုင်ခန်းအသစ်အတွက် လည်း ခွင့်ပြုထားတာမရှိသေးပါ ဘူး။ ခြံခတ်ခံရတဲ့ကိစ်္စက တိုင်စာ ရောက်နေပြီဆိုတော့ ဆက်လက် ဆောင်ရွက်သွားမှာပါ”ဟု ဖြေကြား သွားသည်။
အဆိုပါ ဆိုင်ခန်းများပြောင်း ရွှေ့ ရေးအငြင်းပွားမှုများရှိခဲ့ပြီး အစည်းအဝေးများကို ယခင်က ခေါ်ယူရှင်းလင်းခဲ့ရာတွင် လက်ရှိ ရောင်းချနေသောနေရာဟောင်း သည် အာမခံချက်မရှိကြောင်းနှင့် အသစ်ဆောက်ထားတဲ့ ဆိုင်ခန်း နေရာမှာဆိုရင် တာဝန်ယူနိုင် ကြောင်း ဂေါပကအဖွဲ့က ပြောဆို မှုကို တက်ရောက်ခဲ့သူများက ပြန်ပြောပြသည်။
အဆိုပါဟင်္သာတမြို့ရှိဦးပါရဲ ဘုရားရှေ့မျက်နှာချင်းဆိုင်အစိုးရ မြေပေါ်တွင် ယခင်ဘုရားဂေါပက အဖွဲ့က ချထားပေးခဲ့သောဈေး ဆိုင်တန်းများကို နိုဝင်ဘာလ (၁) ရက်နေ့ နံနက်အစောပိုင်းတွင် ဂေါပကအဖွဲ့အသစ်မှ ၀ါးတန်းများ ဖြင့် ကာရံ၍ ခြံခတ်ထားခဲ့ပြီး နောက်နိုဝင်ဘာလ (၂) ရက်နေ့ တွင် ဆိုင်ခန်းကာရံခံရသူများနှင့် ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ထံ တင်ပြတိုင်ကြားခဲ့ပြီး နိုဝင်ဘာ လ (၃) ရက်နေ့တွင် အဆိုပါ ဘုရားအဂေါပကအဖွဲ့မှ ပေးပို့ခဲ့ ကြောင်း ဈေးဆိုင်ရောင်းချသူများ ထံက သိရှိရသည်။
အောင်ကိုခန့်(ဥပဒေ)
Hot News

No comments:
Post a Comment