Monday, November 5, 2012

ဘင်္ဂါလီလူမျိုးကိုလည်း သန်းခေါင်စာရင်းကောက်မည်

အထောက်အထားပြနိုင်သော   ဘင်္ဂါလီလူမျိုးများကိုပြည်လုံးကျွတ်  သန်းခေါင်စာရင်းကောက်ယူမှုတွင်   ထည့်သွင်းမည်ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။
“အထောက်အထားရှိတယ်ဆို တာက ယခင်တည်းကမှတ်ပုံတင်  ရှိတဲ့ ဘင်္ဂါလီလည်းရှိမှာပဲ။ ဥပဒေ  အရဖြစ်လာတဲ့ နိုင်ငံသားပေါ့။ ဘာမျှမရှိတဲ့ လူလည်းရှိမှာပဲ။ ဘာမျှမရှိတဲ့လူက ဒီနိုင်ငံမှာ မွေး၊ ဒီနိုင်ငံမှာ ကြီးလာတာမှန်လျှင်ဒါဆို  တစ်မျိုးပေါ့။ ဘာမျှအထောက် အထားမရှိဘူး။ခိုးဝင်လာတာဆိုရင် တော့ အဖမ်းခံရမှာဘဲ။ ကျွန်တော်   အထင်တော့အဲလိုကောက်လိုက်ပြီ ဆိုလျှင် ဒီလူတွေကလည်း ပြန်ထွက်  ပြေးမှာပဲ”ဟု လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးဦးခင်ရီက  အောက်တိုဘာလ ၂၇ ရက်နေ့၌  ပြောကြားသွားခဲ့သည်။
လွတ်လပ်ရေးမရစဉ်တည်းက 
မြန်မာနိုင်ငံ၌ နေထိုင်ကြောင်း အထောက်အထားပြနိုင်သော ဘင်္ဂါလီလူမျိုးကိုသာ သန်းခေါင် စာရင်းကောက်ယူမည်ဖြစ်ပြီး၊ ယခုနောက်ပိုင်းမှ ခိုးဝင်လာသူများ  ကို လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ  ဖြင့် အရေးယူသွားမည်ဟု ပြည်ထောင်စုဝန်ကြီးကဆိုသည်။
လတ်တလောတွင် ဘင်္ဂါလီ  လူမျိုးအများစုတည်ရှိနေသည့် ရခိုင်ပြည်နယ်အတွင်းပဋိပက္ခဆက် လက်ဖြစ်ပွားလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ ယင်းကဲ့သို့ သို့တစ်ကျော့ပြန်ဖြစ်ပွားလာသည့် ပဋိပက္ခကြောင့် ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၁ ရက်မှ အောက်တိုဘာလ ၃၀ ရက် ထိသေဆုံးသူ ၈၉ ဦး၊ ဒဏ်ရာရ သူ ၁၃၆ ဦး၊ မီးလောင်ပျက်စီးသည့် လူနေအိမ် ၅၃၅၁ လုံးနှင့် လူဦး ရေ ၃၂၂၃၁ ဦး အိုးမဲ့အိမ်မဲ့ဖြစ် ပေါ်ခဲ့ကြောင်း နိုင်ငံတော်သမ္မတ ရုံးမှ သတင်းထုတ်ပြန်ထားသည်။

ရာဇာဦး
Hot News

No comments:

Post a Comment