Monday, November 5, 2012

အသေးစားအလတ်စားစက်မှုလုပ်ငန်းများအတွက် ချေးငွေရရှိမှုအားနည်းနေ

ပြည်တွင်းရှိအသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်း (SME) များအတွက်ချေးငွေရရှိမှုအားနည်း  နေကြောင်း စက်မှုလုပ်ငန်းရှင် အသင်းမှ တွဲဖက်အတွင်းရေးမှူး ဦးအေးထွန်းကပြောသည်။
“စက်မှုဘဏ်ကချေးငွေပေး တာရှိတယ်။ တိုးတက်မှုရှိတယ်။ထိ ရောက်မှုကတော့လို့သေးတယ်။ အများကြီးလုပ်ရဦးမယ်”ဟု ၎င်းက  ဆက်ပြောသည်။
အဆုပါ SME လုပ်ငန်းများ အတွက် မြန်မာ့စက်မှု၊လက်မှုဖွံ့ဖြိုး  ရေးဘဏ်တစ်ခုတည်းကသာချေး ငွေချထားပေးခြင်းဖြစ်ပြီး ပုဂ္ဂလိက  ဘဏ်များက ချေးငွေကိုစတင်နိုင်  ခြင်းမရှိသေးကြောင်း သိရသည်။
“အခု လတ်တလောကတော့  ဒီပုဂ္ဂလိကဘဏ်တွေက မစနိုင် သေးဘူး။ နောက်ပိုင်းတော့လည်း   စနိုင်မယ်လို့ထင်ပါတယ်။ နောက် ချေးငွေကိုဒီထက်ပိုတွင်တွင်ကျယ်ကျယ်
လုပ်ပေးနိုင်မယ့်အနေအထား  မျိုးရှိရင်ရှိမှာပေါ့။ ပြည်ပဘဏ်တွေ  က နေအတိုးနှုန်းအသင့်တင့်နဲ့ ချေးဖို့လုပ်ပေးမယ်လို့ကြားတယ်။  အဲဒါကိုလုပ်နေတယ်”ဟု အထက် ပါတွဲဖက်အတွင်းရေးမှူးကပြော သည်။
မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုးရေး ဘဏ်တွင် လုပ်ငန်းစဉ်တင်ပြ၍  သော်လည်းကောင်း၊ အပေါင် ပစ္စည်းဖြင့်သော်လည်းကောင်း ချေးငွေလျှောက်ထားနိုင်ကြောင်း သိရသည်။
“ကျွန်တော်တို့ပုဂ္ဂလိကဘဏ် တွေအနေနဲ့ကတော့ လိုအပ်ရင် ဒီ SME တွေအပေါ်ချေးငွေပေး နိုင်မယ့်အခြေအနေမှာရှိပါတယ်။  ဒါပေမဲ့ ဗဟိုဘဏ်ရဲ့ခွင့်ပြုပေါ်မှာ မူတည်တယ်။ အခုထိတော့ ခွင့်ပြု  ချက်မရသေးဘူး”ဟု အာရှစိမ်းလန်း  မှုဖွံ့ဖြိုးရေးဘဏ်မှ အုပ်ချုပ်မှု ဒါရိုက်တာဦးရဲမင်းဦးက ယခုလ  ပိုင်းအတွင်း ဗဟိုဘဏ်၌တွေ့ဆုံ စဉ်ပြောကြားခဲ့သည်။
“ဒါကတော့ သူတို့ဗဟိုဘဏ် နဲ့ ညှိရမယ်ထင်တယ်။ ဒါကို ဗဟို   ဘဏ်ကလည်း ခွင့်ပြုဖို့လိုတာပေါ့။ နောက်ဆုံးလုပ်မှာပါပဲ။ ချေးငွေ ကတော့ ဒီ SME လုပ်ငန်းတွေ အတွက် အရေးကြီးတဲ့အချက်တစ် ခုပေါ့။ ဘာလိုဆို Financing ရှိမှ လည်း လုပ်ငန်းတွေကတိုးတက်မှာ” ဟု အဆိုပါတွဲဖက်အတွင်းရေးမှူးက  ထပ်လောင်းပြောကြားသည်။
