ဆန္ဒထုတ်ဖော်ပွဲတွင် ဦးစီး ဆောင်ရွက်ပေးနေသူဦးအေးပိုင် မှ အစီအစဉ်များပြောင်းသွားရ ခြင်းနှင့် ပတ်သက်၍ “စီတန်းလှည့် လည်ရာလမ်းကြောင်းသည်ယာယီ ဈေးအတွင်းပါဝင်နေခြင်း၊ ယာဉ် သွားယာဉ်လာများပြားခြင်း၊ လူ နေအိမ်များနှင့် နီးစပ်နေခြင်း၊ စုဝေးဆန္ဒထုတ်ဖော်ခြင်းမပြုရန် ကန့်သတ်ထားသောနေရာတွင် ပါဝင်နေခြင်း၊ အဲဒီအချက် (၄) ချက်
နဲ့ ငြင်းပယ်ပါတယ်။ မြို့နယ်ရဲတပ် ဖွဲ့မှူးဆီကနေ နိုဝင်ဘာ ၁ ရက်နေ့ မှာ ပြန်စာရပါတယ်၊ နိုဝင်ဘာ ၂ ရက်နေ့ နံနက် ၉း၀၀ နာရီမှာ မြို့နယ်အုပ်ချုပ်ရေးမှူးက ကျွန်တော်ကိုမြို့နယ်အုပ်ချုပ်ရေး မှူးရုံးကို ဆင့်ခေါ်ပါတယ်။ မူလ ပယ်လိုက်သည့်အမိန့်အားအယူခံ မတက်တော့ပဲ၊ ချီတက်ရာလမ်း ကြောင်း၊ ဆန်္ဒထုတ်ဖော်မည့်နေရာ များအား ပြင်ဆင်ရန်ညှိနှိုင်းလာ တယ်။ နိုဝင်ဘာ ၃ ရက် နံနက် ၉း၀၀ နာရီမှာ ပြင်ဆင်လမ်းကြောင်း ကို ထပ်တင်ပါမယ်၊ ကြာသပတေး နေ့မှာတော့ ပြန်စာလာပါမယ်။ ညှိနှိုင်းချက်အရတော့ နိုဝင်ဘာ ၁၀ ရက်နေ့လည် ၂း၀၀ နာရီမှာ ဆန္ဒထုတ်ဖော်ဖို့သဘောတူညီခဲ့ပါ တယ်”ဟု ဆန္ဒထုတ်ဖော်ပွဲပြင်ဆင် ပြောင်းလဲသွားခြင်း၊ ပလပ်ရခြင်း နှင့် ပတ်သက်၍ရှင်းပြခဲ့သည်။
ဆန္ဒထုတ်ဖော်မည့် လမ်း ကြောင်းများမှာ ပြောင်းလဲမှုရှိမည် ဟု သိရပြီး ပြောင်းလဲသွားသည့် နေရာများမှာ စီဘဘောက် (၁) လမ်းထိပ်မှစ၍ စိန်ပိန်းလမ်းမ အတိုင်းစီ (၁၄) လမ်းထိပ်အထိ ၎င်းမှ ကျွန်းရွှေဝါလမ်းမကြီးအတိုင်း ပိတောက်ကွေ့အထိ၊ ထိုမှတဆင့် ဘီဘလောက်ပိတောက်လမ်းအတိုင်း ထိန်လင်းဆေးခန်းဘေးလမ်းသွယ် မှ တစ်ဆင့်ယုဇနဥယျာဉ်မြို့တော် မုဒ်ဦးအထိ၊ မုဒ်ဦးမှနောက်ကြောင်း ပြန်လည်၍ စီဘလောက်ယာယီ ဘောလုံးကွင်းတွင် ဟောပြောပွဲ ပြုလုပ်မည်ဖြစ်သည်ဟုသိရသည်။
နေမင်းညို
Hot News

No comments:
Post a Comment