မြန်မာနိုင်ငံသည် အာဆီယံ  အသေးစားနှင့် အလတ်စားစက်မှု ဇုန်ဖွံ့ဖြိုးရေးဘဏ်တွင် အဖွဲ့ဝင် အဖြစ်ပါဝင်ထားသော်လည်း ၎င်း ဘဏ်မှငွေချေးယူခွင့်မရရှိသေး ကြောင်း မြန်မာ့အရှေ့တိုင်းဘဏ် မှ ဥက္ကဋ္ဌတစ်ဦးကလည်းပြော  သည်။
“ဒါကိုမစနိုင်သေးဘူးပေါ့။ ဒါပေမဲ့ အာဆီယံမှာ မြန်မာက တတ်တတ်ကြွကြွပါလာပြီ။ ၂၀၁၄ မှာလည်း အာဆီယံဥက္ကဋ္ဌရာထူး တာဝန်တောင်ယူရဦးမှာဆိုတော့ ဒီထဲတွေမှာပါဝင်လာပြီဆိုရင် ဒီအကူညီတွေရောက်လာတော့မှာ  ပါ”ဟု ၎င်းကပြောသည်။
အသေးစားနှင့် အလတ်စား  စက်မှုလုပ်ငန်းများအတွက် ဖွံ့ဖြိုး  ရေးဘဏ်များလိုအပ်နေပြီး။ လက်ရှိပြည်တွင်း၌ လုပ်ငန်းလည်  ပတ်နေသည့်ကူးသန်းရောင်းဝယ်ရေး ဘဏ်များအနေဖြင့် ယင်းကိုလုပ် ကိုင်နိုင်သည့်အခြေအနေတွင်မရှိ သေးကြောင်း ဘဏ်လုပ်ငန်းကျွမ်း  ကျင်သူတစ်ဦးကဆိုသည်။
အဆိုပါဖွံ့ဖြိုးရေးဘဏ်လုပ်ငန်း များကို နိုင်ငံတော်အစိုးရမှ တာဝန်ယူလုပ်ကိုင်လေ့ရှိကြောင်း သိရသည်။ အာရှဖွံ့ဖြိုးရေးဘဏ်၊ ကမ္ဘာ့ဘဏ်ကဲ့သို့အပြည်ပြည်ဆိုင် ရာအဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ အကူညီအထောက်ပံ့ရယူပြီး ပြည်တွင်း၌ စွမ်းအင်ရှိမည့်လုပ်ငန်း  များကို စိစစ်ကာငွေကြေးပြန်လည်  ထောက်ပံ့ကြောင်း အထက်ပါပုဂ်္ဂိုလ်   ကရှင်းပြသည်။
“အသေးစားစက်ရုံလေးပဲဖြစ်  ဖြစ်၊ အလတ်စားစက်ရုံလေးပဲဖြစ် ဖြစ်ထောင်ရမယ်ဆိုရင် နှစ်ရှည် ရင်းနှီးမြှုပ်နှံဖို့လိုတယ်။ နှစ်ရှည်ငွေ အထောက်အပံ့လိုတယ်။ အဲဒါ  ကိုကျတော့လက်ရှိရှိနေတဲ့ ကူသန်း  ရောင်းဝယ်ရေးဘဏ်တွေကမလုပ် နိုင်ကြဘူး။ သူတို့လက်ခံထားတာ ကလတိုအပ်ငွေတွေ၊ တစ်ဖက်မှာ သူတို့ပေးထားရမှာက ၅ နှစ်၊ ၁၀ နှစ်နဲ့ အထက်နှစ်ရှည်ပေးမယ်ဆို ရင်တစ်ဖက်က ငွေလိုလို့လာထုတ် တဲ့အခါကျရင်ချေးငှားထားတဲ့ ငွေကို ပြန်ယူရတာတွေရှိမယ်။ ဒီတော့ အဆင်မပြေဘူး။ ဒီ SME  တွေ တကယ်ဖွံ့ဖြိုးချင်ရင်သီးခြား အဖွဲ့စည်းအနေနဲ့ ရှိမယ့်ဖွံ့ဖြိုးရေး ဘဏ်တွေထူထောင်ဖို့လိုပါတယ်” ဟုဘဏ်လုပ်ငန်းကျွမ်းကျင်သူက ပြောကြားသည်။

ရာဇာဦး
Hot News

No comments:

Post a Comment